Lifestyle: ရန်မူနေတဲ့ခွေးနဲ့ ကြုံလာပြီဆို လုပ်ရမယ့်အရာ (၅) ခု

ကြောက်နေရင် အကိုက်ခံရဖို့များတယ်။

play

 

ခွေးချစ်တာတွေ၊ သနားတာတွေ အသာထားလိုက်။ လမ်းသွားရင်းနဲ့ ဘယ်ကမှန်းမသိ ခွေးတစ်ကောင်က ကိုယ့်ကိုလာဟောင်ပြီး ကိုက်တော့မလို ရန်မူနေရင်တော့ အနည်းနဲ့အများဆိုသလို လန့်ရတာပဲ။ ခွေးနဲ့ဖက်ကိုက်လို့လည်း မရဘူးလေ :P ။ ဒါလေးတွေကိုတော့ မှတ်ထားလိုက်ပါ။

၁။ အကြောက်လွန်တဲ့ပုံမပြနဲ့

ခွေးတွေက လူ့စိတ်ကို တော်တော်နားလည်ကြတယ်။ ကိုယ်ကကြောက်နေပြီဆို သူတို့က ပိုဟောင်ကြတာ။ ခွေးဟောင်နေပြီဆို အရမ်းကြောက်ပြီး လက်တွေရမ်းတာ၊ ထွက်ပြေးတာမျိုး မလုပ်မိဖို့လိုတယ်။ ပြေးရင်ပိုလိုက်လိမ့်မယ်။ လွတ်အောင်မပြေးလို့ကတော့ အကိုက်ခံရဖို့သေချာသလောက်ပဲ။ ဒီတော့ စိတ်ကိုငြိမ်အောင်ထားကြည်ပါ။

play

၂။ မပြေးနဲ့လျှောက်

ကိုယ်က ပြေးနေတုန်း ခွေးတစ်ကောင်နောက်က ပြေးလိုက်လာပြီဆို ပြေးတာကိုရပ်ပြီး လမ်းလျှောက်လိုက်ပါ။ ခွေးနဲ့ဆန့်ကျင်ဘက်အရပ်ကို လမ်းလျှောက်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ခွေးကိုတော့ မျက်ခြေမပြတ် သတိထားနေဖို့လိုတာပေါ့။ ကိုယ်က ပြေးနေလို့သာ ခွေးက စိတ်ဝင်စားပြီးလိုက်လာတာ မပြေးတော့ဘူးဆို သူလည်း စိတ်မဝင်စားတော့ဘဲ လှည့်ထွက်သွားလိမ့်မယ်။

၃။ မျက်လုံးချင်းမဆုံရဘူး

ခွေးရဲ့လှုပ်ရှားမှုကို စောင့်ကြည့်တဲ့အခါ မျက်လုံးလေးစွေပြီးကြည့်ပါ။ မျက်နှာချင်းဆိုင်ပြီး ဒဲ့ကြည့်ရင် သူ့ကိုရန်လိုနေတယ်လို့ထင်ပြီး ကိုက်လိမ့်မယ်။

play

 

၎။ အာရုံလွှဲ

ကိုက်စရာတစ်ခုခု ဒါမှမဟုတ် စားစရာတစ်ခုခုလောက်ကို ခွေးမြင်အောင် ပစ်လိုက်ပါ။ သူ့ကိုအာရုံလွှဲလိုက်တော့ ကိုယ့်ဆီမလာတော့ဘဲ ပစ်လိုက်တဲ့အရာဝတ္ထုဆီကို ပြေးသွားလိမ့်မယ်။ အဲ့ဒီအချိန်မှ လွတ်အောင်ပြေးရတာ။

၅။ ခပ်မာမာနဲ့ ဟောက်လိုက်

ခွေးက ကိုယ့်အနားကို ဖြည်းဖြည်းချင်း ချဉ်းကပ်လာရင် လေသံမာမာနဲ့ "နောက်ဆုတ်စမ်း၊ နောက်ဆုတ်" လို့ ဟောက်လိုက်ပါ။ သူတို့က သူများကိုလည်းက ခြောက်တတ်သလို ကြောက်လည်းကြောက်တတ်တဲ့ကောင်တွေမဟုတ်လား။ ကိုယ့်လေသံက ကြောက်သံမပါဖို့တော့ အရေးကြီးတယ်။

Source : Bright Side

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ