Lifestyle: အသက်ငယ်တုန်း တစ်ယောက်တည်း ခရီးထွက်သင့်တဲ့အကြောင်း အရင်း (၇) ခု

ငယ်ရွယ်စဉ်မှာ ခရီးထွက်တဲ့အခါ လွပ်လပ်မှုရဲ့ အရသာကို သင်ပြည့်ပြည့်ဝဝခံစားရမှာပါ။

play

 

အချိန်တွေက လျင်မြန်စွာ ကုန်ဆုံးနေပါတယ်။ မလုပ်လိုက်ရတဲ့အတွက် အသက်ကြီးမှ နောင်တရမယ့်ကိစ္စတွေထဲမှာ ခရီးထွက်ခြင်းလည်း ပါပါတယ်။ ငယ်ရွယ်စဉ်မှာ ခရီးထွက်တဲ့အကျင့်ကို မွေးမြူသင့်ပြီး ဒီလို ခရီးထွက်ခြင်းကနေ ရရှိမယ့် အကျိုးကျေးဇူးတွေကလည်း သင့်အတွက် အသုံးဝင်ပါတယ်။

၁ - လွပ်လပ်မှု

ငယ်ရွယ်စဉ်မှာ ခရီးထွက်တဲ့အခါ လွပ်လပ်မှုရဲ့ အရသာကို သင်ပြည့်ပြည့်ဝဝခံစားရမှာပါ။ အဝေးကိုရောက်မှ သင့်မိသားစုနဲ့ သင့်ပတ်ဝန်းကျင်ပေါ် သင်ဘယ်လောက်မှီခိုမှုရှိတယ်ဆိုတာကိုလည်း နားလည်လာပါမယ်။ ကိုယ်တိုင်သွားလာ၊ ကိုယ်တိုင် ဆုံးဖြတ်ချက်ချပြီး ကိုယ်တိုင်ဖန်တီးတဲ့ လွပ်လပ်မှုကိုလည်း ရရှိလာပါမယ်။

play

 

၂ - ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး

ငယ်တုန်း ပိုက်ဆံရှာမယ်ဆိုသူတွေများပြီး ခရီးသွားမယ်ဆိုသူတွေ နည်းပါတယ်။ တကယ်တော့ ငယ်တုန်းခရီးသွားတာနဲ့ ကြီးမှ ခရီးထွက်တာဟာ လုံးဝကွာခြားပါတယ်။ ငယ်ရွယ်စဉ်မှာ တောတောင်တွေထဲတင်မကဘဲ စွန့်စားရတဲ့ ခရီးမျိုးတွေကိုပါ သွားနိုင်တာပါ။ ခရီးထွက်ခြင်းရဲ့ အရသာကို ပြည့်ပြည့်ဝဝ ရမှာပါ။ ငယ်စဉ်မှာ ဒါတွေကို မလုပ်ခဲ့ဘူးဆိုရင်တော့ ကြီးမှ နောင်တရပါလိမ့်မယ်။ ဘယ်လောက်ပဲ စိတ်အားထက်သန်ပါစေ သင့်ခန္ဓာကိုယ်က မလိုက်နိုင်တော့ပါဘူး။ ဒါကြောင့် ကျန်းမာရေးကောင်းနေပြီး သွားနိုင်တဲ့ အချိန်မှာ သွားသင့်ပါတယ်။

၃ - အသိပညာ

ခရီးထွက်ခြင်းဟာ အသိပညာအရလည်း ရင့်ကျက်မှုကို ဖြစ်စေပါတယ်။ ကျောင်းမှာ မသင်ခဲ့ရတာတွေကို သင်ယူရပါတယ်။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး အတွေ့အကြုံသစ်တွေကို ရရှိစေပါတယ်။ အစစအရာရာကို ကိုယ်တိုင်တာဝန်ယူ သင်ယူရင်း ရင့်ကျက်မှုကို ဖြစ်စေပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး - ခရီးသွားရတာဝါသနာပါတဲ့ မိန်းကလေးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့အရာ (၇) ခု)

play

 

၎ - ငွေကြေး စုဆောင်းမှု

သာမန်လူငယ်တစ်ယောက်အတွက်တော့ ခရီးထွက်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ခွင့်ရက်ရှည်ရတယ်ဆိုရင်တောင်မှ ငွေကြေးပိုင်း အခက်အခဲရှိနေပါတယ်။ ခရီးသွားခြင်းရဲ့ အရသာကို သိသွားရင်တော့ ငွေ မဖြစ်မနေ စုရတော့မှာ အသေအချာပါပဲ။ ခရီးသွားဖို့ စီစဉ်ရင်း ငွေစုတဲ့အကျင့်ပါ ရသွားမှာပါ။

၅ - ငွေကြေးစီမံခန့်ခွဲမှု

ငွေကြေးပိုင်းစီမံခန့်ခွဲတဲ့ အကျင့်ဟာလည်း ပျိုးထောင်ဖို့ ခက်ခဲပါတယ်။ ခရီးသွားခြင်းဟာ ငွေကြေးကို ဘယ်လို ဟန်ချက်ညီညီသုံးစွဲမလဲဆိုတာကိုလည်း သင်ကြားပေးပါတယ်။ ကုန်သင့်တဲ့ နေရာမှာ ကုန်ပြီး မကုန်သင့်တဲ့ နေရာမှာ မကုန်စေဖို့ သင်ကြိုးစားရတော့မှာ ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး - ခရီးဝေးမထွက်ပေမယ့် ခရီးဝေးသွားရသလို ခံစားရစေမယ့် အချက် (၄) ချက်)

play

 

၆ - ရင့်ကျက်မှု

အမြင်ကျယ်ပြီး ပတ်ဝန်းကျင်ကို နားလည်လာပါတယ်။ အသက်ငယ်စဉ်မှာ ငယ်ရွယ်တဲ့ မာန်ရှိပါတယ်။ ဒါပေမယ့် ခရီးထွက်လိုက်တဲ့အခါ ဒီလို မာန်မာန နေရာမှာ ရင့်ကျက်မှုက အစားထိုးနေရာယူသွားပါတယ်။ ခရီးသွားတဲ့အခါ ကိုယ့်ဘက်က ပတ်ဝန်းကျင်ကို ပိုမို နားထောင်လာရပြီး ကိုယ်မသိတဲ့ အကြောင်းအရာတွေ၊လူတွေ၊ အဖြစ်အပျက်တွေ ရှိသေးတယ်ဆိုတာကို စောစောစီးစီး နားလည်သွားပါတယ်။

၇ - မိတ်ဆွေသစ်

ခရီးသွားခြင်းရဲ့ အဓိက အကျိုးကျေးဇူးတစ်ခုကတော့ မိတ်သစ်ဆွေသစ်တွေရပါတယ်။ ကိုယ့်မြို့၊ကိုယ့်ပတ်ဝန်းကျင်က လူမျိုး မဟုတ်ဘဲ နယ်မြေသစ် ပတ်ဝန်းကျင်သစ်က သူငယ်ချင်း ဖြစ်ပါတယ်။  သူတို့နဲ့ စကားပြောရတာဟာ သင့်အတွက် အသစ်အဆန်းဖြစ်စေပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး - တကယ် သင်လိုတာက သူငယ်ချင်း (၃) မျိုးတည်းပါ)

Photos & Source: Lifehack

တစ်ကိုယ်တည်းခရီးသွားခြင်း
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ