AD
AD
AD
play

 

အမေရိကန်ပြည်ထောင်စု တက္ကဆက်ဒေသက ငါးလေးတစ်ကောင်ရဲ့အကြောင်းဟာ လူမှုကွန်ရက် တွစ်တာပေါ်မှာ လတ်တလော ပျံ့နှံ့လာပါတယ်။ ရေမှာနေထိုင်တဲ့ ရေသတ္တဝါဖြစ်ပေမဲ့ ဒီရွှေငါးလေးက ရေမကူးနိုင်ရှာပါဘူး။ သူ့ရဲ့ ရေယက်တောင်ပံက ပုံမှန်အလုပ်မလုပ်တာကြောင့် ရေကူးတိုင်း ရေမျက်နှာပြင်ကို မတက်နိုင်ဘဲ ဖြစ်နေရပါတယ်။

 

Taylor Dean အမည်နဲ့ တွစ်တာအသုံးပြုသူတစ်ဦးဟာ သူမရဲ့သူငယ်ချင်း Derek မွေးထားတဲ့ ရွှေငါးလေးကို ဓာတ်ပုံရိုက်ပြီး တင်ခဲ့တာဖြစ်ပါတယ်။  Derek က San Antonio အဏ္ဏဝါပြတိုက်မှာ အလုပ်လုပ်နေသူပါ။ ဒုက္ခိတရွှေငါးလေး ရေကူးနိုင်ဖို့အရေးကို သူ့နည်းသူ့ဟန်နဲ့ ကြံဖန်တပ်ဆင်ပေးထားခဲ့ပါတယ်။

play

 

ဖော့တုံးလေးကို ရစ်သိုင်းပေးထားပြီး အောက်ဘက်မှာ ပိုက်ငယ်လေးနဲ့ ဆက်ကာ ဟန်ချက်ညီအောင် ပြုလုပ်ပေးထားတာ တွေ့ရပါတယ်။ ခုဆို ငါးလေးက ရေကောင်းကောင်းကူးလို့ရနေပါပြီ။ ကြမ်းပြင်ကနေ မတက်နိုင်တာမျိုး လုံးဝ မဖြစ်တော့ပါဘူး။ Derek ကတော့ ငါးလေးရဲ့ဝှီးချဲဟာ လူတွေသုံးတဲ့ တကယ့်ဝှီးချဲထက်တောင် ပိုပြီး သက်တောင့်သက်သာဖြစ်စေတယ်လို့ ဆိုလေရဲ့။

Source : UPI

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD