AD
AD
AD
play

 

ချစ်သူကို တွေ့ချင်လွန်းလှတဲ့ အမျိုးသမီးတစ်ဦးဟာ မိုင် ၄၀၀ အဝေးမှာရှိတဲ့ သူ့ကို တွေ့ရဖို့ Uber ကားကို ငှားရမ်းသွားခဲ့ပေမဲ့ ဈေးချိုချိုနဲ့လည်း ရခဲ့ပါတယ်။

အသက် ၂၀ ဝန်းကျင် မိန်းမငယ်လေးတစ်ဦးဟာ နေ့လယ် ၁၁ နာရီ ၅၀ မိနစ်ခန့်မှာ ဗာဂျီးနီးယားပြည်နယ်၊ ဝီလျံဘာဂ်ရှိ Ben & Jerry's ဆိုင်ရှေ့မှာ ကားကို ငှားခဲ့တာဖြစ်ကြောင်း ယာဉ်မောင်းက ပြန်ပြောပြခဲ့ပါတယ်။

အဲဒီနောက် သူမဟာ ချစ်သူနဲ့တွေ့ဖို့ နယူးယော့ခ်စီးတီးကို သွားချင်ကြောင်းနဲ့ ကားခ ဘယ်လောက်ပေးရမလဲလို့ ယာဉ်မောင်းအမျိုးသမီး ဂျန်နီရော့ဂျာကို မေးခဲ့ပါတယ်။

အသက် ၆၄ နှစ်အရွယ်ရှိ ရော်ဂျာဟာ သူမကို လိုက်ပို့ပေးမယ်လို့ဆိုကာ ၃၉၇ မိုင်ဝေးတဲ့ခရီးကို လိုက်ပို့ပေးခဲ့ပါတယ်။

ယင်းခရီးဟာ ၇ နာရီနဲ့ ၄၂ မိနစ် ကြာခဲ့ပြီး ကားမောင်းစဉ်မှာ မိန်းကလေးက ကားပေါ်မှာ အိပ်ပြီး လိုက်ပါသွားခဲ့ပါတယ်။

တကယ်တော့ သူမဟာ ယင်းခရီးကို တခြားယာဉ်တွေနဲ့သွားရင် ဒီထက်အများကြီး ကုန်ကျမှုသက်သာမှာပါ။

"လေယာဉ်စီးရင် ၁၈၈ ဒေါ်လာ၊ ရထားစီး၇င် ၉၅ ဒေါ်လာနဲ့ ဘတ်စ်ကားစီးရင် ၄၅ ဒေါ်လာပဲ သူကုန်မှာပါ" လို့ ယာဉ်မောင်းက ဆိုပါတယ်။

play

 

သူမရဲ့ခရီးဟာ Uber ရဲ့ခရီးစဉ်တွေထဲမှာ အရှည်လျားဆုံး ခရီးစဉ်အဖြစ် မှတ်တမ်းဝင်သွားကြောင်း New York Post မှာ ဖော်ပြထားပါတယ်။

သီးသန့်ကားငှားခြင်းဟာ ငွေကြေးများစွာ ကုန်ကျနိုင်ပေမဲ့ သူမကတော့ ၂၉၄ ဒေါ်လာသာ ကုန်ုကျခဲ့ပါတယ်။ နယူးယော့ခ်စီးတီးမှာ တက္ကစီငှားမယ်ဆိုရင် ၁,၁၈၂ ဒေါ်လာ ကုန်ကျနိုင်တယ်လို့ New York Post က ခန့်မှန်းထားပါတယ်။

ခရီးသည်က ကားပေါ်ကဆင်းသွားချိန်မှာတော့ ရော့ဂျာဟာ သူမရဲ့ကားကို ဗာဂျီးနီးယားအထိ ပြန်မောင်းသွားခဲ့ရပါတယ်။

"ဒါဟာ ရူးသွပ်မှုမဟုတ်ပါဘူး။ စွန့်စားမှုတစ်ခုဖြစ်တဲ့အတွက် ကျွန်မလုပ်လိုက်တာပါ" လို့ အသက် ၆၄ နှစ်အရွယ် ရော်ဂျာက ဆိုပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD