Lifestyle: သင့်ကြောင်လေးကို တစ်နေရာတည်းမှာ အကြာကြီးထိုင်နေစေချင်ရင်

အိမ်မှာ ကြောင်လေးတွေ မွေးထားရင် စမ်းကြည့်ပေါ့..

play

 

ကိုယ်ချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေ အိမ်မှာရှိနေတဲ့ ပူစီကောင်က တညောင်ညောင်နဲ့ နောက်ကနေ တကောက်ကောက်လိုက်နေတဲ့အခါ သွားရလာရတာ မလွတ်လပ်တော့ဘူး။ သူ့ကိုပဲ ရှောင်နေရတယ်လေ။ ကြောင်တစ်ကောင်ကို ထိုင်ရာက မထစတမ်း နေရာမရွေ့အောင် အမိန့်ပေးဖို့က မလွယ်ပါဘူး။ ခွေးတွေကမှ ပြောစကားနားထောင်ကြတာလေ။ ခုတလော လူမှုကွန်ရက်တွေမှာတော့ ဒီလိုလုပ်ရင် ကြောင်က ထားရာနေတယ်လို့ ပြောနေကြတယ်။

play

 

ဒီနည်းကတော့ ကြောင်ရဲ့ ဘေးပတ်လည် ကြမ်းပြင်ကို တိပ်နဲ့ ဘောင်ခတ်ထားလိုက်တာပါပဲ။ ကြောင်က ထိုင်နေချိန်မှာ သူ့ကို အလယ်မှာထားပြီး အရောင်ပါတဲ့တိပ်အထူနဲ့ ဘေးပတ်လည်ကို စည်းသားဘောင်ခတ်လိုက်ရတာဖြစ်ပါတယ်။ ဒီလိုဆိုရင် ကြောင်က အဲ့ဒီနေရာမှာပဲ ထိုင်နေပါတော့တယ်။ သူ့စိတ်ထဲမှာ သူ့ကို သေတ္တာထဲထည့်လိုက်တယ်လို့ ခံစားသွားရပုံပါပဲ။

 

ဒီနည်းလမ်းကို Danielle Matheson အမည်နဲ့ တွစ်တာအသုံးပြုသူက စတင်ဖော်ပြခဲ့တာပါ။ သူ့ရဲ့မိခင်ဖြစ်သူက ဒီလိုလုပ်လိုက်ရင် ကြောင်က နေရာမရွေ့တော့ဘူးလို့ သူက ရေးထားပါတယ်။

play

 

မတ်သီဆန်ရဲ့ နည်းလမ်းကို လူတွေက လိုက်လံစမ်းသပ်ကြည့်ရာမှာ တကယ်ပဲ ကြောင်က နေရာမရွေ့ဘဲအချိန်ကြာကြာ ထိုင်နေတယ်လို့ အတော်များများက ထောက်ခံအတည်ပြုနေကြပါတယ်။ ကြောင်တိုင်းတော့ မဟုတ်ပေမဲ့ အတော်များများကတော့ ဒီနည်းနဲ့ လျှောက်မသွားဘဲနေအောင် ထိန်းထားနိုင်တာ တွေ့ရပါတယ်။

Source & Photos : Twitter

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ