AD
AD
AD
play

 

လန်ဒန်မြို့အခြေစိုက် Time Higher Education မဂ္ဂဇင်းက ထုတ်ပြန်တဲ့ ကမ္ဘာ့တက္ကသိုလ်တွေ အဆင့်သတ်မှတ်ချက်စာရင်းမှာ အာရှတိုက်ရဲ့ ပထမနေရာကို စင်ကာပူ အမျိုးသားတက္ကသိုလ်(NUS)က ရရှိပြီး မြန်မာတက္ကသိုလ်တွေဟာ စာရင်းမှာ ပါဝင်လာတာ မရှိပါဘူး။

အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဘရူနိုင်းနိုင်ငံမှ တက္ကသိုလ်တွေဟာ Time Higher Education မဂ္ဂဇင်းရဲ့ ကမ္ဘာ့တက္ကသိုလ် အဆင့်သတ်မှတ်ချက်စာရင်းတွေမှာ ပါဝင်မှုမရှိတာလည်း ဖြစ်ပါတယ်။

အာရှတိုက်ရဲ့ ထိပ်တန်းတက္ကသိုလ် ၃၀၀ စာရင်းမှာ ဖိလစ်ပိုင်တက္ကသိုလ်က ပထမဆုံးအကြိမ် ပါဝင်ခဲ့ပြီး အာဆီယံနိုင်ငံတွေထဲမှာတော့ ထိုင်းနိုင်ငံမှ တက္ကသိုလ် ၁၀ ခု အများဆုံးပါဝင်ကြောင်း Time HigherEducation မဂ္ဂဇင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ သတင်း - သံလွင်ပုဂ္ဂလိက အလယ်တန်းကျောင်း မေလဆန်းပိုင်းမှာ ကျောင်းအပ်လက်ခံမယ်)

play

 

အာဆီယံနိုင်ငံတွေမှာ ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေဟာ အဆင့်မြင့်ပညာရေးအတွက် အလားအလာကောင်းမွန်တဲ့ နိုင်ငံတွေအဖြစ် သတ်မှတ်ခံရပြီး မြန်မာအပါအ၀င် အာဆီယံငါးနိုင်ငံမှ တက္ကသိုလ်တွေကို စာရင်းမှာထည့်သွင်းဖော်ပြမှုမရှိခဲ့ပါဘူး။

အာရှတိုက်ထိပ်တန်း တက္ကသိုလ်တွေစာရင်းမှာ စင်ကာပူအမျိုးသားတက္ကသိုလ်က ပထမနဲ့ ပီကင်းတက္ကသိုလ်က ဒုတိယနေရာရရှိပြီး ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်တွေအဖြစ် အောက်စဖို့ဒ်တက္ကသိုလ်၊ ကယ်လီဖိုးနီးယားနည်းပညာတက္ကသိုလ်၊ စတန်းဖို့ဒ်တက္ကသိုလ်နဲ့ ကိန်းဘရစ်ခ်ျတက္ကသိုလ်က အစဉ်လိုက်ရပ်တည်နေတာ ဖြစ်ပါတယ်။

ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်စာရင်းမှာ အမေရိကနဲ့ ဥရောပနိုင်ငံတွေမှ တက္ကသိုလ်တွေက ဦးဆောင်နေပေမယ့် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် ၉၈၀ စာရင်းမှာ အာရှတိုက်တက္ကသိုလ် ၂၈၉ ခု ပါဝင်လာတာ ဖြစ်ပါတယ်။

Time Higher Education ရဲ့ ၂၀၁၆-၂၀၁၇ ကမ္ဘာ့ ထိပ်တန်း တက္ကသိုလ်များစာရင်းသတ်မှတ်မှုမှာ တက္ကသိုလ် ၉၈၀ ပါဝင်ပြီး တက္ကသိုလ်တွေရဲ့ သင်ကြားမှု၊ သုတေသန၊ အသိပညာဖြန့်ဝေမှုနဲ့ နိုင်ငံတကာအမြင်တွေအပေါ် မူတည်၍ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ သတင်း - အင်္ဂလိပ်စာနဲ့ လူငယ်ခေါင်းဆောင်မှု သင်တန်းတွေကို အခမဲ့တက်ရောက်နိုင်)

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD