Lifestyle: ရေသူမလေးလို ရေကူးရမယ့် ကိုယ်ကာယအလှသင်တန်း

ဘယ်လောက်တောင် ပျော်စရာကောင်းလိုက်မလဲ။

play

 

ရေသူမလေးလို ရေထဲမှာ ကူးခတ်ပျော်ပါးဖို့ဆိုတာ မိန်းကလေးအများအပြားရဲ့ ငယ်ဘဝအိပ်မက်လေးတွေဖြစ်ပါတယ်။ Gym ဆိုတဲ့အသံကြားတာနဲ့ လန့်ကြမဲ့ မိန်းကလေးတွေအတွက် ဖိလစ်ပိုင်နိုင်ငံမှာ ဖွင့်လှစ်လိုက်တဲ့ ရေသူမ ကိုယ်ကာယအလှသင်တန်းက စိတ်ဝင်စားစရာဖြစ်မှာ သေချာပါတယ်။

play

 

Philippines Mermaid Swimming သင်တန်းဟာ Anamie Saenz နဲ့ Normeth Preglo က ဖွင့်လှစ်လိုက်တဲ့ ပင်လယ်ပြင်ကြီးကို အခြေခံတဲ့ သင်တန်းပုံစံသစ်တစ်မျိုး ဖြစ်ပါတယ်။

သူတို့ရဲ့စိတ်ကူးလေးက ရိုးရှင်းပါတယ်။ သင်တန်းသားတွေကို ရေသူမအမြီးတွေပေးပြီး ရေသူမလေး အေရီရယ်လို ကူးခပ်ရင်း သူတို့ရဲ့ကြွက်သားတွေကို သန်မာလာစေဖို့ပါပဲ။

play

 

ဖိလစ်ပိုင်ကမ်းခြေမှာ ဖွင့်လှစ်တဲ့ အဲဒီသင်တန်းကို အသက်အရွယ်မရွေး ကျားမ မရွေး တက်ရောက်နိုင်ပြီး မိတ်ဆက်သင်တန်းကြေး ၄၁ ဒေါ်လာခန့် (မြန်မာငွေ ကျပ် ၅၅,၀၀၀ ကျော်) တတ်နိုင်ဖို့ပဲ လိုအပ်ပါတယ်။

play

 

သင်တန်းကာလအတွင်းမှာ ရေသူမအမြီးကို အသုံးပြုရမှာဖြစ်ပြီး ဓာတ်ပုံတွေလည်း ရိုက်ခွင့်ရမှာဖြစ်ပါတယ်။

Source & Photos : The Sun

အဲဒီလိုသင်တန်းမျိုး တက်ခွင့်ရမယ်ဆိုရင် တက်ချင်လား။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ