Lifestyle: ငွေကြေး၊ စတော့နဲ့ ရွှေဈေး ခန့်မှန်းခြင်းဆိုင်ရာ ပညာရပ်ကို သင်ကြားနိုင်

ပရော်ဖက်ရှင်နယ်ဈေးကွက်ခန့်မှန်းသူ ဖြစ်လိုသူတွေ တက်ရောက်သင့်တာ ဖြစ်ပါတယ်။

play

 

စတော့နဲ့ ရွှေဈေးကွက်တွေကို ခန့်မှန်းရာမှာ ကမ္ဘာတစ်ဝှမ်းအသုံးပြုနေတဲ့ ဈေးကွက်ခန့်မှန်းခြင်းဆိုင်ရာ ပညာရပ်သင်တန်းကို Institute of Business and Investment Management (IBIM) မှာ သင်ကြားနိုင်မယ်လို့ သိရပါတယ်။

A Technical Approach to Global Financial Markets (Forecasting Financial Markets using Technical Analysis) ကို ဧပြီ ၂၅ ရက်နေ့မှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး သင်တန်းချိန်ဟာ ညနေ ၆ နာရီကနေ ၈ နာရီထိ ဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းမှာ စတော့၊ ရွှေဈေးနဲ့ ငွေကြေးဈေးကွက် အတက်အကျကို ခန့်မှန်းလိုသူတွေ၊ အပြည်ပြည်ဆိုင်ရာ ဈေးကွက်ခန့်မှန်းခြင်းဆိုင်ရာ ဘာသာရပ်ကြီးတစ်ခုဖြစ်တဲ့ Technical Analysis (TA) ကို အခြေခံမှစပြီး စနစ်တကျလေ့လာလိုသူတွေနဲ့ ပရော်ဖက်ရှင်နယ်ဈေးကွက်ခန့်မှန်းသူ ဖြစ်လိုသူတွေ တက်ရောက်သင့်တာ ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ သတင်း -လက်တွေထုံနေရတဲ့ အကြောင်းအရင်း (၅) ချက် )

play

 

စာတွေလက်တွေ့ ပေါင်းစပ်သင်ကြားပေးမှာဖြစ်ပြီး  Technical Analysis (TA) ဘာသာရပ်ကို ၂၀၀၅ ခုနှစ်မှစပြီး  မြန်မာနိုင်ငံမှာ သင်ကြားပေးခဲ့တာဖြစ်ပါတယ်။ သင်တန်းတစ်လျှောက်မှာလည်း  Realtime Chart တွေ အသုံးပြုသင်ကြားပေးသွားမှာဖြစ်ပါတယ်။ သင်တန်းကာလက ၁၅ နာရီဖြစ်ပြီး သင်တန်းကြေး ၉၀၀၀၀ ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။

အသေးစိတ်သိရှိလိုသူတွေအနေနဲ့ Institute of Business and Investment Management (IBIM)၊ အမှတ် ၂၅၃ (A101)၊ မဟာဗန္ဓုလလမ်းနဲ့ ၄၅ လမ်းထောင့်၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်းနံပါတ်- ၀၉ ၉၆၁၈၈ ၉၆၂၂ နဲ့ ၀၉ ၇၈၃၉၃ ၆၃၉၀ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ