AD
AD
AD
play

 

ရန်ကုန်သင်္ကြန်ဆိုတာနဲ့ ကားနဲ့လည်မယ်၊ မဏ္ဍပ်ထိုင်မယ်ဆိုတာကိုပဲ ပြေးမြင်တတ်ကြပါတယ်။ ဒါပေမယ့် ဒီနှစ်မှာ တိုင်းဒေသကြီးအစိုးရရဲ့ မူဝါဒအပြောင်းအလဲကြောင့် မဏ္ဍပ်တွေဟာ ယခင်နှစ်တွေလောက်များပြားမှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်ကတောင် ရန်ကုန်သင်္ကြန်ဟာ အခြားနှစ်တွေလောက်မစည်ကားခဲ့ဘဲ မဏ္ဍပ်ပြဿနာတွေရှိခဲ့တာ ဖြစ်ပါတယ်။ ပုံစံပြောင်းသွားတဲ့ ဒီနှစ်သင်္ကြန်မှာ ကားနဲ့လည်တာ၊ မဏ္ဍပ်ထိုင်တာတွေအပြင် တခြားလုပ်လို့ရမယ့် အရာလေးတွေ ရှိပါတယ်။

EDM သင်္ကြန်

play

 

ရန်ကုန်ရဲ့ ကွင်းပြင်ကျယ်ကြီးတွေမှာ EDM ပွဲတွေ ကျင်းပမယ့် EDM သင်္ကြန်နွှဲလို့လည်း ရပါတယ်။   Waterzonic, TMF, Barrack စတဲ့ နာမည်ကြီးမဏ္ဍပ်တွေဟာ ကွင်းပြင်ကျယ်ကြီးတစ်ခုမှာ EDM ပုံစံပြုလုပ်ဖို့ ရှိနေပါတယ်။ အဆိုပါ နာမည်ကြီးမဏ္ဍပ်တွေရှိမယ့် နေရာနဲ့ ဈေးနှုန်းတွေကို ဖော်ပြလိုက်ပါတယ်။

- Waterzonic

မင်းဓမ္မလမ်းက MCC ခန်းမမှာပြုလုပ်မှာ ဖြစ်ပါတယ်။ ပုံမှန် ALL Day လက်မှတ်ဈေးနှုန်းက ကျပ် ၈၀၀၀၀ ဖြစ်ပြီး VIP ကတော့ ၁၅၀၀၀၀ ပါ။

- Wet Nation

Wet Nation ရေကစားမဏ္ဍပ်ကတော့ The One Entertainment Park မှာ ရှိနေမှာဖြစ်ပြီးတော့ All Day အတွက် ကိုးသောင်းကျပ် သတ်မှတ်ထားပါတယ်။ VVIP လက်မှတ်ကတော့ ကျပ်နှစ်သိန်း

သတ်မှတ်ထားပါတယ်။

- TMF

Yellow Claw အပြင် နာမည်ကြီး ဒီဂျေတွေပါဝင်မယ်လို့ သိရပါတယ်။ သုဝဏ္ဍဘုမ္မိကွင်းမှာ ပြုလုပ်သွားမှာပါ။ သတ်မှတ်ထားတဲ့ ဈေးနှုန်းတွေက All Day အတွက် ရှစ်သောင်း၊ VIP အတွက်ကတော့နှစ်သိန်းလို့ သိရပါတယ်။ VIP လက်မှတ်တွေရဲ့ ၀န်ဆောင်မှုတွေကတော့ သီးသန့် Service ၊ ၀ိတ်တာ ဆားဗစ်တွေ ပါဝင်မှာဖြစ်ပါတယ်။

- Barrack

ကန်တော်ကြီးမျှော်စင်ကျွန်းမှာရှိတဲ့ ဒီမဏ္ဍပ်ရဲ့ ဈေးနှုန်းက All Day - ၆၀၀၀၀ ကျပ်ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး - သင်္ကြန်မဏ္ဍပ်တွေ ဘယ်မှာရှိမလဲ)

လမ်းလျှောက်သင်္ကြန်

play

 

လမ်းလျှောက်သင်္ကြန်ကတော့ ပြီးခဲ့တဲ့နှစ်ကမှ စတာ ဖြစ်ပါတယ်။ လူပေါင်း ၂၀၀၀ နီးပါး ပါဝင်ဆင်နွှဲခဲ့တဲ့ပွဲလည်း ဖြစ်ပါတယ်။  ဘာငွေကုန်ကြေးကျမှ ရှိမှာမဟုတ်ဘဲ  သောက်တဲ့ရေကအစ သူတို့စီစဉ်ပေးပါ့မယ်လို့ ပွဲစီစဉ်သူတွေကတော့ ကြေညာထားပါတယ်။ ရန်ကုန်မြို့တွင်း အုပ်စုလိုက်ကြီးလမ်းလျှောက်ပြီး အတာသင်္ကြန်ကို ဆင်နွှဲတာ ဖြစ်ပါတယ်။ ဘော်ဒါတွေနဲ့ လမ်းမှာတွေ့တဲ့မဏ္ဍပ်တွေမှာ ရေပက်၊ နားတဲ့နေရာမှာ ကကြခုန်ကြနဲ့ လွပ်လပ်ပြီး တကယ်ပျော်စရာကောင်းတဲ့ ပွဲပါ။ ပြီးခဲ့တဲ့နှစ်ကတော့ အတက်နေ့ညနေမှာ လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဘယ်လိုပျော်စရာကောင်းတယ်၊ ဘယ်လိုဆုံကြတယ်ဆိုတာကိုတော့ Yangon Splash Walk  ရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ သွားရောက်အကဲခတ်နိုင်ပါတယ်။

ကားနဲ့ အနီးအနားမြို့တွေသွား

play

 

ပဲခူး၊ ညောင်ချောင်းသာ စတဲ့ ရန်ကုန်အနီးအနားမြို့တွေကို သွားလို့ရပါတယ်။သင်္ကြန်လည်း မလည်ချင်ဘူး၊ အပြင်လည်း ထွက်ချင်တယ်ဆိုရင် လေးရက်လုံးမဟုတ်တောင် တစ်ရက်လောက်သွားကြသူတွေ ရှိပါတယ်။ မိသားစုလိုက်သွားသူတွေ များတတ်ပါတယ်။ ယခုနှစ် ရန်ကုန်သင်္ကြန်ဟာ ယခင်နှစ်တွေလောက်စည်မှာ မဟုတ်ဘူးလို့ အားလုံးက ခန့်မှန်းထားကြပြီး ခန့်မှန်းထားတဲ့အတိုင်း ခြောက်ကပ်နေတယ်ဆိုရင်တော့ ရွေးချယ်စရာ တစ်ခုပါပဲ။

ရခိုင်သင်္ကြန်

play

 

ရန်ကုန်မှာ ရှိနေတယ်ဆိုရင်တော့ ရခိုင်သင်္ကြန်ကို တစ်ညနေလောက်တော့ အနည်းဆုံးသွားသင့်ပါတယ်။ သုဝဏ္ဏကွင်းမှာလုပ်မယ့် ဒီပွဲဟာ ဒီနှစ်မှာ ထူးထူးခြားခြား ရခိုင်ရွာသင်္ကြန်ပုံစံ လုပ်မယ်လို့ သိထားရပါတယ်။ နှစ်တိုင်းစည်ကားတဲ့ ရန်ကုန်ရခိုင်သင်္ကြန်ဟာ တိုင်းရင်းသားရိုးရာအငွေ့အသက်လည်း အပြည့်အဝရရှိပါတယ်။ ဒါ့အပြင် ရခိုင်အစားအသောက်စစ်စစ်တွေကိုလည်း စုံလင်စွာ စားသောက်နိုင်ဦးမှာ ဖြစ်ပါတယ်။ ဒီနှစ်မှာ ရခိုင်ရိုးရာ အစားအစာ ရောင်းချမယ့် ဆိုင်ပေါင်း ၈၀ ထိ ခွင့်ပြုထားတယ်လို့ သိရပါတယ်။

(သင်စိတ်ဝင်စားနိုင်မယ့် ဆောင်းပါး - ရန်ကုန်က ရခိုင်သင်္ကြန်ပွဲတော်ကို သွားသင့်တဲ့ အကြောင်းအရင်း (၄) ချက်)

Photos: VOA, Lwin Thu Aung, Yangon Splash Walk,  Papawady

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD