Lifestyle: ကိုယ့်ရဲ့ရေချိုးခန်းဟာ ကိုယ့်စိတ်ကိုအပန်းပြေစေမယ့် နိဗ္ဗာန်ဘုံလေးပါ

သပ်သပ်ရပ်ရပ်လေးတော့ ဖြစ်နေရမယ်။

စိတ်ညစ်ရင် ရေချိုးလိုက် ... လန်းသွားတယ်။ ပင်ပန်းနေပြီဆိုလည်း ရေနွေးလေးနဲ့ချိုးလိုက်ရင် ပင်ပန်းတာတွေ သက်သာသွားတယ်။ ရေချိုးချိန်တွေမှာ ကိုယ့်စိတ်ကို သက်တောင့်သက်သာဖြစ်ပြီး ပင်ပန်းမှုတွေ၊ စိတ်ညစ်စရာတွေ ပျောက်သွားနိုင်ဖို့ ရေချိုးခန်းလေးကို ဒီလိုနည်းတွေနဲ့ အလှဆင်ထားလို့ရတယ်ဆိုတာ ပြောပြမယ်နော်။

play

 

၁။ ဖြစ်နိုင်မယ်ဆိုရင်တော့ဖြင့် ရေချိုးခန်းအဝမှာ ခြေသုတ်ပုဝါအစား ကျောက်ခဲလေးတွေကို ဗန်းတစ်ခုနဲ့ ခင်းထားကြည့်ပါလား။ ခြေဖဝါးတွေ အညောင်းအညာကိုပြေရော။

play

 

၂။ ကြိမ်ထည်ပစ္စည်းလေးတွေက မျက်စိပသာဒဖြစ်စေပါတယ်။ နံရံကပ်အလှပြီး ပစ္စည်းလေးတွေ တင်ထားလို့ရတာပေါ့။

play

 

၃။ ရေချိုးခန်းသုံး သန့်ရှင်းရေးပစ္စည်းတွေဖြစ်တဲ့ နားကြပ်ဂွမ်းတံ၊ မိတ်ကပ်ဖျက်ဖော့၊ ဂွမ်း စတာတွေကို ဒီလိုမျိုး ပုလင်းလေးတွေနဲ့ တန်းစီပြီးထားလို့ရတယ်။ နံရံမှာ သစ်သားချောင်းတစ်ခုရိုက်ပြီး ပုလင်းတွေကို ချိတ်ထားရုံပဲ။

play

 

၎။ ဆေးသုတ်ပါ။ ဆေးရောင်လှလှသုတ်ထားတဲ့အခါ စိတ်ခံစားချက်ကောင်းတွေ ဖြစ်လာစေတယ်။ မှန်ပေါင်ကိုလည်း ဆေးသုတ်ထားရင် အကောင်းဆုံးပေါ့။

play

 

၅။ ရေချိုးဇလုံထဲမှာ ဇိမ်ကျကျ စိမ်ချင်ရင် တန်းလေးတစ်ခုလောက်တော့ ဆောင်ထားရမယ်။ စာအုပ်၊ ၀ိုင်ခွက်၊ အမွှေးဖယောင်းတိုင်တွေ တင်ထားဖို့အတွက်လေ။

play

 

၆။ အပင်လေးတွေကို စိုက်ထားတာလည်း ကောင်းပါတယ်။ စိမ်းစိမ်းစိုစိုနဲ့ဆိုတော့ မျက်စိအေးတာပေါ့။ အပင်တွေက ရေချိုးခန်းထဲက အနံ့အသက်ကိုလည်း ကောင်းမွန်စေပါတယ်။

Source : Bright Side

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ