play

 

စိတ်ထိခိုက်စရာနဲ့ ကြုံခဲ့ရသူတွေကို လေ့ကျင့်ပေးထားတဲ့ တိရိစ္ဆာန်လေးတွေနဲ့ အတူထားရှိခြင်းဖြင့် စိတ်ဒဏ်ရာကို ကုစားပေးလေ့ရှိပါတယ်။ အများစုကတော့ ခွေးလေးတွေပေါ့။ ခုတစ်ကြိမ်မှာတော့ လူတွေရဲ့စိတ်ထိခိုက်မှုတွေ ပြေလျော့အောင် အဖော်လုပ်ပေးမယ့် သတ္တဝါလေးက ကြက်တစ်ကောင်သာဖြစ်ပါတယ်။

play

 

ဒါလာလို့ ခေါ်တဲ့ ကြက်မလေးဟာ အခြားကြက်တွေနဲ့မတူဘဲ အမွေးပွပွလေးနဲ့ ချစ်စရာသွင်ပြင်လေးရှိပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က သူ့ကို ကျန်းမာရေးဆိုးရွားတဲ့အခြေအနေမှာ တွေ့ခဲ့လို့ မိသားစုတစ်စုက ကယ်ဆယ်ထားခဲ့ရတာပါ။ ဒါလာကို ကယ်ဆယ်ခဲ့တဲ့မိသားစုက သူမကိုချွေးသိပ်အားဖြည့်ပေးခဲ့မှုတွေကြောင့် ခုဆို သူမဟာ စိတ်ဒဏ်ရာရသူတွေကို ကူညီဖြေသိမ့်ပေးနိုင်တဲ့ကြက်အဖြစ် အသိအမှတ်ပြုလက်မှတ်တောင် ရပြီးပါပြီ။

play

ဒါလာဟာ ဘယ်လိုချစ်ခင်ရမလဲဆိုတာ လူတွေကို သင်ပေးပါတယ်။ သူ့ကိုကယ်တင်ခဲ့တဲ့ ဒေါက်တာအဲရစ်ကာရဲ့သားဖြစ်သူ ဖင်းဆိုတဲ့ကောင်လေးအတွက်တော့ ဒါလာက အဖော်ကောင်းတစ်ယောက်ပါပဲ။ လက်ရှိအချိန်မှာတော့ ကင်းထောက်နဲ့ကမ့်တွေဆီသွားရောက်ပြီး တာဝန်ထမ်းဆောင်နေပါသတဲ့။ နောင်ကာလများမှာတော့ ဒါလာဟာ ကျောင်းတွေကိုသွားရောက်ပြီး ကလေးတွေနဲ့အတူရှိပေးနိုင်လိမ့်မယ်လို့ ဒေါက်တာအဲရစ်ကာက ဆိုပါတယ်။

Source : Huffpost

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video