Lifestyle: ရယ်ချင်သူများ ဖတ်စေဖို့

Duwun ပရိသတ်တွေရဲ့ ဘဝအမောတွေ ခဏတာဖြစ်ဖြစ် ပြေပျောက်စေဖို့အတွက် ရယ်စရာလေးတွေပါ။

play

ချစ်ကြတာ

သူငယ်ချင်း အမျိုးသမီးနှစ်ယောက် စကားပြောကြသည်။
ပထမအမျိုးသမီး - ငါတို့လင်မယား အိမ်ထောင်သက် ၅ နှစ်မှာ တစ်ခါတည်းပဲ နှစ်ယောက်အတူတူ အိမ်ထဲက အိမ်ပြင်ထွက်ဖူးတယ်။
ဒုတိယအမျိုးသမီး - ဟယ် ... အဲဒီတုန်းက ဘယ်သွားဖြစ်လဲ။
ပထမအမျိုးသမီး - ဘယ်မှမသွားဖြစ်ဘူးလေ။ အိမ်မီးလောင်လို့ ထွက်ဖြစ်တာ။

ပိုနီးတာ

ကလေးနှစ်ဦး စကားပြောဆိုနေကြသည်။
ပထမကလေး - လမင်းနဲ့ အာဖရိကတိုက် ဘယ်ဟာက ငါတို့နဲပိုနီးသလဲ။
ဒုတိယကလေး - လမင်းပေါ့။
ပထမကလေး - ဘာဖြစ်လို့လဲ။
ဒုတိယကလေး - လမင်းက ဒီကနေကြည့်ရင် မြင်ရတယ်လေ။ အာဖရိကတိုက်က မမြင်ရဘူး။

ကူးချတာ မဟုတ်ဘူး

ဆရာမ - ရောဘတ် မင်းရေးထားတဲ့ ကျွန်တော့်ရဲ့ခွေးကလေး စာစီစာကုံးက မင်းအစ်ကိုရေးတုန်းကနဲ့ တစ်ပုံစံတည်းဖြစ်နေပါလား။
ရောဘတ် - သြော် ... ဆရာမကလည်း ... သားတို့အိမ်မှာ ဒီခွေးတစ်ကောင်တည်း မွေးထားတာကို။

play

နေ

ပထမအမျိုးသမီး - ကျွန်မယောက်ျားက နေလိုယောက်ျား။
ဒုတိယအမျိုးသမီး - ဥပမာပေးတာ လန်းလှချည်လား။ ရှင့်ယောက်ျားက နေလိုပဲ ဉာဏ်ပညာထွန်းလင်းတာလား။ ဒါမှမဟုတ် ရှင့်အတွက် မရှိမဖြစ် အရေးပါတယ်ဆိုတဲ့ သဘောလား။
ပထမအမျိုးသမီး - တစ်ခုမှမဟုတ်ဘူး။ သူက ညနေဆိုပျောက်သွားပြီး မနက်ကျမှ ပေါ်ပေါ်လာလို့။

ရှားပါးတဲ့စာအုပ်

စာကြည့်တိုက်ထဲတွင်ဖြစ်သည်။
စာအုပ်ငှားသူ - ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့အကြောင်း စာအုပ်ကို ကျွန်တော် ဘယ်မှာရှာရမလဲ။
စာကြည့်တိုက်ဝန်ထမ်း - ဘယ်ဘက်က တတိယစာအုပ်စင်ရဲ့ ဒုတိယတန်းမှာပါ။
စာအုပ်ငှားသူ - အဲဒီအတန်းမှာ ဘာစာအုပ်မှ မတွေ့ပါလားဗျ။
စာကြည့်တိုက်ဝန်ထမ်း - ဟုတ်တယ်လေ။ အဲဒီစာအုပ်တွေကို ဘယ်သူကမှ ပြန်လာမပေးနိုင်ကြတော့တာ။

အစားထိုး

အဆိုသင်တန်းတွင် သင်တန်းသူတစ်ဦးက သင်တန်းဆရာကို မျှော်လင့်တကြီး မေး၏။
သင်တန်းသူ - ဆရာ ... ကျွန်မရဲ့အသံက အသုံးချစရာနေရာရော ရှိရဲ့လားဟင်။
ဆရာ - ရှိပါတယ်။ မီးလောင်တဲ့အခါ ဒါမှမဟုတ် သင်္ဘောပျက်တဲ့အခါမှာဆို ခင်ဗျားလိုအသံမျိုးကို အစားထိုးလို့ မရဘူး။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ