play

 

ပိုက်ဆံဆိုတာမျိုးက ရှာရခက်သလောက် စုဆောင်းဖို့လည်း မလွယ်လှပါဘူး။ တစ်လတစ်လ ဘယ်လိုကုန်သွားမှန်း မသိလိုက်ဘဲ လကုန်ခါနီးတာနဲ့ မွဲနေရသူတွေလည်း အများကြီးပါပဲ။ လခစားဝန်ထမ်းတွေဆိုရင် ရက် ၂၀ ကျော်လာတာနဲ့ ဘာမှမသုံးနိုင်တော့ဘဲ ခြစ်ခြုတ်သုံးနေရတဲ့အချိန် ရောက်လာပါတယ်။ ငွေကို စုဆောင်းတတ်တဲ့အကျင့်လေး ရှိမယ်ဆိုရင် ကိုယ့်အတွက် ကောင်းကျိုးအများကြီးပါပဲ။ ပိုက်ဆံစုဖို့အတွက် အသုံးအစွဲမကြမ်းဖို့နဲ့ အကုန်အကျနည်းဖို့ အကြံတချို့ရှိပါတယ်။

၁။ ကူပွန်တွေ

တစ်ခုခု သုံးချင်လာတဲ့အခါ သူငယ်ချင်းတွေဆီမှာ ပိုနေတဲ့ ဈေးဝယ်ကူပွန်တွေကို စုံစမ်းကြည့်ပါ။ သူတို့လည်း မသုံးဖြစ်တော့ဘူး၊ ဒါပေမဲ့ ကိုယ့်အတွက်တော့ ၁၀ ရာခိုင်နှုန်းလောက် ဈေးသက်သာရင်လည်း မဆိုးဘူးမို့လား။

၂။ ငွေသားကိုင်သုံး

ကတ်ထဲမှာ ငွေအပြည့်ထည့်ထားရင် လက်က ပိုသုံးမိပါတယ်။ ငွေသားနဲ့ဆိုရင် သိပ်ပြီးမသုံးဖြစ်တော့ပါဘူး။ ပိုက်ဆံအိတ်ပါးလာရင် သုံးချင်စိတ်က အလိုလိုလျော့သွားရောလေ။

play

 

၃။ ဘော်ဒါတွေနဲ့ဆိုင်ထိုင်မယ်ဆို

ကိုယ့်မှာ ငွေမလောက်ရင်/ မပါရင် မရှင်းနိုင်ဘူးလို့ ပွင့်ပွင့်လင်းလင်းပြောလိုက်တာ အကောင်းဆုံးပါပဲ။ ကိုယ့်ကိုသာ တကယ်ခင်ရင် သူတို့က ငွေရေးကြေးရေးကိစ္စ အရင်ပြောလာမှာမဟုတ်ပါဘူး။ ကိုယ့်မှာလည်း ငွေကမပါ၊ သူငယ်ချင်းတွေကို ကျွေးချင်မွေးချင်စိတ်နဲ့ ကတ်ထဲကနေ ထုတ်သုံးမိလိုက်ရင် သုံးလို့မဆုံးတော့ပါဘူး။

၎။ Branded တွေ

လူဆိုတာမျိုးကလည်း နာမည်ရပြီးသား အမှတ်တံဆိပ် (Branded) တွေကိုမှ သုံးချင်ကြတာလေ။ ဒီဇိုင်းတွေ ကွာလတီတွေထက် Brand ကိုသာ ဦးစားပေးလွန်းတော့ ငွေက ရေလိုပဲစီးဆင်းသွားမှာပါ။ ဒီတော့ ကိုယ့်အတွက် တကယ်အသုံးတည့်ပြီး ဒီဇိုင်းလှပတဲ့ တခြားတံဆိပ်တွေကို ရွေးချယ်ပါ။ အဓိကအချက်က လှပနေဖို့ပဲလေ။

play

 

၅။ အသုံးစရိတ်

တစ်လအတွင်း ဘာတွေကို ဘယ်လိုသုံးလိုက်တယ်ဆိုတာ တစ်ခုမကျန် ချမှတ်ထားပါ။ အသုံးစရိတ်ကို လစဉ်စစ်နေပါ။ ငွေကုန်ပေါက်တွေကို တွေ့ရလာပါလိမ့်မယ်။ ရှောင်ကြဉ်လို့ရတာပေါ့။

Source : Cosmo

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video