AD
AD
AD
play

 

သင်္ကြန်ပိုးရှိသူတွေကတော့ သင်္ကြန်ပွဲ ဘယ်လိုနွှဲမလဲဆိုတာကို သင်္ကြန်မတိုင်ခင်တစ်လလောက်ကတည်းက ကြိုတင်ရင်ခုန်နေကြပြီ ဖြစ်ပါတယ်။ သင်္ကြန်တွင်း ဘာလုပ်မလဲဆိုတာကို သူငယ်ချင်းတွေဆီမေးကြ၊ တိုင်ပင်ကြ လုပ်နေကြပါပြီ။ ဒါပေမယ့် တချို့ကတော့ သင်္ကြန်ရေစိုခံမယ့်လူတွေမဟုတ်ပါဘူး။ သင်္ကြန်မလည်ဘူး၊ ရေကြောက်တယ် စသဖြင့် သူတို့က ပြောတတ်ကြပါတယ်။ သင်္ကြန်မလည်တဲ့လူတွေလုပ်လေ့အရှိဆုံး အချက်လေးချက် ရှိပါတယ်။

၁ - ခရီးထွက်

play

 

သင်္ကြန်မလည်ချင်ဘူး၊ သင်္ကြန်ပွဲ မနွှဲချင်ဘူးဆိုသူတွေ ပထမဆုံးစဉ်းစားတဲ့အရာ ဖြစ်ပါတယ်။ ပိတ်ရက်ရှည်ရတာကြောင့် ဒီရက်တွေမှာ ခရီးထွက်ဖို့ အဆင်ပြေတာလည်း ဖြစ်ပါတယ်။ ကားလက်မှတ်ခ၊ ဟိုတယ်ကိစ္စ စတဲ ကိစ္စတွေကတော့ တစ်လလောက်ကတည်းက ကြိုတင်စီစဉ်မှ အဆင်ပြေပါတယ်။  သင်္ကြန်ရက်ပိုင်းခရီးထွက်ရတာဟာ ငွေကြေးပိုင်းလည်း သာမန်ထက်တော့ ပိုကုန်ပါတယ်။

၂ - တရားစခန်း

play

 

ခရီးမထွက်ဘူး၊ ရေစိုလည်း မခံချင်ဘူးဆိုသူအချို့ကတော့ တရားစခန်းဝင်ဖို့ လုပ်ကြပါတယ်။  တရားစခန်းတွေဟာ သင်္ကြန်နားနီးတဲ့ ဧပြီ ၁၀၊၁၁၊ ၁၂ တွေမှာ စတင် ဖွင့်လှစ်လေ့ရှိပါတယ်။  တချို့ တရားရိပ်သာတွေဟာ လူဦးရေအကန့်အသတ်ရှိတတ်တာကြောင့် ကြိုတင်စာရင်းသွင်းထားဖို့လိုပါတယ်။ ဓမ္မဇောတိက စင်တာ၊ ချမ်းမြေ့ရိပ်သာတရားစင်တာ၊ ဖားအောက်တောရ၊သဘာဝတရားရိပ်သာနဲ့ စတဲ့ တရားစခန်းတွေဟာ သင်္ကြန်တွင်းအတွက် တရားစခန်းတွေ ဖွင့်လှစ်လေ့ရှိပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး - သင်္ကြန်တွင်းမှာ....ဘာလုပ်မလဲ ???)

၃ - စာဖတ်

play

 

သင်္ကြန်တွင်းရက်ရှည်ပိတ်ရက်ဟာ  စာသမားတွေအကြိုက်လည်း ဖြစ်ပါတယ်။ နယ်အပြန် စာအုပ်တစ်ပွေ့တစ်ပိုက်ကြီး သယ်သွားသူတွေလည်း အများကြီးပါ။ တချို့ကတော့ ခရီးထွက်သလိုပါပဲ။ သင်္ကြန်တွင်း ဘယ်စာအုပ်တွေ ဖြိုမယ်ဆိုပြီး ကြိုစုထားလေ့ရှိပါတယ်။ တချို့ကျတော့ သင်္ကြန်လည်း မလည်ဘူး၊ စာလည်းဖတ်တာကြောင့် စာအုပ်တွေနဲ့ပဲ အချိန်ကုန်သွားတာ ဖြစ်ပါတယ်။

၎ - ရုပ်ရှင်

play

 

သင်္ကြန်တွင်း ရုပ်ရှင်တွေပဲထိုင်ကြည့်နေသူ အင်အားကလည်း မနည်းပါဘူး။ တချို့ကတော့ ဇာတ်လမ်းတွဲ သမားတွေဖြစ်ပါတယ်။ သင်္ကြန်ရက်ရှည်ပိတ်ရက်မှာ ဇာတ်လမ်းတွဲတွေကို ထမင်းမေ့ ဟင်းမေ့ကို ထိုင်ကြည့်ကြတာပါ။ တချို့ကြတော့လည်း အကြိုက်ဆုံးမင်းသားရဲ့ ကားတွေ၊ အကြိုက်ဆုံး ဒါရိုက်တာရဲ့ကားတွေ၊ အကြိုက်ဆုံးကားအမျိုးအစားတွေကို စုပြီး တဝကြီးကြည့်တာပါ။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး - မန္တလေး လမ်းလျှောက်သင်္ကြန် နဲ့ ရန်ကုန်လမ်းလျှောက်သင်္ကြန် )

Photos: Arcadia Travels, Ye Lwin Oo

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD