Lifestyle: စွန့်ပစ်သွားတဲ့ ချစ်သူကို ပိုင်ဆိုင်မှုတွေအကုန်ပေးပြီး သတ်သေသွားတဲ့ ကောင်လေး

သူမ မရှိဘဲ အသက်မရှင်နိုင်ဘူးလို့ ဆိုပါတယ်။

play

 

အသည်းကွဲနေတဲ့ လူငယ်လေးတစ်ယောက်ဟာ သူ့ကိုယ်သူ သတ်မသေခင် ဖေ့စ်ဘွတ်ပေါ်မှာ သနားစရာကောင်းလှတဲ့ စာတစ်စောင်ရေးသားခဲ့ပြီး ချစ်သူဟောင်းကိုလည်း ခရစ္စမတ်လက်ဆောင်ရှာရမယ့်နေရာကို ပြောခဲ့ပါတယ်။

ခိုင်ရန်လစ်စတာဟာ ၂ နှစ်တွဲခဲ့ရတဲ့ သူ့ရဲ့ချစ်သူနဲ့ ကွဲသွားတဲ့အတွက် ဝမ်းနည်းကြောင်းရေးကာ ဒါဟာ သူမရဲ့အမှားလည်းမဟုတ်ကြောင်း ဆိုပါတယ်။

play

 

"ကျွန်တော် ဘာဆက်လုပ်ရမယ်မှန်းမသိတော့ဘူး။ ၂ နှစ်တွဲခဲ့တဲ့ ရည်းစားက ကျွန်တော်တို့ အဆင်မပြေနိုင်တော့ဘူးလို့ ဆုံးဖြတ်သွားတယ်။ ၂ နှစ်ဆိုတဲ့ သံယောဇဉ်က မနည်းပါဘူး။ ပျော်လည်း ပျော်ခဲ့တယ်။ အခု ကွဲသွားတော့ သူ့ရဲ့အချစ်တွေ မရှိဘဲ ကျွန်တော်နေနိုင်မယ်လို့ မထင်ဘူး" လို့ သူက ရေးသားထားပါတယ်။

"သူက ကျွန်တော့်ရဲ့အရာရာပါ။ ဒီအခြေအနေကို ကျော်ဖြတ်နိုင်မယ့်အချိန်အထိ မစောင့်နိုင်တော့ဘူး။ သူသာလျှင် ကျွန်တော့်ကို ပျော်ရွှင်မှုအစစ်အမှန်ရအောင် လုပ်ပေးနိုင်သူပါ။ ဒါဟာ ဘက်သ်ရဲ့အမှားလည်း မဟုတ်ပါဘူး။ ကျွန်တော် အမှားတွေ အများကြီး လုပ်ခဲ့ပါတယ်" လို့လည်း သူက ရေးသားထားပါတယ်။

play

 

ချစ်သူကို သတိရလွမ်းဆွတ်ကြောင်း စာအရှည်ကြီးနဲ့အတူ အခု သူပိုင်ထားတဲ့ တိုက်ခန်းနဲ့ ကားကို ချစ်သူကို ပေးကြောင်း၊ သူ့ဘဏ်အကောင့်ကိုလည်း သုံးနိုင်ကြောင်းပြောခဲ့ပါတယ်။ ဒါ့အပြင် ဘက်သ်အတွက် ဝယ်ထားတဲ့ ခရစ္စမတ်လက်ဆောင်ကို ထပ်ခိုးပေါ်မှာ ထားခဲ့တယ်ဆိုတဲ့ အကြောင်းအရာတွေ ပါဝင်တဲ့ စာအရှည်ကြီးကို ဒီဇင်ဘာလ ၁၂ ရက် ည ၈ နာရီ ၃၀ မိနစ်မှာ ဖေ့စ်ဘွတ်ခ်မှာ တင်ခဲ့ပါတယ်။

play

 

အသက် ၂၀ အရွယ် ခိုင်ရန်လစ်စတာရဲ့အသက်မဲ့ ခန္ဓာကိုယ်ကို နောက်တစ်နေ့ ဒီဇင်ဘာလ ၁၃ ရက် နေ့လယ် တစ်နာရီခွဲခန့်မှာ အင်္ဂလန်နိုင်ငံရှိ Cottingley ကျေးရွာမှာ တွေ့ရှိခဲ့ရတယ်လို့ အနောက် ယော့ရှိုင်းယားပြည်နယ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ