Lifestyle: တစ်နှစ်တာအတွင်း ရေပန်းစားခဲ့သမျှကို တင်ဆက်ထားတဲ့ ဗီဒီယို

စိတ်ကို ကြည်နူးသွားစေနိုင်တဲ့ အဖြစ်အပျက်လေးတွေကို ခံစားမိမှာပါ။

 

 

၂၀၁၆ ခုနှစ်အတွင်း YouTube ပေါ်မှာ လူကြိုက်များရေပန်းစားခဲ့တဲ့ အကြောင်းအရာတွေကို ပြန်လည်စုစည်းကာ ဗီဒီယိုအဖြစ် ဖန်တီးထားတာဖြစ်ပါတယ်။ ဒီဗီဒီယိုကို YouTube Rewind ဆိုတဲ့ခေါင်းစဉ်နဲ့ တင်ထားတာဖြစ်ပါတယ်။

play

 

ဗီဒီယိုတွေ၊ လူတွေအကြောင်း၊ ဂီတနဲ့ ရုပ်ရှင်အပါအဝင် ရေပန်းစားခဲ့သမျှ အားလုံးကို ပေါင်းစပ်ထည့်သွင်းထားတာ တွေ့ရပါတယ်။ အနုပညာကြေးအမြင့်ဆုံးဖြစ်တဲ့ မင်းသားကြီး ဒွိန်းဂျွန်ဆင်ပုံရိပ်နဲ့အတူ ဂျက်စတင်ဘီဘာရဲ့ Sorry သီချင်းနောက်ခံနဲ့ အစပျိုးထားပါတယ်။ အဲဒီနောက်မှာတော့ တစ်နှစ်အတွင်း ရေပန်းအစားဆုံးမိုဘိုင်းဂိမ်းဖြစ်တဲ့ Pokemon Go ဂိမ်းဆော့တာတွေ၊ Mannequin Challenge ၊ PPAP သီချင်း၊ The Chainsmokers ရဲ့ နာမည်ကျော် Closer ၊ Fifth Harmony အဖွဲ့ရဲ့ Work From Home သီချင်းနဲ့ ရိုက်ကွင်းပုံရိပ်တွေကို တစ်ခုချင်းစီ ဆက်စပ်ဖော်ပြသွားပါတယ်။

play

 

ဒါတင်မကသေးပါဘူး ဆယ်လီတွေရဲ့ အဝတ်မဲ့ဖယောင်းရုပ်တွေကြောင့် နာမည်ကျော်သွားတဲ့ ကာညေးဝက်စ်ရဲ့သီချင်း၊ Captain America : Civil War ရုပ်ရှင်တို့လို တစ်နှစ်တာအတွင်း လူကြိုက်များ အောင်မြင်ခဲ့သမျှအကြောင်းအရာတွေကို စုံစုံလင်လင်နဲ့ ထည့်သွင်းဖန်တီးထားပုံက ကြည့်မိသူတိုင်း နှစ်သက်မှာ အသေအချာပါပဲ။

Source : YouTube

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ