AD
AD
AD

ကလေးလေးတွေကို မြင်လိုက်တိုင်း အသည်းယားလွန်းလို့ ချိုမိုင်မိုင်လောက်တော့ လုပ်ပြပြီး စနေကြပါ။ သူတို့ရုပ်က ရယ်ရတယ်။ တစ်ခုခုလုပ်ပြလိုက်ရင် မျက်လုံးလေးတွေ ကလယ်ကလယ်နဲ့ လိုက်ကြည့်နေရော။ သွားပေါက်ခါစ ကလေးတွေဆို ပိုဆိုးတယ်။ ရယ်လိုက်ရင် အောက်က သွားသေးသေးလေး နှစ်ချောင်းနဲ့ တအားကြီး ချစ်ဖို့ ကောင်းတယ်။ မွေးခါစဆို လူကလေးလေးတွေတင် မကဘူး။ အောက်မှာ မွေးခါစ အကောင်လေးတွေရဲ့ ဘေဘီပုံလေးတွေ တစ်စုတစ်စည်းထဲ ကြည့်လို့ရအောင် တင်ပေးထားပါတယ်။

ဘေဘီဖြူကောင်

play

ုဖြူကောင်ပိစိလေးတွေကို ဟော့ကလက် (Hoglets) လို့ ခေါ်ပြီး ဟော့ကလက်လေးတွေရဲ့ မွေးနေ့က ဇွန်လကနေ ဇူလိုင်လအတွင်းမှာပါတဲ့။ လက်တဝါးစာပဲ ရှိပြီးတော့ ရုပ်က ပြုံးစိစိနဲ့မို့ ချစ်စရာလေးပါ။

ဘေဘီ သားပိုက်ကောင်

play

ဘေဘီကန်ဂရူး (Baby Kangaroo) လေးတွေရဲ့ နာမည်ကတော့ ဂျိုဝီ (Joey) ပါ။ ဂျိုဝီလေးတွေက မွေးခါစဆိုရင် တစ်လက်မလောက်ပဲ ရှိပြီး အသက်ကြီးလာရင် ဖိုက်တာဖြစ်အောင် ငယ်ငယ်ကတည်းက လက်ဝှေ့ထိုးတာ လေ့ကျင့်ရပါတယ်တဲ့။

ဘေဘီ လင်းပိုင်

play

ဘေဘီ လင်းပိုင်လေးတွေက ကိုယ်တွေလိုပဲ မိခင်ဗိုက်ထဲကနေ ထွက်တဲ့အခါမှာ အမြီးကနေ စထွက်ပါတယ်။ ပြီးတာနဲ့ ပထမဦးဆုံးတစ်ခေါက် အသက်ရှုဖို့ ပင်လယ်ရေမျက်နှာပြင်ပေါ်ထိ ကူးသွားကြပါတယ်။

ဘေဘီငါးပူတင်း

play

ဖူဂူငါး (Fugu-Fish) လို့ ခေါ်ပေမယ့် မြန်မာလိုဆိုရင်တော့ ငါးပူတင်းငါး လို့ သိကြပါတယ်။ အဲဒီ ငါးလေးတွေက အဆိပ်ရှိပြီး သွားထိလိုက်တာနဲ့ ပူဖောင်းလို ဖောင်းကားသွားတတ်ကြပါတယ်။ ငါးအကြေးခွံမှာ အဆိပ်ရှိတဲ့ အဆူးလေးတွေ ပါပါတယ်။

ဘေဘီယုန်လေး

play

ဘေဘီယုန်လေးတွေကို ဘန်နီ (Bunny) လို့ ခေါ်တာ မဟုတ်ပါဘူး။ ယုန်လေးတွေရဲ့ တကယ့်နာမည်က ကစ်တန် (Kitens) ဖြစ်ပြီး တစ်ခါတစ်လေ သူတို့ အမေယုန်မကြီး စားတာ ခံရပါတယ်တဲ့။ မောင်နှမတွေ အများကြီးနဲ့ မို့လို့ သူတို့က အစာလည်း ဝအောင် မစားရပါဘူးတဲ့။

ဘေဘီဝက်

play


ဝက်ပေါက်လေးတွေရဲ့ နာမည်က ပစ်ကလပ် (Piglets) လို့ခေါ်ပါတယ်။ ပစ်ကလပ်လေးတွေက မျက်စိအတော်မှုန်ကြပြီး နှာခေါင်းလေး တရှုံ့ရှုံ့နဲ့ အနံ့ခံပြီး အစာရှာကြတာပါ။ ဒါကြောင့် ကြီးလာတော့ အနံ့ခံတဲ့ အစွမ်းတက်လာပြီး နှာခေါင်းလည်း ကြီးလာတာလို့ ထင်ပါတယ်။

ဘေဘီဟမ်းစတား

play

ဟမ်းစတား (Hamster) အကောင်ပေါက်လေးတွေကိုတော့ သိကြမှာပါ။ သူတို့က ဖင်လုံးလုံးလေးတွေနဲ့ အမွေးထူထူလေးတွေနဲ့ အကောင်ပေါက်လေးတွေမို့ ကိုင်လို့ကောင်းပေမယ့် မွေးခါစကတုန်းက အမွေးတောင် မပါပါဘူး။ မုန်လာဥနီကြိုက်တဲ့ သူတို့ရဲ့သွားလေးတွေက ချွန်ချွန် ထက်ထက်လေးတွေ ဖြစ်နေတတ်ပြီး ကိုက်ခံရရင် လက်တွေဘာတွေကို ခဲထားတာမို့ စုတ်ပြတ်သတ်သွားတာပါ။ သေချာကျင့်ပေးမယ်ဆိုရင် နောက်ပိုင်းမှာ လည်ပင်းနားမှာ တင်ပြီး အိပ်လို့ ရပါတယ်။ ခဏလေးနဲ့ သေတတ်တဲ့ အကောင်မို့လို့ အသည်းကွဲမခံနိုင်ရင် မမွေးစေချင်ပါဘူး။

ဘေဘီပန်ဒါ

play

ဘေဘီပန်ဒါလေးတွေတော့ မြင်ဖူးပြီးသား ဖြစ်မှာပါ။ ပန်ဒါတွေက ဝက်ဝံလိုမျိုးအကောင်ဖြစ်ပေမယ့် ဝါးရွက်တွေကို ငုတ်တုတ်ထိုင်ကိုက်နေတဲ့ ပုံစံက အသေချစ်ဖို့ကောင်းပါတယ်။ ခေါင်းလေးတင်ဖြူပြီး တစ်ကိုယ်လုံး မဲမဲလုံးလုံး ဝက်ဝံကြီးပါ။ သူတို့ရဲ့ ထူးခြားချက်ကတော့ အနက်ရောင်မျက်ကွင်းနှစ်ဖက်ဖြစ်ပါတယ်။ မျက်ကွင်းနှစ်ဖက်ကို ဖယ်လိုက်တာနဲ့ အိုင်းလိုင်နာမပါတဲ့ တရုတ်မလိုဘဲ အတော်မျက်နှာပြောင်တဲ့ ဟာသရုပ်ကို ပိုင်ဆိုင်ထားတဲ့ အကောင်လေးတွေပါ။

Source : Brightside

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD