play

 

ရက်သတ္တပတ်တစ်ပတ်ရဲ့ ပထမဆုံးရက်ဖြစ်တဲ့ တနင်္လာနေ့မှာ စိတ်မကြည်လင်စရာမျိုး  ကြီးကြီးမားမားရှိခဲ့တယ်ဆိုရင် နောက်ပိုင်းရက်တွေ အလုပ်လုပ်ရတဲ့ ခံစားမှုက ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်နေတတ်ပါတယ်။ တနင်္လာလိုနေ့မျိုးမှာ ထိုင်းမှိုင်းနေတာကြောင့် အလုပ်မတွင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်ဖို့  တနင်္လာနေ့မှာ သင်လုပ်သင့်တဲ့ အချက်လေးတွေ ရှိပါတယ်။

၁ - စောစောထ

တနင်္လာနေ့မှာ စောစောထဖို့အရေးကြီးပါတယ်။ စောစောထလိုက်ခြင်းက  အချိန်ပိုရပါတယ်။ အစစအရာရာအတွက် အသင့်ဖြစ်နေသလို ခံစားမှုမျိုး ရပါတယ်။ နောက်ကျမှထပြီး အလုပ်ကို အပြေးအလွှားသွားရတာဟာ အလုပ်နဲ့ပတ်သက်လို့ အလျင်စလိုခံစားမှုမျိုးကို ဖြစ်ပေါ်လာစေပါတယ်။ အလုပ်အတွက် အာရုံစူးစိုက်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။

play

 

၂ - လှုပ်ရှားမှုနဲ့စ

အိပ်ရာက နိုးပေမယ့် ချက်ချင်းမထတာ၊ ခန္ဓာကိုယ်အပြုအမူ တက်တက်ကြွကြွ မရှိတာတွေကိုလည်း ပြင်သင့်ပါတယ်။ တနင်္လာနေ့မနက် လှုပ်လှုပ်ရှားရှားနဲ့ တက်တက်ကြွကြွရှိတာဟာ တစ်ပတ်လုံးအလုပ်ကောင်းကောင်းလုပ်နိုင်ဖို့ လောင်စာထည့်ပေးသလိုပါပဲ။ ဖြစ်နိုင်ရင် မနက်လေ့ကျင့်ခန်းမျိုး လုပ်ပေးသင့်တာ ဖြစ်ပါတယ်။

၃ - ၅ မိနစ်

ရုံးရောက်ပြီဆိုတာနဲ့ အချိန် ငါးမိနစ်လောက်ယူပြီး တစ်ပတ်လုံး သင် ပြီးအောင်လုပ်မယ့် အလုပ်တွေကို မြင်ကြည့်သင့်ပါတယ်။ ဖြစ်နိုင်ရင် စာရင်းလုပ်ပြီး ချရေးသင့်ပါတယ်။ ဘယ်အချက်တွေကို ဘယ်ရက်မှာ လုပ်မယ်ဆိုတာမျိုး ချရေးရမှာ ဖြစ်ပါတယ်။ တစ်ခုပြီးသွားတိုင်း ပြီးသွားကြောင်း အမှတ်အသားလုပ်ပေးရမှာလည်း ဖြစ်ပါတယ်။

၎ - အရေးကြီးဆုံးသုံးခု

တနင်္လာနေ့မှာ လုပ်ရမယ့် အရေးကြီးဆုံးအချက် သုံးချက်ကိုလည်း ရွေးရပါမယ်။ ဒီလိုမှ မရွေးထားဘူးဆိုရင်တော့ သင့်အာရုံစုစည်းမှုဟာ ပြန့်လွှင့်နိုင်ပါတယ်။ အချိန်တွေ အလေအလွင့် များနိုင်ပါတယ်။  ဖြစ်နိုင်ရင် တနင်္လာနေ့အတွက် လုပ်ရမယ့် အချက်သုံးချက်ကို တနင်္ဂနွေနေ့ကတည်းက စဉ်းစားထားသင့်ပါတယ်။

play

 

၅ - အကြောင်းအရင်းကိုရှာ

တနင်္လာနေ့မှာ စိတ်ထိုင်းမှိုင်းနေပြီဆိုရင်တော့ ထိုင်းမှိုင်းနေရတဲ့ အကြောင်းအရင်းကို ရှာသင့်ပါတယ်။ အလုပ်ကိုပဲ မပျော်တာလား၊ မနိုင်ဝန်ထမ်းနေရတယ်လို့ ခံစားရတာကြောင့်လား၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေတာလား စသဖြင့်ပါ။  ဖြစ်ရတဲ့ အကြောင်းအရင်းကို သိရပြီဆိုရင်တော့ သင့်ပြဿနာဟာ တစ်ဝက်လောက်သက်သာသွားမှာပါ။ ဒီလိုမှ မဟုတ်ဘဲ ဖြစ်ရတဲ့အကြောင်းအရင်းကို မစဉ်းစားဘူးဆိုရင်တော့ ထိုင်းမှိုင်းမှုဟာ သင့်အလုပ်ကို ပိုမိုနှောင့်ယှက်နေနိုင်မှာပဲ ဖြစ်ပါတယ်။

Photos & Source: Elite Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video