AD
AD
AD

တစ်နှစ်ခါကျတဲ့ ရေသဘင်ပွဲတော်မှာ ရိပ်သာလည်းမသွားနိုင်၊ အပြင်လည်းထွက်မလည်ချင်ဘူးဆိုသူတွေကတော့ အိမ်တွင်းအောင်းကြတာပါပဲ။ အပြည့်အဝ အနားယူတာပေါ့။ လေးရက်လုံးလုံး အိမ်တွင်းအောင်းရတာ လွယ်တဲ့ကိစ္စတော့မဟုတ်ဘူး။ ပျင်းလွန်းလို့ သေနိုင်တယ်ဆိုပြီး မညဉ်းညူမိအောင် ကြိုပြင်ထားရမှာပေါ့။

သင်အကြိုက်တွေ့မယ့်ဆောင်းပါး ---> သင်္ကြန်တွင်းမှာ သင်္ကြန်မလည်ဘဲ လူတွေလုပ်တဲ့ အရာ (၄) ခု

play

 

၁။ ဘာတွေလုပ်ဖို့ရှိလဲ

အိမ်တွင်းမှာ ပြုပြင်စရာကိစ္စလေးတွေရှိရင် ဒီရက်ပိုင်းမှာ လုပ်လို့ရတာပေါ့။ အဝတ်တွေလျှော်မယ်၊ မီးပူတိုက်မယ်၊ အိမ်သန့်ရှင်းရေးလုပ်မယ် စသဖြင့် အိမ်အလုပ်တွေကတော့ ဘယ်တော့မှမပြတ်ဘူး။

play

 

၂။ ရိက္ခာ

အချဉ်ထုပ်တို့ နေကြာစေ့တို့လို ဝါးစရာတွေ ဝယ်ပြီးစုထားဖို့လိုမယ်။ အအေးဘူးတွေလည်း ရေခဲသေတ္တာထဲဖြည့်ထားလိုက်တော့။ ကိုယ်စားချင်တာလေးတွေနဲ့ ဗိုက်ဆာရင်စားလို့ရမယ့် ကိတ်ခြောက်၊ ခေါက်ဆွဲခြောက်တွေလည်း ဝယ်ထားရပါမယ်။ ဟင်းချက်စားဖို့အတွက် ကြက်ဥ၊ ငါးခြောက်၊ အသားခြောက်၊ အာလူးတို့လို ကြာကြာခံမယ့်အရာတွေလည်း တစ်ခါတည်းဝယ်ထားပါ။ ရေစိုနေရင် ဈေးဝယ်လို့မကောင်းတော့ဘူး။

play

 

၃။ အပန်းဖြေမယ်ဆို

ဖတ်မယ်လို့ရည်စူးထားတဲ့ စာအုပ်တွေကို ဒီရက်ပိုင်းမှာ ဖတ်လို့ရမယ်။ ဇာတ်လမ်းတွေကြည့်ရင်း သာသာယာ အနားယူလို့ရတာပေါ့။ ဂိမ်းဆော့မယ်ဆိုလည်း အကြိုက်ဆော့ပဲ။ ဒီတော့ စာအုပ်တွေဝယ်ထား၊ ငှားထားပါ။ ဇာတ်လမ်းတွေလည်း ခုတည်းက စုထားတော့။

play

 

၎။ ဝါသနာပါရာတစ်ခုခု

ပညာရေးနဲ့ပတ်သက်တာကို လေ့လာမယ်ဆိုလည်း အချိန်ရှိတုန်း စာဖတ်လို့ရ၊ လေ့ကျင့်လို့ရတာပေါ့။ မုန့်လုပ်နည်းတွေ စမ်းလုပ်ကြည့်မလား၊ စာတွေရေးမလား ရသေးတယ်။ ဂစ်တာတီးတာ၊ ပန်းချီဆွဲတာ စသဖြင့် ကိုယ်ဝါသနာပါတဲ့အရာကို အချိန်ပေးလေ့လာလို့ရပါတယ်။ ကိုယ်လုပ်ချင်တဲ့အရာအတွက် လိုအပ်တဲ့ပစ္စည်းတွေလည်း ကြိုဝယ်ထားရမယ်လေ။

 

၅။ အလုပ်တွေကြိုစီစဉ်

ဒါကတော့ နောက်ဆုံးမှာ ဘာမှလုပ်စရာမရှိတော့ဘူးဆိုမှ စဉ်းစားပါ။ ကိုယ့်အလုပ်နဲ့ ပတ်သက်တာတွေကို အလုပ်ပြန်မတက်မီ ကြိုလုပ်လို့ရတာ ဘာရှိမလဲ? လုပ်လို့ရတာဆိုလည်း ကြိုလုပ်ထားတာပေါ့။ ရုံးပြန်ဖွင့်ဖွင့်ချင်း အလုပ်လုပ်ချင်စိတ်မရှိတဲ့အခါ အဆင်ပြေသွားနိုင်တယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD