AD
AD
AD
play

 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဝ၀ကစ်ကစ် မျောက်ကြီးတစ်ကောင်အကြောင်း ပြောမလို့ပါ။ သစ်ပင်သစ်ကိုင်းတွေမှာ အမြဲတမ်း ခုန်လွှဲပြေးလွှားနေတဲ့ မျောက်တွေက ပေါ့ပါးတဲ့ခန္ဓာကိုယ် ရှိကြတယ်လေ။ ဘန်ကောက်က အန်ကယ်ဖက်တီးကြီးကတော့ နာမည်နဲ့လိုက်အောင် အဝလွန်နေတဲ့ဖက်တီးကြီး ဖြစ်နေပါတယ်။

play

သာမာန်မျောက်တွေရဲ့ ကိုယ်အလေးချိန်ထက် နှစ်ဆကျော်၊ သုံးဆ ပိုပြီးဝနေတဲ့ မျောက်ကြီးတစ်ကောင်က ဖရဲသီးတွေလည်း အားပါးတရစားလို့စား၊ ဖျော်ရည်တွေသောက်၊ ပြောင်းဖူးတွေ၊ ခေါက်ဆွဲတွေ စသဖြင့် တစ်ခုပြီးတစ်ခု စားသောက်နေပုံဟာ ဖြတ်သွားဖြတ်လာတွေကို သတိပြုစေခဲ့ပါတယ်။ ဘန်ကောက်က ရေပေါ်ညဈေးနားမှာ သူ့ကိုတွေ့ရတာပါ။ သူက ဘယ်သူကျွေးကျွေး မငြင်းစတမ်း စားတာပဲ။ ဒီလိုစားရင်းသောက်ရင်းက သူ့ဗိုက်ကြီးဟာ လူတွေအဝလွန်သလို ဖောင်းကားလာပါတော့တယ်။

play

 

အဝလွန်နေတဲ့မျောက်ကြီးကို လူတွေက အန်ကယ်ဖက်တီးလို့ ချစ်စနိုးနဲ့ နာမည်ပြောင်ပေးထားကြပါတယ်။ သူ့ရဲ့ကိုယ်အလေးချိန်က ၃၃ ပေါင် အထိ ရှိနေပါပြီ။ သာမာန်မျောက်တစ်ကောင်ရဲ့ အလေးချိန်ဖြစ်တဲ့ ၁၇.၅ ပေါင်ထက် အတော်ကျော်လွန်နေတာကြောင့် သူ့ကို တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့တွေက ခေါ်ယူစောင့်ရှောက်ကာ ဝိတ်ချပေးနေရတယ်လို့ သိရပါတယ်။

play

 

သူက ဝသာဝတာ ကျန်းမာရေးကတော့ ကောင်းပါတယ်။ ချစ်စရာကြီးမို့ လူတွေကလည်း အန်ကယ်ဖက်တီးကို ချစ်ကြပြီး ပိုကျွေးရင်း ပိုစားရင်းနဲ့သာ ဝလာလို့ ဝိတ်ချပေးရတာသာ ဖြစ်ပါတယ်။

Source : Mail Online

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD