AD
AD
AD
play

 

South Wales မှာရှိတဲ့ Porthcawl’s Coney ကမ်းခြေကို ခရစ္စမတ်နေ့မှာ ပွဲတော်ဝတ်စုံတွေနဲ့ လူရာပေါင်းများစွာကို တွေ့မြင်ရတာဖြစ်ပြီး ၅၂ နှစ်အတွင်း အများပြားဆုံး ပွဲတော်ဝတ်စုံတွေနဲ့လူအုပ်ကြီးကို မြင်တွေ့ရခြင်းလို့ ဆိုပါတယ်။

play

 

အဲဒီထဲမှာ Wonder Woman ဝတ်စုံနဲ့ အသက် ၂၇ နှစ်အရွယ် စတက်ဖနီဂျုံးစ်နဲ့ Supergirl ဝတ်စုံနဲ့ အသက် ၂၇ နှစ်အရွယ် ကာရိုလိုင်းပါဝါတို့လည်း ပါဝင်ကြပါတယ်။

play

 

"ပြီးခဲ့တဲ့နှစ်က South Wales က အပြင်  နယူးဇီလန်၊ ကနေဒါနဲ့ ဂျာမနီကလည်း လာလည်ကြတယ်" လို့ ပြောရေးဆိုခွင့်ရှိသူ မာရီလင်းစမစ်က ပြောပါတယ်။

နယူးကာဆယ်ရှိ King Edward’s Bay မှာ ခရစ္စမတ်ဦးထုပ်တွေနဲ့ ရေကူးနေကြသူ အများအပြားကို တွေ့မြင်ရပါတယ်။

play

 

ခရစ္စမတ်အချိန်မှာ သြစတြေးလျရဲ့ နာမည်ကျော် ဘွန်ဒီကမ်းခြေမှာလည်း လူအစည်ကားဆုံးဖြစ်ခဲ့ပါတယ်။ ဆစ်ဒနီမှာ ၂၇ ဒီဂရီဆဲစီးယက်စ်နဲ့ ရာသီဥတု ကောင်းမွန်နေပေမဲ့ သြစတြေးလျ တောင်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာတော့ အပူလှိုင်းဖြတ်နေပြီး သြစတြေးလျတောင်ပိုင်းရဲ့မြို့တော် Adelaide မှာ အပူဆုံးခရစ္စမတ်ဖြစ်ကာ ၄၁.၃ ဒီဂရီဆဲစီးယက်စ်ရှိနေပါတယ်။

play

 

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD