AD
AD
AD

အခြားလူတွေ မမြင်ရအောင် စာတွေ ရေးလို့ ရတဲ့ စီအိုင်အေက ရှာဖွေတွေ့ရှိထားတဲ့ နည်းတစ်ခုပါ။ လျှို့ဝှက်စာ ဆိုတော့ လျှို့ဝှက်ပြီး ရေးရမှာပေါ့လေ။ စာရွက်ဖြူဖြူပေါ်မှာ ပေးချင်တဲ့ သတင်းအချက်အလက်ကို တခြားလူတွေ မမြင်ရအောင် ဘယ်လိုရေးမလဲ။ အောက်မှာ ကြည့်ကြည့်လို့ ရပါပြီ။

 

play

 

သံပယိုသီးကို အရည်ညှစ်ထားတဲ့ သံပယိုရည်က အက်ဆစ်ဓာတ်ပါရှိပြီး မီးအပူနဲ့ တွေ့ထိလိုက်မယ်ဆိုရင် အညိုရောင် ပြောင်းလဲသွားတဲ့ အစွမ်းကို အသုံးပြုထားတာပါ။

play

စက္ကူအဖြူပေါ်မှာ သံပယိုရည်ကို ဂွမ်းတံ (သို့) စုတ်တံသေးသေးနဲ့ ဆွတ်ပြီး ကိုယ်ရေးချင်တဲ့ စာလုံးကို ရေးလိုက်ရုံပါပဲ။

ပြီးရင် စာရွက်ကို အခြောက်ခံထားလိုက်မယ်။ သံပယိုရည်က ခြောက်သွားတယ်ဆိုပေမယ့် စာရွက်ပေါ်မှာ အက်ဆစ်ဓာတ်က ကျန်ခဲ့မှာပါ။

play

စာရွက်ကို အပူပေးတဲ့အခါမှာ မီးခြစ်နဲ့ နည်းနည်းလောက် ပြကြည့်လိုက်လို့ ရတယ်။ မီးပူနဲ့ တိုက်ရင်လည်း စာလုံးပေါ်လာပါတယ်။ ကိုယ်တိုင်ကတော့ မီးသီးနားမှာ သွားထားကြည့်တာ စာလုံးက တဖြည်းဖြည်းချင်းပေါ်လာတာ ရုပ်ရှင်ထဲကအတိုင်းပါပဲ။

Source : SickScience

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD