Lifestyle: နယူးကာဆယ်တက္ကသိုလ်ရဲ့ ရာနှုန်းပြည့် ပညာသင်ဆုတွေ လျှောက်ထားနိုင်

play

 

ယူကေက  နယူးကာဆယ် တက္ကသိုလ်ရဲ့ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ကျောင်းဖွင့်ချိန်အတွက် ရာခိုင်နှုန်းပြည့် ပညာသင်ဆုတွေ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

နယူးကာဆယ်တက္ကသိုလ်ကနေ ဖွင့်လှစ်သင်ကြားပေးနေတဲ့ ဖောင်ဒေးရှင်း ပရိုဂရမ်တွေအတွက် ပေးအပ်မှာဖြစ်ပြီး တက်ရောက်နေတဲ့အချိန်မှာ ကျောင်းလခကို ရာခိုင်နှုန်းပြည့် ပညာသင်ဆုအနေနဲ့ ပေးအပ်မှာ ဖြစ်ပါတယ်။

ဖောင်ဒေးရှင်းတန်းကို အောင်မြင်ပြီးပါက နယူးကာဆယ်တက္ကသိုလ်မှာ  မြို့ပြအစီအစဉ်ရေးဆွဲမှု ဘာသာရပ်၊ ဗိသုကာ ဘာသာရပ်တွေနဲ့ စတဲ့ ဘာသာရပ်တွေရဲ့ ပထမနှစ်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

play

 

International Foundation ကို မြန်မာနိုင်ငံက တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူ သို့မဟုတ် iGCSE အောင်မြင်ထားသူ၊ American High School Diploma အောင်မြင်ပြီး IELTS (5.5) ရရှိထားသူတွေ တက်ရောက်နိုင်တာ ဖြစ်ပါတယ်။တက်ရောက်မယ့်သူတွေဟာ အသက်၁၇ နှစ် ပြည့်ပြီးသူ ဖြစ်ဖို့လိုတယ်လို့လည်း သိရပါတယ်။

နယူးကာဆယ်တက္ကသိုလ်မှာ သင်ကြားပေးနေတဲ့ ဘာသာရပ် တွေကို အသေးစိတ်သိချင်တယ်ဆိုရင်  နယူးကာဆယ်တက္ကသိုလ်ဝက်ဆိုက် (Newcastle University) မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

နယူးကာဆယ်တက္ကသိုလ်မှာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၂၀ က ကျောင်းသူ၊ ကျောင်းသားပေါင်း ၂၀,ဝ၀ဝ ကျော် ပညာသင်ကြားပေးနေပြီး နယူးကာဆယ် တက္ကသိုလ်ဟာ ကျောင်းပြီးဆုံးပြီးနောက်ပိုင်း အလုပ်အကိုင် အခွင့်အလမ်းရရှိမှု အများဆုံး Top 20 တက္ကသိုလ်ဖြစ်ကြောင်း The Complete University Guide 2016 အရ သိရပါတယ်။အသေးစိတ်သိရှိလိုသူတွေဟာ အောက်ပါဖုန်းနံပါတ်တွေမှာ စုံစမ်းနိုင်ပါတယ်။

ဝ၉-၅၀ ၁၉၈၇၀၊ ဝ၉-၇၈၅၀၁၉၈၇၀၊ ဝ၉-၇၃၂၀၅၃၃၃

Source: Kumudra

Newcastle
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ