AD
AD
AD

 

ထူးထူးဆန်းဆန်းတွေကို ဖန်တီးရာမှာ နာမည်ကြီးတဲ့ ဂျပန်နိုင်ငံက အထီးကျန်နေတဲ့ အမျိုးသားတွေအတွက် ဟော်လိုဂရပ်ဖစ် ဇနီးသည်တစ်ဦးကို တီထွင်လိုက်ပါတယ်။ Gatebox ကုမ္ပဏီက တီထွင်ထားတဲ့ ဟော်လိုဂရပ်ဖစ်ဇနီးသည်က လိင်ဖျော်ဖြေရေးအရုပ်တွေလိုမျိုး ထိတွေ့လို့တော့ မရပါဘူး။ ဒါပေမဲ့ လူသားဇနီးသည်တစ်ဦးလို အိမ်အလုပ်တွေကူပေးပြီး တီတီတာတာ ချွဲနွဲ့ပြပါလိမ့်မယ်။

play

 

Gatebox က ပြသခဲ့တဲ့ ဗီဒီယိုထဲမှာတော့ စကတ်တိုတိုခြေအိတ်ရှည်နဲ့ ဟော်လိုဂရမ်မိန်းမပျိုလေးက ၅၀ စင်တီမီတာမြင့်တဲ့ ဖန်ပေါင်းချောင်ထဲမှာ ရှိနေမှာပါ။ စကားပြောတာတွေနဲ့ မိုးလေဝသသတင်းဖတ်ပြတာတွေအပြင် အိမ်ကလျှပ်စစ်ပစ္စည်းတွေကို ထိန်းချုပ်စေခိုင်းတာမျိုး ပြုလုပ်နိုင်တဲ့ မှတ်ဉာဏ်တုလည်း ထည့်သွင်းထားပါတယ်။ ဗီဒီယိုထဲမှာတော့ ဟော်လိုဂရပ်ဖစ်မိန်းကလေးက လူငယ်အမျိုးသားကို မနက်ခင်းနှုတ်ဆက်တာတွေ၊ မိုးလေဝသသတင်းကြည့်ပြီး ထီးယူဖို့ သတိပေးတာတွေအပြင် ဇနီးသည်တစ်ယောက်လို တယုတယနှုတ်ဆက်တာတွေ၊ အပြန်အလှန်စကားပြောနိုင်တာကိုလည်း ပြသထားပါတယ်။ အလုပ်ကိုရောက်နေချိန်မှာလည်း ဖုန်းကိုမက်ဆေ့လှမ်းပို့မှာဖြစ်ပြီး အိမ်ပြန်ရောက်တော့မယ်လို့ မက်ဆေ့ပြန်ပို့လိုက်တာနဲ့ မီးတွေဖွင့်ပေးထားမှာပါ။

play

 

Gatebox ကတော့ ဒီလိုဟော်လိုဂရပ်ဖစ်ဇနီးသည်လေးကို ဟိတာရီလို့အမည်ပေးထားပြီး အမေရိကန်ဒေါ်လာ ၂၅၀၀ ခန့်နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။ ယနေ့ခေတ်ဂျပန်နိုင်ငံက လူတွေဟာ အလုပ်ကိုဦးစားပေးလွန်းတာကြောင့် အိမ်ထောင်ပြုတာတွေနဲ့ လိင်မှုကိစ္စကင်းကွာလွန်းနေပြီး သက်ကြီးရွယ်အိုလူဦးရေ မြင့်တက်လာနေပါတယ်။ ဒါကြောင့်မို့လို့လည်း အလုပ်ကြောင့် အိမ်ထောင်မပြုဖြစ်ဘဲ အထီးကျန်လွန်းနေတဲ့ အမျိုးသားတွေအတွက် စကားပြောပေးပြီး အကူအညီဖြစ်စေမယ့် ဇနီးသည်လေးကို Gatebox က တီထွင်ထားပါ။ လက်ရှိမှာတော့ ရောင်းချခြင်းမပြုသေးပါဘူး။ အော်ဒါတွေတော့ လက်ခံနေပြီလို့ သိရပါတယ်။

Source : Newsweek

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD