Lifestyle: သမီးလေးအတွက် ခရစ္စမတ်အငွေ့အသက်နဲ့ဖက်ရှင်တွေကို ဖန်တီးပေးတဲ့ ဖေ့ဖေ့ရဲ့မေတ္တာ

တစ်နေ့တည်း မဟုတ်ပါဘူး။ နေ့စဉ်ရက်ဆက်ပါပဲ။

play

 

ဂျရတ် ဝစ်ကတ်စ်လို ဖခင်မျိုးကို မိန်းကလေးတိုင်း လိုချင်ကြမှာပါ။ ဘာလို့လဲဆိုတော့ သူက သမီးလေးအတွက် ခရစ္စမတ်ဖက်ရှင်တွေကို ကိုယ်တိုင်ဖန်တီးပေးလို့ပါပဲ။ အသက် ၃ နှစ်အရွယ် သမီးလေး အစ်ဇီက မိခင်မေတ္တာကို မရရှိသူဖြစ်တာကြောင့် ဂျရတ်ကပဲ သမီးလေးကို ပြုပြင်ဆင်ယင်ပေးရပါတယ်။

play

 

ဒီနှစ် ခရစ္စမတ်ရာသီမှာ သမီးလေးကို ထူးထူးခြားခြားလေးဖြစ်စေဖို့အတွက် ပုံပါအတိုင်း ခရစ္စမတ်အငွေ့အသက်ပါတဲ့ ဆံပင်ထုံးဖွဲ့မှုကို ဂျရတ်ကိုယ်တိုင်ပဲ ပြုလုပ်ပေးပါတယ်။ တစ်နေ့တည်း မဟုတ်ပါဘူး။ နေ့စဉ်ရက်ဆက်ပါပဲ။

play

 

အစ်ဇီလေးကို ခုလိုမျိုး လှလှပပလေးဖြစ်အောင် သူ့အနေနဲ့ အချိန် တစ်နာရီခွဲကြာ ပြင်ဆင်ထားရပြီး ဆံပင်ထုံးပေးတာက မိနစ် ၂၀ ကြာတယ်လို့ ဆိုပါတယ်။

Source : ABC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ