Lifestyle: အမည်မသိသူ ဖန်တီးပေးထားတဲ့ ကြွက်တွေအတွက်ဈေးဆိုင်လေးများ

အနုစိတ်ဖန်တီးထားပုံက ချစ်စရာကောင်းလွန်းပါတယ်။

play

 

ဆွီဒင်နိုင်ငံက လမ်းအချို့မှာ ချစ်စရာကောင်းတဲ့ ဈေးဆိုင်ပိစိကွေးလေးတွေကို မြင်ရပေမဲ့ ဘယ်သူပြုလုပ်ပေးထားသလဲဆိုတာတော့ မသိရပါဘူး။ စိတ်ရှည်ရှည်နဲ့ အနုစိတ်ဖန်တီးထားတယ်ဆိုတာကတော့ ပုံတွေကိုကြည့်ရင် သိနိုင်ပါတယ်။

play

 

ဒီဆိုင်သေးသေးလေးတွေက ကြွက်တွေအတွက်မှန်း တပ်အပ်ပြောရတာကတော့ ဆိုင်ထဲမှာ ကြွက်စာလေးတွေ ထည့်ထားပေးထားလို့ပါပဲ။ လမ်းထောင့်နေရာမှာဆိုတော့ ကြွက်တွေအဖို့ ဝင်ထွက်သွားလာတဲ့ နေရာလည်း ဖြစ်ပါတယ်။ ကြွက်လို အကောင်သေးသေး သတ္တဝါလေးတွေအတွက် လှလှပပနဲ့ အနုစိတ်ဖန်တီးထားတဲ့ စိတ်ကူးက ဆန်းပြားပါတယ်။ ဆိုင်လေးတွေကို ဘယ်သူတွေဖန်တီးသလဲဆိုတာလည်း လူတွေက သိချင်နေကြပါတယ်။

Source : Metro

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ