Lifestyle: ဆေးပညာဘွဲ့ကို နိုင်ငံခြားမှာ သင်ယူလိုသူတွေအတွက်ဟောပြောဆွေးနွေးပွဲ မန္တလေးမှာ ပြုလုပ်မယ်

တက်ရောက်လိုသူတွေဟာ  ကြိုတင်စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်။

play

 

ဆေးပညာဘွဲ့ကိုနိုင်ငံခြားမှာ သင်ယူလေ့လာလိုသူတွေအတွက် သီးသန့်ရည်ရွယ်ထားတဲ့ ဟောပြောဆွေးနွေးပွဲတစ်ခုကို မန္တလေလးမှာ မတ်လ ၂၅ ရက် ပြုလုပ်မယ်လို့ သိရပါတယ်။

အဆိုပါပွဲမှာ နိုင်ငံတကာဆေးဘက်ဆိုင်ရာ တက္ကသိုလ်တက်ရောက်ဖို့ အခွင့်အလမ်းတွေ (Dual Degree)၊ ဝင်ခွင့်အရည်အချင်းတွေ ၊ သင်တန်းပရိုဂရမ်မှ ဘွဲ့ရပြီးနောက် နိုင်ငံတကာဆေးပညာလိုင်စင်ဖြေဆိုနည်းလမ်းတွေနဲ့ အနာဂတ်ဆေးဘက်ဆိုင်ရာ အလုပ်အကိုင်အကြောင်းအရာတွေကို  Dr.Killian နဲ့ General Mananger Ms.CoCoက အသေးစိတ် ရှင်းလင်းစွာ ပြေားကြားပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါပွဲကို Lin International Education Management Group က ဦးစီးကာ နေ့လယ်တစ်နာရီမှာ စတင်ကျင်းပသွားမှာ ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး - စင်္ကာပူအစိုးရရဲ့ BCA Academy ကို တက်ရောက်မယ်ဆိုရင်)

play

 

Lin International Education Management Group (LIEMG)  ဟာ Philippines ဥပဒေနဲ့အညီ ၁၉၉၆ခုနှစ်မှာ စတင်တည်ထောင်ထားတဲ့ ပြင်ပဆေးဘက်ဆိုင်ရာ ပညာရေးဝန်ဆောင်မှုပေးတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်။ ရုံးချုပ်ဟာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ တည်ရှိပြီး ကျောင်းသားထောင်ပေါင်းများစွာကို Philippine, China နဲ့ Poland နိုင်ငံတွေမှာ ဆေးပညာသင်ကြားဖို့၊ ဆရာဝန်ဘွဲ့ရဖို့နဲ့ ဆေးကုသခွင့် လိုင်စင်ရဖို့ ကူညီပေးခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၁၀ နိုင်ငံကျော်မှာ ရုံးခွဲများစွာ ရှိတယ်လို့လည်း သိရပါတယ်။

မန္တလေးမှာ ပြုလုပ်မယ့် ဟောပြောဆွေးနွေးပွဲကို တက်ရောက်လိုသူတွေဟာ  ဖုန်း 09-43181990, 09-250675420 သို့ ဆက်သွယ်ပြီး ကြိုတင်စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်ပါတယ် - အသက်ငယ်တုန်း တစ်ယောက်တည်း ခရီးထွက်သင့်တဲ့အကြောင်း အရင်း (၇) ခု )

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ