Lifestyle: အရိုးစုသာကျန်တော့တဲ့ ခန္ဓာကိုယ်ကနေ အကိတ်ဖြစ်အောင် ပြောင်းလဲနိုင်ခဲ့သူ

ကျန်းမာတဲ့ခန္ဓာကိုယ်ကို ပြန်လည် ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

play

 

ပိန်ချင်ဇောနဲ့ အစားတွေ လျှော့စားရာကနေ အစာစားချင်စိတ်ပျောက်ပြီး ၆၃ ပေါင်သာကျန်တဲ့အထိ ပိန်ချုံးသွားခဲ့တာ ဖြစ်ပါတယ်။

ငယ်စဉ်က အားကစားလုပ်ရတာ ဝါသနာပါခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် သြစတြေးလျနိုင်ငံသူလေး ဆိုဖီဟာ တက္ကသိုလ်တက်ချိန်မှာ ဖိအားတွေကြောင့် လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရတော့ဘဲ ကိုယ်အလေးချိန် ၁၀ ပေါင်ကျော်ကျော် တက်သွားခဲ့ပါတယ်။

play

 

လှပတဲ့ကိုယ်လုံးရချင်ဇောနဲ့ အစားအသောက်ကို စိစစ်ကာ လေ့ကျင့်ခန်းတွေ အပြင်းအထန်လုပ်ခဲ့ပါတယ်။

သူမရဲ့ ကြိုးပမ်းမှုကြောင့် တစ်နှစ်အတွင်းမှာပဲ ၁၁၉ ပေါင်ရှိတဲ့ သူမရဲ့ကျန်းမာတဲ့ ခန္ဓာကိုယ်ဟာ ထက်ဝက်ကျသွားခဲ့ပြီး သူမရဲ့ မမှန်ကန်တဲ့ ဝိတ်ချနည်းကြောင့် အသည်းပျက်စီးကာ အရိုးပွရောဂါပါ ဖြစ်ခဲ့ပါတယ်။ ဆံပင်တွေလည်း ကျွတ်လာခဲ့ပါတယ်။

play

 

"ကြွက်သားတွေလည်း မရှိတော့ဘူး။ သန့်စင်ခန်းသွားဖို့တောင် မထနိုင်ဘူး။ ရှူးဆိုရင် ဒီအတိုင်းပဲ ပေါက်ချပြီး၊ အမေ ဒါမှမဟုတ် ကျွန်မရည်းစားက သန့်ရှင်းပေးရတယ်" လို့ သူမက ဆိုပါတယ်။

play

 

အခုတော့ နေ့စဉ် ဆလပ်ရွက်စားပြီး အဆီများတဲ့ အစားအစာတွေကို ရှောင်နေတာမျိုး မလုပ်တော့ဘဲ ဆိုဖီဟာ အခုတော့ ကြွက်သားတွေ တည်ဆောက်နိုင်ဖို့အတွက် ကြက်သားကြော်တွေနဲ့ ကြက်ဥတွေကို စားနေပါပြီ။

play

 

အရပ် ၅ ပေ ၅ လက်မရှိတဲ့ သူမဟာ အခုတော့ ပေါင် ၁၄၀ ရှိကာ ကျန်းမာကြံ့ခိုင်တဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်နေပါပြီ။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ