AD
AD
AD
play

 

ခွေးတွေမှာလည်း သူတို့မကြိုက်တဲ့ အပြုအမူတွေ ရှိပါတယ်။ လူတွေအတွက် ချစ်ခင်တဲ့ အပြုအမူဟာ သူတို့အတွက် မနှစ်သက်စရာ ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ ဒီအပြုအမူတွေကို လူတွေက နားမလည်တာကြောင့် ခဏခဏ လုပ်မိတတ်ပါတယ်။ ခွေးတွေ ဘယ်လိုအပြုအမူတွေကို မကြိုက်ဘူးလဲဆိုတာ ကြည့်ကြည့်ရအောင်ပါ။

၁ - စကားတွေပဲ ပြောတာ

play

 

ခန္ဓာကိုယ်အမူအရာအစား စကားလုံးတွေနဲ့ပဲ သူတို့ကို ဆက်သွယ်နေတာ ဖြစ်ပါတယ်။ ဘယ်လိုပြုမူစေချင်တယ်ဆိုတာကို နားမလည်ဘဲ သူတို့ကို ရှုပ်ထွေးမှုတွေ ဖြစ်စေပါတယ်။ အထူးသဖြင့် ပြောတာတခြား၊ ခန္ဓာကိုယ်အမူအရာက လုပ်ပြတာက တခြားဆိုရင် သူ့အတွက် ပိုရှုပ်ထွေးရပါတယ်။ ထိုင်စမ်းလို့ ပါးစပ်က ပြောပြီး ခန္ဓာကိုယ်ကို ရှေ့ကိုင်းကာ လက်ဟန်ခြေဟန်ပြတာမျိုးက သူတို့ကို ခေါ်သလို ဖြစ်နေပါတယ်။

၂ - ပွေ့ဖက်ခြင်း

play

 

ဖက်ပြီးပွေ့တာမျိုးဟာ လူတွေအတွက် ချစ်ခင်တဲ့ အဓိပ္ပါယ်မျိုး ဖြစ်ပေမဲ့ ခွေးတွေကတော့ အဲ့လို မဟုတ်ပါဘူး။ သူတို့ကို ညှစ်ထားသလို ဖြစ်တာကြောင့် ထိတ်လန့်မှုကို ခံစားရပါတယ်။ သဘောကျနှစ်သက်လို့ ပွေ့ဖက်တဲ့ပေမဲ့ ကိုက်ခံရတယ်ဆိုတာမျိုးဟာ ဒီအချက်ကြောင့် ဖြစ်ပါတယ်။

၃ - မျက်လုံးကို ကြည့်ပြီး တည့်တည့်လျှောက်တာ

play

 

သူတို့ဆီ မျက်လုံးကို တည့်တည့်ကြည့်ပြီး လျှောက်သွားတဲ့အခါ ခွေးတွေမှာ စိုးရွံ့တဲ့စိတ်ဖြစ်ပေါ်ပါတယ်။ ကြီးစိုးလိုမှု၊ ရန်လိုမှုအဖြစ် သူတို့က မှတ်ယူပါတယ်။ ဒီလိုကြည့်ခံရတဲ့အခါ ခွေးတွေဟာ ဘေးကိုကြည့်လိုက်တာ၊ ပက်လက်လန်ပြီး ကျောကုန်းကိုပွတ်တာမျိုးတွေ လုပ်လေ့ရှိပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ကြည့်တဲ့လူကို ဟောင်တာမျိုးတွေ လုပ်ပါတယ်။

၎ - သင်ကြားပြသမှု

play

 

ဘယ်လိုအချက်ပြရင် ဘာလုပ်ရမယ်ဆိုတဲ့ သင်ကြားပြသမှုတွေ မရှိတာ ဖြစ်ပါတယ်။ စည်းကမ်းလေးတွေ လေ့ကျင့်ပေးထားတဲ့အခါ သူတို့အတွက် ရှုပ်ထွေးမှုမရှိဘဲ ဖိအားများစိုးရိမ်တာတွေလည်း နည်းသွားပါတယ်။

၅ - ပေးတွေ့ခြင်း

play

 

သူမကြိုက်တဲ့လူ ဒါမဟုတ် ခွေးတစ်ကောင်နဲ့ နီးနီးကပ်ကပ် နေခိုင်းတာမျိုး ဖြစ်ပါတယ်။ ခွေးတွေမှာလည်း သူတို့နှစ်သက်သူနဲ့ မနှစ်သက်သူဆိုပြီး ရှိပါတယ်။ ဒါကိုမသိတဲ့ ခွေးပိုင်ရှင်က အတင်းရင်းနှီးသွားအောင် လုပ်ပေးလေ့ရှိပါတယ်။ လူစိမ်းတွေက ကိုယ့်ခွေးကို ကိုင်တာ၊ ပုတ်တာမျိုးကို အလွယ်တကူနဲ့ ခွင့်ပြုတတ်ပါတယ်။

၆ - လမ်းသာလျှောက်နေခြင်း

play

 

ခွေးနဲ့ လမ်းလျှောက်ထွက်တဲ့အခါ ရပ်နားခြင်းမရှိဘဲ လျှောက်နေတာမျိုး ဖြစ်ပါတယ်။ ခွေးတွေကို အနံ့ခံခွင့်၊ စူးစမ်းခွင့် လုံးဝမပေးတာ ဖြစ်ပါတယ်။ သင့်အတွက် အပျင်းပြေရုံသက်သက်ဖြစ်နေနိုင်ပေမဲ့ ခွေးတွေအတွက်ကတော့ ပျော်ရွှင်စူးစမ်းစရာကောင်းတဲ့ ခရီး ဖြစ်နေတတ်ပါတယ်။

သင်ကြိုက်နိုင်တဲ့ ဆောင်းပါင်းများ  - အိမ်မွေး တိရိစ္ဆာန်တွေနဲ့ ပတ်သက်ပြီး မှားယွင်းသိမြင်နေတဲ့ အချက် (၅) ချက်ခွေးတွေက အတ္တကြီးကြောင်း လေ့လာမှုသစ်တစ်ခုက တွေ့ရှိ

Photos & Source: mother nature network (Dog)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD