Lifestyle: ဆက်စီကျလို့မဟုတ်ဘဲ ရယ်စရာကောင်းတာကြောင့် နာမည်ကြီးသွားတဲ့ ဘီကီနီမလေး ၆ ဦးရဲ့ဓာတ်ပုံ

သေချာကြည့်ရင် သင်လည်း သတိထားမိမှာပါ။

play

 

သူငယ်ချင်း ၆ ဦး ဘီကီနီဝတ်ပြီး ကမ်းခြေမှာ အတူတကွ ရိုက်ကူးထားတဲ့ ဓာတ်ပုံဟာ ရယ်စရာကောင်းတဲ့ အကြောင်းရင်းတစ်ခု ပါလာတာကြောင့် ချက်ချင်းပဲ ပျံ့နှံ့သွားခဲ့ပါတယ်။

သဲသောင်ပြင် နေပူထဲမှာ ဘီကီနီမိန်းကလေးတစ်သိုက်ရဲ့ဓာတ်ပုံမှာ ထူးခြားချက်ကို သင်ရောမြင်ပါသလား။

မိန်းကလေးတွေဟာ တန်းစီကြပြီး အရောင်တောက်တောက် ဘီကီနီကိုယ်စီနဲ့အတူ နေကာမျက်မှန်ဆင်တူ ဝတ်ထားကြပါတယ်။

ဒါပေမဲ့ အင်စတာဂရမ်မှာ တင်ခဲ့တဲ့ ဒီဓာတ်ပုံရဲ့ ထူးခြားမှုကို အမြင်စူးရှလှတဲ့ ဆိုရှယ်မီဒီယာအသုံးပြုသူတစ်ဦးဟာ တွေ့ရှိသွားခဲ့ပါတယ်။

အမျိုးသမီးအားလုံးကို သေချာကြည့်လိုက်ချိန်မှာ ရုပ်ချင်းတူနေပြီး သူတို့တွေရဲ့မျက်နှာဟာ နောက်ကနေ ရပ်ကြည့်နေတဲ့ အမျိုးသားရဲ့ ထုံတုံတုံမျက်နှာပေးပုံစံအတိုင်း ဖိုတိုရှော့နဲ့ ပြုပြင်ထားတာကို တွေ့ရပါတယ်။

ဒီဓာတ်ပုံရဲ့ထူးခြားချက်ကို သိသွားချိန်မှာတော့ သိသာလှတယ်လို့ ထင်ရပေမဲ့ တချို့သူတွေအတွက်ကတော့ သဘောပေါက်ဖို့ အတော်လေး အချိန်ယူခဲ့ရပြီး တချို့ကတော့ ဘယ်လိုကြည့်ကြည့် ထူးခြားချက်ကို မမြင်ဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီဓာတ်ပုံက အင်တာနက်မှာ ဝုန်းဆန်သွားစေတဲ့ ပထမဆုံး ဘီကီနီဓာတ်ပုံ မဟုတ်ပါဘူး။

play

 

အခုဖော်ပြထားတဲ့ ဓာတ်ပုံမှာဆိုရင် မိန်းကလေးက အောက်ပိုင်းမှာ ဘာမှဝတ်မထားသယောင် လှည့်စားထားတာကို မြင်တွေ့ရပါတယ်။ ဒါပေမဲ့ တက်တူးထိုးထားတဲ့ လက်ကြောင့် မိန်းကလေးရဲ့တင်ပါးအစစ်မဟုတ်ဘူးဆိုတာကို သိရှိခဲ့ရပါတယ်။

play

 

Source & Phtoos : the Sun

ဘီကီနီမလေး ၆ ဦးဓာတ်ပုံက ထူးခြားချက်ကို တွေ့ပါသလား။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ