AD
AD
AD

play

 

သင်္ကြန်ချစ်သူတွေ၊ သင်္ကြန်ပိုးရှိသူတွေတော်တော်များများ လုပ်ဖူးတာတွေကို စုစည်းပြီးဖော်ပြပေးချင်ပါတယ်။ သင်္ကြန်ကို တကယ်ချစ်သူသာဆိုရင် ဒီအချက်တွေထဲက တော်တော်များများကိုလုပ်ဖူးမှာ အသေအချာပါပဲ။

၁။ ပိတောက်ပန်းတွေ ဆင်မြန်းဖူးရမယ်။

လည်ဆွဲပုံစံပဲဖြစ်ဖြစ်၊ သရဖူပုံစံပဲဖြစ်ဖြစ်၊ လက်ကောက်ပုံစံပဲဖြစ်ဖြစ်ပေါ့။ အဝါတောက်တောက် ရာသီပန်း ပိတောက်တွေကို ပုံစံမျိုးစုံပြောင်းလဲအသုံးပြုလို့ရတယ်။ သင့်ရဲ့ချစ်သူလေးကို ချစ်သက်လက်ဆောင်အဖြစ် ပေးချင်တယ်ဆိုရင် နည်းနည်းတော့ အားစိုက်ထုတ်လိုက်ပါ။ အလွယ်တကူ ဈေးကနေဝယ်ပြီးပေးတာမျိုး မဟုတ်ပဲ ကိုယ်တိုင်ခူးပြီးပေးတာက ပိုပြီး စိတ်ကူးယဉ်ဆန်တာပေါ့။

၂။ လူကြီးတွေကို ဂါရဝပြုပြီး ဘုရားသွားဖူးရမယ်။

သင်္ကြန်ချစ်သူစစ်စစ်တွေဆိုရင် သင်္ကြန်ဟာ မြန်မာ့နှစ်သစ်ကိုကြိုဆိုတဲ့ပွဲ၊ နှစ်သစ်ကို ရှေးရှုကာ နှစ်ဟောင်းက အညစ်အကြေးတွေကို ဆေးကြောသန့်စင်တဲ့ပွဲ၊ဘဝမှာပျော်ရွှင်စွာ ဆင်နွှဲရသောပွဲ ဖြစ်တယ်ဆိုတာကို တညီတညွှတ်တည်းသိထားကြမှာပါ။

၃။ သင်္ကြန်မှာ ကားနဲ့ ရေပက်ခံထွက်ဖူးရမယ်။

အမိုးမပါတဲ့ကားအနောက်မှာ နေပြီးတော့ လမ်းမှာတွေ့တဲ့ဖြတ်သွားဖြတ်လာတွေကိုလည်း ရေပက်ဖူးရမယ်။ ဘာလို့လည်းဆိုတော့ ဒီအချိန်ဟာ မြင်သမျှလူကိုရေပတ်လို့ရတဲ့ အချိန်ဖြစ်နေလို့ပါပဲ။

၎။ သင်္ကြန်မဏ္ဍပ်ထိုင်ဖူးရမယ်။

မိသားစုမဏ္ဍပ်ကလေးပဲဖြစ်ဖြစ် ရေကစားမဏ္ဍပ်ကြီးတွေပဲဖြစ်ဖြစ် မဏ္ဍတစ်ခုမဟုတ်တစ်ခုမှာတော့ ရေကစားဖူးရမယ်။ မဏ္ဍပ်တွေက သင်္ကြန်ကာလမှာမရှိမဖြစ်ပါပဲ။ သင်္ကြန်ချစ်သူ စစ်စစ်ဆိုရင် မဏ္ဍပ်မှာ လေးရက်ဆက်တိုက် စတိုင်မပျက်ပဲ ရေကစားဖူးရမယ်။ သင်ရော အဲ့လိုလူတွေထဲကပဲလား။

၅။ နေ့လည် မဏ္ဍပ်တွေ ခဏပိတ်ချိန်မှာ နားဖို့နေရာကို အသည်းအသန်ရှာဖူးရမယ်။

ထမင်းစားဖို့၊ နားနေပြီး ပြန်လည်အားယူဖို့၊ ညနေပိုင်းအတွက် ဖုန်းအားသွင်းဖို့ဆို ကံကောင်းရင်တော့ စားသောက်ဆိုင်တစ်ဆိုင်ကိုသင်ရှာတွေ့နိုင်ပါလိမ့်မယ်။ ဒါပေမဲ့စားသောက်ဆိုင် တစ်ချို့ကလူပြည့်နေနိုင်ပြီး တစ်ချို့ကလည်းပိတ်ထားနိုင်ပါတယ်။ ကားလမ်းကလည်း အရမ်းပိတ်မှသေချာနေပါတယ်။ ဒီနှစ်မှာတော့ Coca-Cola Summer Oasis ဟာ အနားယူရန် အကောင်းမွန်ဆုံးနေရာတစ်ခုဖြစ်လာတော့မှာပါ။ ဒီလို နွေးထွေးပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ Coca-Cola Summer Oasis ကတော့ ကန်တော်ကြီးပန်းခြံ၊ ကရ၀ိတ်ဥယျာဉ်အမှတ် ၁၊ ရန်ကုန်မြို့တွင် တည်ရှိမှာဖြစ်ပြီး အထူးအစီအစဉ်များနဲ့အတူ နန်းဆုဦး၊ The Kendrick ၊ The Bugbears တို့ရဲ့ ဖျော်ဖြေမှုများလည်းရှိနေမှာ ဖြစ်ပါတယ်။ မဏ္ဍပ်နားနေချိန်ဟာ တစ်ခါမှ ဒီလိုမျိုး မိုက်ပြီး လန်းဆန်းစေတာမျိုးမရှိသေးပါဘူး။ သင် ကန်တော်ကြီးပန်းခြံကိုမလာနိုင်လို့လည်း စိတ်ပူမနေပါနဲ့။ Coca-Cola Summer Oasis ကားကြီးတွေကလည်း မြို့အနှံ့သွားလာနေမှာဖြစ်ပြီး လမ်းပေါ်က လည်ပတ်သူတွေကို ကပြဖျော်ဖြေမှုများ၊ ဂိမ်းအစီအစဉ်များ ဖြင့်တင်ဆက်ပြီး လန်းဆန်းစေမယ့် Coca-Cola အေးအေးလေးကိုလည်း သုံးဆောင်နိုင်မှာဖြစ်ပါတယ်။

၆။ မုန့်လုံးရေပေါ်စားဖူးရမယ်။

သင်္ကြန်ပွဲတော်ရဲ့ ရိုးရာမုန့်ဖြစ်တဲ့မုန့်လုံးရေပေါ်ကတော့ လူတိုင်းကို ဝေမျှတဲ့အစားအစာဖြစ်ပြီး သင်မစားလိုက်ရရင်တော့ သင်္ကြန်ချစ်သူစစ်စစ်မပီသတော့ပါဘူး။ တစ်ချို့ကတော့ ငရုတ်သီးတွေထည့်ပြီး ယုံလွယ်တတ်တဲ့သူငယ်ချင်းတွေကို စနောက်လေ့ရှိပါတယ်။

၇။ တူးပို့ တူးပို့ သီချင်းနားထောင်ဖူးရမယ်။ ဒါကတော့ နာမည်ကြီး မြန်မာနှစ်သစ်ကူးသီချင်းတစ်ပုဒ်ပါ။ မြနန္ဒာ၊ သင်္ကြန်မိုး နဲ့ Rock and Roll သင်္ကြန် သီချင်းတွေလည်းပါပါတယ်။ ဒီသီချင်းတွေ နားထဲစွဲမနေဘူးဆိုရင်လည်း သင်သင်္ကြန်ချစ်သူစစ်စစ် မဟုတ်သေးပါဘူး။

၈။ သင်္ကြန်မိုး ရုပ်ရှင်ကို အခါတစ်ထောင်လောက်ကြည့်ဖူးနေရမယ်။

နှစ်တိုင်းနှစ်တိုင်း တီဗွီမှာ အမြဲလာတဲ့အတွက် သင့်မိသားစုတွေ သူငယ်ချင်းတွေတောင် စာသားတွေ အလွတ်ရနေလောက်ပါပြီ။ အထူးသဖြင့် ခင်သန်းနုပြောခဲ့တဲ့ “ကလေးတွေကို ပျော်ခွင့်ပေးလိုက်ပါ ကိုငြိမ်းမောင်ရယ်” ဆိုတဲ့စာသားပေါ့။ နှစ်တိုင်း ဒီဇာတ်ကွက်တွေကိုပဲကြည့်နေရတော့ ပြုံးမိရုံကလွဲပြီး မတတ်နိုင်ဘူးလေ။

၉။ စတုဒီသာ မဏ္ဍပ်မှာ မုန့်ဝင်စားဖူးရမယ်။ အိမ်နီးချင်းတွေ၊ သူငယ်ချင်းတွေ၊ လည်ပတ်သွားလာသူတွေကို မုန့်ဝေပေးကြတာဟာ ချစ်စဖွယ်ကောင်းပြီး ပရဟိတဆန်တဲ့ ရိုးရာလေးတစ်ခုဖြစ်ပါတယ်။ စားဖို့သောက်ဖို့ဆိုရင် ကျွန်တော်တို့ဘယ်တော့မှ မပင်ပန်း ပါဘူး။

၁၀။ နေရောင်အောက် သင်္ကြန်ရေတွေကြားထဲမှာ လန်းဆန်းစေတဲ့ Coca-Cola သောက်ဖူးရမယ်။

နေအရမ်းပူနေတဲ့အချိန်မှာ Coca-Cola အေးအေးလေးသောက်လိုက်ရတဲ့ ခံစားချက်ကတော့ အံ့မခန်းပါပဲ။ သင်ချစ်တဲ့သူတွေနှင့် Coke ကို မျှဝေပြီးတော့ ထူးခြားတဲ့ အမှတ်တရတွေဖန်တီးလိုက်ပါ။

၁၁။ လမ်းထဲမှာ ရေကစားသူနည်းနေတဲ့အတွက် ကိုယ့်ကိုယ်ကို ရေလောင်းဖူးရမယ်။

ရေမစိုသေးဘူးဆိုရင်တော့မဖြစ်သင့်သေးဘူးလေ။ ကိုယ့်ကိုရေပက်မယ့်လူမရှိဘူးဆိုရင် သင်္ကြန်ပွဲမှာ ဆင်နွှဲထားသလိုပုံမျိုးဖြစ်အောင်လုပ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကိုယ့်ကိုယ်ကို ရေလောင်း ချတာပါပဲ။ ဒီလိုလုပ်တာက လန်းဆန်းစေပြီးတော့ တခါတလေအပြင်ထွက် ရေချိုးသလိုမျိုးပေါ့။

၁၂။ ခွက်စောင်းခုတ်ဖူးရမယ်။

လူတိုင်းကို မခွဲခြားပဲ ရေလောင်းရတာနဲ့ အားမရသေးဘူးဆိုရင် သင်္ကြန်ချစ်သူစစ်စစ်တွေဟာ ခွက်စောင်းခုတ်ကြပါတယ်။ အားပြင်းပြင်းနဲ့ ပက်လိုက်ရင် စပ်ဖျင်းဖျင်း ခံစားချက်ကို ဖြစ်စေပါတယ်။ ခွက်စောင်းခုတ်တာကို အမြဲတော့မလုပ်သင့်ပါဘူး။

၁၃။ အိပ်ဖို့ကြိုးစားပေမဲ့ မဏ္ဍပ်ကဖွင့်တဲ့သီချင်းတွေကြောင့် အိပ်မရပဲဖြစ်ဖူးရမယ်။ အလုပ်တွေလုပ် စာတွေလုပ်နဲ့ ၂၀၁၇ ဟာ တော်တော်ခက်ခဲခဲ့တာမို့ အားလပ်ရက်မှာ အနားယူချင်ကြမှာသေချာပါတယ်။ ဒါပေမဲ့ သင်္ကြန်ဟာ အိပ်ချိန်မဟုတ်ဘူးလေ။ အိပ်ရာထ၊ ရေချိုး၊ သူငယ်ချင်းတွေကိုခေါ်၊ နေကာမျက်မှန်တပ်၊ Coca-Cola ဘူးလေး အိတ်ထဲထည့်ပြီး အိမ်ကထွက်ခဲ့ပါ။ သင်္ကြန်နေ့ရက်တွေကို အကောင်းဆုံးဖြတ်သန်းပြီး ဘဝအတွက် အောင်ပွဲခံလိုက်ပါ။ နှစ်ဟောင်း ကအရာရာတိုင်းကို သင်္ကြန်ရေနှင့်ဆေးကြောပစ်လိုက်ပြီး နှစ်သစ်ကိုလက်ကမ်းကြိုဆိုလိုက်ကြပါစို့။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD