Lifestyle: မချစ်ချင်ရင် သေချင်ယောင်ဆောင်တဲ့ ပုစဉ်းမများ

အနားကိုရောက်လာတဲ့ ပုစဉ်းထီးတွေကို ပိပိရိရိ လှည့်ဖြားလိုက်တာလည်း ဖြစ်ပါတယ်။

play

 

သားရဲကြီးတွေနဲ့ ရင်ဆိုင်ရခါနီးမှာ အသက်ဘေးကလွတ်ဖို့အတွက် သေချင်ယောင်ဆောင်တတ်ကြတဲ့ တိရစ္ဆာန်လေးတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ မချစ်မနှစ်သက်သူလက်က လွတ်မြောက်ဖို့အတွက် သေချင်ယောင်ဆောင်တယ်ဆိုတာကတော့ ခပ်ရှားရှားပဲ။

 

ပုစဉ်းအမတွေဟာ သူတို့ သဘောမကျတဲ့ ပုစဉ်းထီးတွေနဲ့ မိတ်လိုက်ဖို့ မလိုလားရင် သေချင်ယောင်ဆောင်တတ်ကြပါသတဲ့။ အနားကိုရောက်လာတဲ့ ပုစဉ်းထီးတွေကို ပိပိရိရိ လှည့်ဖြားလိုက်တာလည်း ဖြစ်ပါတယ်။

play

 

New Scientist ဝက်ဘ်ဆိုက်မှာ ဖော်ပြချက်အရ မြေရိုင်းဒေသမှာ ကျက်စားနေထိုင်တဲ့ ပုစဉ်းအမတွေဟာ သူတို့ မနှစ်သက်တဲ့ ပုစဉ်းထီးတွေက အနားကိုအသံပေးပြီးရောက်လာတာနဲ့ ချက်ချင်းဆိုသလို မြေကြီးပေါ်ကို ထိုးဆင်းလိုက်ကြတယ်လို့ သိရပါတယ်။ သေသွားလို့ မြေပေါ်ကို ပြုတ်ကျသွားသယောင် ဟန်ဆောင်လိုက်တာပါ။ ဒီလေ့လာမှုကို Ecological Society of America မှာ ထုတ်ဖော်တင်ပြခဲ့တာဖြစ်ပြီး ပုစဉ်း ၃၁ ကောင်မှာ ၂၇ ကောင်က ယခုလိုပြုမူကြောင်း တွေ့ခဲ့ရပါတယ်။

Source : MNN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ