Lifestyle: ၂၀၁၆ ခုနှစ် ကမ္ဘာ့လူနေမှုစရိတ်အကြီးဆုံး မြို့

ကော်ဖီတစ်ခွက်ကို မြန်မာငွေ ကျပ်တစ်သောင်းကျော် ကျသင့်ပါတယ်။

play
ဟောင်ကောင် မီးရောင်စုံမြင်ကွင်း


နယူးယော့ခ်အခြေစိုက် အကြံပေးကုမ္ပဏီ Mercer ရဲ့ ၂၀၁၆ ခုနှစ်အတွက် ထုတ်ပြန်တဲ့ အစီရင်ခံစာအရ ဟောင်ကောင်ဟာ လာရောက်လည်ပတ် နေထိုင်သူတွေအတွက် ကမ္ဘာ့ဈေးအကြီးဆုံးမြို့အဖြစ် ရပ်တည်ခဲ့ကြောင်း သိရပါတယ်။ Mercer ရဲ့ အစီရင်ခံစာကို ကမ္ဘာတစ်ဝန်းမှ မြို့ပေါင်း ၂၀၉ မြို့မှာ လေ့လာပြုစုပြီး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဟောင်ကောင်မြင်ကွင်း


အဆိုပါမြို့တွေရဲ့ အသုံးအဆောင်ပစ္စည်းဈေးနှုန်းများ၊ နေထိုင်စရိတ်၊ အစားအသောက်နဲ့ ဖျော်ဖြေရေးဆိုင်ရာတွေမှာ ကုန်ကျစရိတ်တွေကို နှိုင်းယှဉ်လေ့လာခဲ့ပါတယ်။ Mercer ရဲ့ လေ့လာမှုအရ ဟောင်ကောင်မှာ အိပ်ခန်းနှစ်ခန်းပါ တိုက်ခန်းငှားရမ်းခဟာ တစ်လလျှင် မြန်မာငွေ ကျပ် ၉၂ သိန်းကျော် ပေးရမှာဖြစ်ပြီး လန်ဒန်မှာ မြန်မာငွေ ကျပ် ၆၂ သိန်းကျော်နဲ့ တိုကျိုမှာ မြန်မာငွေ ကျပ် ၅၄ သိန်းကျော် ဖြစ်ပါတယ်။

play
အန်ဂိုလာနိုင်ငံ လူအန်ဒါမြို့


ဟောင်ကောင်မှာ ကော်ဖီတစ်ခွက်ကို မြန်မာငွေ ကျပ်တစ်သောင်းကျော် ကျသင့်မှာဖြစ်ပြီး လန်ဒန်နဲ့ တိုကျိုမှာထက် နှစ်ဆဖြစ်ကြောင်း Mercer က ဖော်ပြထားပါတယ်။ ၂၀၁၆ ခုနှစ် လူနေမှုစရိတ် အကြီးဆုံးမြို့စာရင်းမှာ ဟောင်ကောင်ပြီးလျှင် အန်ဂိုလာနိုင်ငံ လူအန်ဒါမြို့၊ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့၊ စင်ကာပူနဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့တို့က အသီးသီး ရပ်တည်နေပါတယ်။

play
ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ ကင်ရှာဆာမြို့

 

၂၀၁၆ ခုနှစ် လူနေမှုစရိတ် အကြီးဆုံးမြို့စာရင်းမှ ထိပ်ဆုံး ၁၀ မြို့

၁။ ဟောင်ကောင်
၂။ လူအန်ဒါ (အန်ဂိုလာ)
၃။ ဇူးရစ် (ဆွစ်ဇာလန်)
၎။ စင်ကာပူ
၅။ တိုကျို (ဂျပန်)
၆။ ကင်ရှာဆာ (ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ)
၇။ ရှန်ဟိုင်း (တရုတ်)
၈။ ဂျီနီဗာ (ဆွစ်ဇာလန်)
၉။ အင်ဂျာမီနာ (ချတ်ဒ်)
၁၀။ ဘေဂျင်း (တရုတ်)

(အမေရိကန် ၁ ဒေါ်လာ = မြန်မာကျပ်ငွေ ၁,၃၆၀)
Source & Photo: TIME, Mercer

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ