Lifestyle: အဝေးသင် ကျောင်းအပ်ရက် ထပ်တိုးပေးထား၊ ဧပြီ ၂၈ ရက်နေ့ထိ အပ်လို့ရ

မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားအပ်နှံဖို့ ကြေညာထားပေမဲ့ ဧပြီလ ၂၈ ရက်နေ့အထိ အပ်နှံခွင့် ပြုထားတယ်လို့ သိရပါတယ်။

play

 

၂၀၁၇ ခုနှစ်မှာ တက်ရောက်မယ့် အဝေးသင် ကျောင်းသားတွေအတွက် ကျောင်းအပ်နှံဖို့ ရက် ထပ်တိုးမြှင့်ထားတယ်လို့ သိရပါတယ်။

လာမယ့် ၂၀၁၇ ပညာသင်နှစ်မှာ အဝေးသင်တက္ကသိုလ် တက်ရောက်မယ့် ကျောင်းသားတွေအနေနဲ့ မတ်လ ၃၁ ရက် နေ့ နောက်ဆုံးထား ကျောင်းအပ်နှံရမယ်လို့ ပညာရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားအပ်နှံဖို့ ကြေညာထားပေမဲ့ ဧပြီလ ၂၈ ရက်နေ့အထိ အပ်နှံခွင့် ပြုထားတယ်လို့ သိရပါတယ်။

“ကျောင်းသားတချို့က ခရီးလွန်တာတွေ ရှိတယ်၊ တချို့ သင်္ကြန်ပိတ်ရက်နဲ့တိုက်လို့ မအပ်ရတာတွေအတွက် သင်္ကြန်ပြီးရင် အပ်လို့ရအောင်စီစဉ်ပေးတာပါ”လို့ အဆင့်မြင့်ပညာဦးစီးဌာနက အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ပြောထားကြောင်း Kumudra ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

(သင်စိတ်ဝင်စားနိုင်မယ့် သတင်း - ရန်ကုန် နည်းပညာတက္ကသိုလ်ရဲ့ ဘွဲ့လွန်ဒီပလိုမာနဲ့ မဟာဘွဲ့သင်တန်းတွေ လျှောက်ထားနိုင်)

play

 

အဝေးသင်တက္ကသိုလ်တက်ရောက်မယ့် သူတွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့က စတင်ကာ ကျောင်းအပ်လက်ခံပေးတာ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ရန်ကုန်အဝေးသင်တက္ကသိုလ်နဲ့ မန္တလေးအဝေးသင်တက္ကသိုလ်လက်အောက်မှာ ဌာနခွဲပေါင်း ၃၈ ခုရှိပြီး အဝေးသင်တက္ကသိုလ်တွေမှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊ အရှေ့တိုင်းပညာ၊ ဥပဒေပညာ၊ ဓာတု ဗေဒ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ စီးပွားရေးပညာ၊ စီးပွားစီမံဘာသာ၊ ရူပဗေဒစတဲ့ ဘာသာရပ် ၁၅ ခုကို လေ့ကျင့်သင်ကြားပေးနေတာ ဖြစ်ပါတယ်။

Photos & Source: Kumudra, www.ynou.edu.mm

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ