AD
AD
AD

သင် ဘယ်လောက် အောင်မြင်နေသလဲ။ ရည်မှန်းချက်တွေ တစ်ခုပြီးတစ်ခု ပြည့်နေလား။ ရာထူးတွေ မြန်မြန်တိုးနေသလား။ ကိုယ်ပိုင်အလုပ်ကော အမြန်နှုန်းနဲ့ တိုးတက်ကြီးထွားလာနေပြီလား။ စိတ်တိုင်းကျတဲ့ အဖြေ မရသေးဘူး ဆိုရင် အောင်မြင်နေတဲ့ အမျိုးသမီးတွေမှာ တွေ့ရတတ်တဲ့ အောက်ပါ လေ့လာကြည့်လိုက်ပါ။

(၁) ရည်မှန်းချက်ကို ရောက်အောင်သွားမှာ၊ လုံးဝလက်မလျှော့ဘူး

play

 

အောင်မြင်တဲ့ အမျိုးသမီးတွေက အခက်အခဲ အတားအဆီးတွေနဲ့ ကြုံလာတဲ့အခါတိုင်း သိပ်ပြီး ရှည်ရှည်ဝေးဝေးတွေးမနေဘူး။ ကိုယ်ချထားပြီးတဲ့ ကိုယ့်ရည်မှန်းချက်ကိုသာ အာရုံထားပြီး ခိုင်ခိုင်မာမာ ရှေ့ဆက်လေ့ရှိတာကို မြင်ရပါတယ်။ ရောက်အောင်သွားတဲ့ နည်းလမ်းပေါ်မှာသာ အပြောင်းအလဲ ထားကောင်း ထားမယ်။ ဖြစ်ချင်တာတွေကို ပြန်ညှိနှိုင်းပြီး အလျော့အတင်း လုပ်သင့်တယ်ထင်ရင် လုပ်တယ်။ ကိုယ့်ရည်မှန်းချက်ပေါ်မှာ လုံးဝ အလျော့မခံတာပါ။

play

 

လမ်းဖြောင့်က သွားလို့ မရရင် ကွေ့ပတ်ပြီးသွားမယ်။ ဒါပေမဲ့ ဒီပန်းတိုင်တစ်ခုတည်းကိုပဲ ဦးတည်ထားတယ်။ အမျိုးသမီးတွေအတွက် ဒီအချက်က သိပ် အရေးပါ ပါတယ်။ အမျိုးသမီးဆိုတာ နဂိုဗီဇအရကိုက လက်ရုံးရည်ဖြစ်တဲ့  ခွန်အား သုံးဖို့ထက် ဉာဏ်လေးကို လွှာပြီး အလိမ္မာသုံးရတဲ့ နှလုံးရည်နဲ့ အခက်အခဲတွေကို ကျော်လွှားရလေ့ရှိပါတယ်။ တစ်ခါတစ်လေ အတိုးအလျော့လုပ် ထိန်းညှိရတဲ့အခါ ဖြစ်ချင်တာတွေကိုပါ ရာနှုန်းချ၊ အဆင့်လျော့၊ ရောင့်ရဲ၊ တင်းတိမ်၊ မျိုသိပ် လိုက်ရတာမျိုးတွေရှိပါတယ်။ အောင်မြင်ချင်တယ်ဆိုရင် ကိုယ် တကယ်ဖြစ်ချင်တဲ့ ကိုယ့်ရည်မှန်းချက်ကို တစ်ပြားတစ်ချပ်မှ မလျော့ပါနဲ့။ ဒီနေရာကို ဘယ်လိုနည်း ဘယ်လိုပုံစံနဲ့ ရောက်အောင် သွားလို့ ရသေးသလဲဆိုပြီးသာ စဉ်းစားပါ။

(၂) အကြောက်အလန့် မရှိဘဲ အခက်အခဲတွေကို ထိပ်တိုက်ရင်ဆိုင်ရင်း တိုးတက်အောင် နေကြတယ်

play

 

ကိုယ့်အတွက် သက်သက်သာသာရှိနေတဲ့ နေရာမှာ အကြာကြီးမနေတတ်ဘူး။ လုံခြုံတယ်ဆိုပေမယ့် စွမ်းရည်ကို ဖြန့်ကျက်နိုင်ဖို့အတွက် ဖောက်ထွက်ဖို့ ဝန်မလေးဘူး။ အောင်မြင်တဲ့ အမျိုးသမီးတွေက ဒီလောက်နဲ့ တော်ပါပြီဆိုပြီး ရေသာခိုတဲ့စိတ် လုံးဝမရှိဘဲ ကိစ္စအသစ်တွေ ကိုင်တွယ်ဖို့၊ တာဝန်ကြီးကြီးတွေ လက်ခံယူဖို့ အဆင်သင့်ဖြစ်နေတာကို တွေ့ရတတ်တယ်။ အေးအေးဆေးဆေး ဒူးလေးနန့်ပြီး ကိုရီးယားကား တစ်နေကုန်ကြည့်လို့ ရတဲ့ အနေအထားမျိုးကနေ ဖောက်ထွက်ချင်သူ၊ ဖောက်ထွက်နိုင်သူ နည်းပါတယ်။ စွန့်စားတိုင်းလည်း အောင်မြင်တာတော့ မဟုတ်ပေမယ့် ကိုယ်နဲ့ သင့်တော်တာကို ကိုယ်လုပ်နိုင်စွမ်းထက် ပိုတိုးပြီး တစ်ဆင့်ထက်တစ်ဆင့် တိုးအောင် လုပ်ဖို့ လိုပါလိမ့်မယ်။

(၃) အောင်မြင်မှုရဲ့ အရသာကို ကောင်းကောင်း ခံစားသိကြတယ်

play

အခက်အခဲတစ်ခု စိတ်ညစ်စရာတစ်ခုကို ကျော်လွှားနိုင်လိုက်တဲ့အခါ၊ ဖြေရှင်းလိုက်နိုင်တဲ့အခါ၊ ပြီးမြောက်သွားတဲ့အခါ ရတဲ့ အောင်မြင်မှုအရသာနဲ့ ဂုဏ်ယူစရာ အတွေ့အကြုံ အဖြစ်အပျက်တွေက ပေးတဲ့ ကျေနပ်အားရမှုကို သိထားကြသူတွေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီလို လွန်းလို့ အောင်မြင်ဖို့ဆိုရင် နောင်ကြုံလာမယ့်အရာတွေကို ကျော်ဖြတ်နိုင်ဖို့  ခွန်အားစွမ်းအင်တွေ ရှိနေတတ်တယ်။

(၄) အမျိုးသမီးတွေ စီးပွားရေး လုပ်တဲ့အခါ အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာ

play

 

သူတို့ရဲ့ ညှာတာထောက်ထားတတ်မှုတွေကြောင့် ပါပါတယ်။ သူတို့ အိမ်ထောင်ရေးအတွက်၊ သားသမီးအတွက်နဲ့ ခင်ပွန်းအတွက် ကြည့်ပြီး တစ်ချို့ကိစ္စတွေမှာ အမျိုးသမီးများရဲ့ မိခင်စိတ်လို့ခေါ်တဲ့ မိမိကို ကျော်ပြီး သူတစ်ပါးအတွက် စဉ်းစားပေး၊ ဂရုစိုက်ပေး၊ ဦးစားပေးတတ်တဲ့ ချစ်စရာ မွေးရာပါ ဥာဉ်လေးတွေကြောင့် အရာရာကို သိပ် မမျှော်လင့်ရဲတာမျိုးတွေ ရှိကြပါတယ်။ ဉာဏ်နီဉာဏ်နက် သုံးတတ်တယ်ဆိုပေမယ့် တကယ်တမ်း အပြိုင် ချဲစတမ်းဆိုရင် ဆုံးဖြတ်ချက် မပြတ်သားနိုင်တာမျိုးလေးတွေက အမျိုးသမီးများတွေရဲ့ ပင်ကိုယ် စရိုက်လက္ခဏာဖြစ်နေတတ်တယ်။ ဒါတွေကို နည်းမှန်လမ်းမှန် ကျော်လွှားနိုင်ဖို့ လိုတယ်။ ကြင်နာသနားတတ်တာ၊ နဂိုစိတ်ရင်းလေးက နုနယ်တာ စတဲ့ ထိန်းသိမ်းသင့်တဲ့ တန်ဖိုးရှိတဲ့ မိန်းမသားအရည်အချင်းလေးတွေကိုတော့ သေချာ ထိန်းသိမ်းထားစေချင်ပါတယ်။

(၅) အမျိုးသမီးမို့ မလုပ်ရ၊ အမျိုးသမီးမို့ မဖြစ်နိုင်ဆိုတာမျိုးတွေကို လက်မခံဘူး

play

 

ခုခေတ်ဟာ အမျိုးသမီးများအတွက် သမီး မိန်းကလေး မို့လို့ မဖြစ်နိုင်၊ မလုပ်သင့်ပါဆိုတဲ့ ရှေးခေတ် အတွေးအခေါ်တွေ၊ အတားအဆီးတွေ၊ ဘောင်တွေ တဖြည်းဖြည်း ကျိုးပျက်လာနေပြီဖြစ်ပါတယ်။ ကိုယ့်ဆန္ဒအတိုင်း ဆုံးဖြတ်ခွင့်၊ လုပ်ပိုင်ခွင့်ရနိုင်ဖို့ တန်းတူ အခွင့်အလမ်းပေးမယ့် နည်းလမ်းနဲ့ အထောက်အကူတွေ တံခါးဖွင့် စောင့်ကြိုနေတဲ့ခေတ် ရောက်လာပါပြီ။

ဒီအရှိန်အဟုန်နဲ့ ပြောင်းလဲမှုမှာ မြန်မာအမျိုးသမီးတွေ ကူးခတ်စီးမျောလိုက်ပါကြဖို့နဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးသိပြီး တန်ဖိုးထားတတ်ဖို့ တိုက်တွန်းရင်း အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ (International Women's Day)မှာ စိတ်ကောကိုယ်ပါ ကြည်လင်ပျော်ရွှင်ကြစေဖို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Source : Womenworking

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD