AD
AD
AD
play

 

ရုရှားနိုင်ငံက ယောဂမော်ဒယ်တစ်ဦးဟာ သူမရဲ့ ခန္ဓာကိုယ်အလှကြောင့် ဟောလိဝုဒ်မင်းသမီး အန်ဂျလီနာဂျိုလီနဲ့ ခိုင်းနှိုင်းခံနေရပြီး အင်တာနက်လူမှုကွန်ရက်မှာ တစ်ရက်တစ်ခြား နာမည်ကြီးလာခဲ့ပါတယ်။

play

 

မီယာဂျေဗာလို့ အမည်ရတဲ့ ယောဂမော်ဒယ်ဟာ နေ့စဉ်နဲ့အမျှ သူမရဲ့ ခန္ဓာကိုယ်အလှကို ပေါ်လွင်စေတဲ့ ဘီကီနီဓာတ်ပုံတွေ၊ ယောဂကျင့်တဲ့ ဓာတ်ပုံတွေကို အင်စတာဂရမ်မှာ တင်လေ့ရှိသူဖြစ်ပါတယ်။ ရုရှားနိုင်ငံက ပန်ခရိုင်အရပ်မှာ နေထိုင်သူလည်း ဖြစ်ပါတယ်။

play

 

အရပ် ၅ ပေ ၃ လက်မသာရှိသူဆိုပေမဲ့ သူမရဲ့ခန္ဓာကိုယ်အလှနဲ့ မျက်နှာအလှကြောင့် အင်စတာဂရမ်မှာ ပရိသတ် ပိုပိုများလာသူဖြစ်ပါတယ်။

play

 

ပရိသတ်အချို့ကတော့ သူမကို အန်ဂျလီနာဂျိုလီနဲ့ တူအောင် ကြိုးပမ်းနေမယ့်အစား ကိုယ်ပိုင်ဟန်နဲ့ ကိုယ့်ရဲ့အလှကို ဖော်ထုတ်သင့်တယ်လို့ အကြံပေးကြပါတယ်။ သူမဟာ သာမန်မော်ဒယ်တစ်ဦးဖြစ်ပေမဲ့ နာမည်ကျော် ဆယ်လီတွေလိုပဲ အင်စတာဂရမ်မှာ အောင်မြင်လျက်ရှိပြီး  Follower နှစ်သန်းကျော်သွားပြီဖြစ်ပါတယ်။

play

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD