Lifestyle: ဘဝမစခင် လုပ်သင့်တဲ့အရာများ

အသက် (၄၀) မှ ဘဝစတယ်လို့ ဆိုကြတဲ့အတွက် အသက် (၃၀) ဆိုတာကို ဘဝမစခင် အရှိန်ယူနေဆဲအဆင့်လို့ ပြောရင်လည်း ရပါတယ်။

play

အသက် (၄၀) မှ ဘဝစတယ်လို့ ဆိုကြတဲ့အတွက် အသက် (၃၀) ဆိုတာကို ဘဝမစခင် အရှိန်ယူနေဆဲအဆင့်လို့ ပြောရင်လည်း ရပါတယ်။ ဘဝဆိုတာကြီးကို မျက်ဝါးထင်ထင်မမြင်ရခင် အသက် (၃၀) နဲ့ (၄၀) ကြားအရွယ်ဟာ လောကဓံအောက်မှာ လှုပ်ရှား ရုန်းကန်ကြရတဲ့အချိန်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို ခက်ခဲကြမ်းတမ်းတဲ့ အသက် (၃၀) မတိုင်ခင်မှာ အောက်ပါအချက်တွေကို လုပ်ထားသင့်ပါတယ်။

၁။ ခရီးများများထွက်သင့်
 

အသက် (၂၀) နဲ့ (၃၀) ကြားဆိုတာ လူငယ်လူရွယ်ဘဝထဲမှာပဲရှိသေးတဲ့အတွက် ငယ်တုံးရွယ်တုံးမှာ ဒေသန္တရဗဟုသုတ များများရှာဖွေသင့်ပါတယ်။ ခရီးတစ်ခုထွက်ခြင်းကရတဲ့ ဗဟုသုတဟာ စာအုပ် (၁၀) အုပ်ဖတ်ခြင်းက ရတဲ့ဗဟုသုတထက်ပိုတယ်ဆိုတဲ့ ဆိုရိုးလည်းရှိပါတယ်။ အသက် (၃၀) နောက်ပိုင်းမှဆိုရင် ပုခုံးပေါ်မှာထမ်းပိုးထားရတဲ့ လုပ်ငန်းတာဝန်တွေ၊ အိမ်ထောင့်တာဝန်တွေနဲ့ ခရီးတစ်ခုကို စိတ်အေးလက်အေးထွက်နိုင်တော့မှာ မဟုတ်ပါဘူး။

play

၂။ စာအုပ်များများဖတ်သင့်
 

အသက် (၃၀) မတိုင်ခင်အချိန်တွေဟာ စိတ်ရောကိုယ်ပါလန်းဆန်းတက်ကြွပြီး မှတ်သားနိုင်စွမ်းလည်းကောင်းမွန်တဲ့အရွယ် ဖြစ်ပါတယ်။ ဒီအရွယ်မှာ စာအုပ်များများဖတ်ထားပေးခြင်းဖြင့် ကိုယ့်ရဲ့အသက်မွေး ဝမ်းကြောင်းလုပ်ငန်းကိုပါ အထောက်အကူပြုနိုင်ပါတယ်။ အသက် (၃၀) နောက်ပိုင်းရောက်ရင် များပြားလှတဲ့တာဝန်ဝတ္တရားတွေကြောင့် စာအုပ်တစ်အုပ်ကို အရသာခံဖတ်ဖို့အချိန် ရှားပါးလာတာကို တွေ့ရှိရပါလိမ့်မယ်။

၃။ ကျန်းမာရေးလိုက်စားသင့်

ငယ်ရွယ်စဉ်ကတည်းက ကျန်းမာရေးလိုက်စားတဲ့အလေ့အကျင့်ကိုမွေးတဲ့လူတွေဟာ အသက် (၃၀) ကျော်ပြီးရင် အလေ့အထတစ်ခုအဖြစ်ပါလာပြီး ကျန်းမာရေးအတွက်ကော၊ ကိုယ်ကာယအလှအပအတွက်ပါ အသုံးဝင်ပါတယ်။ အသက် (၂၅) နှစ်ကျော်လာလို့ ပုံမှန်လေ့ကျင့်ခန်းမလုပ်ရင် သောက်ထားစားထားတဲ့အရှိန်လေးတွေကြောင့် ဘီယာဗိုက်လေးတွေထွက်လာတတ်ပြီး အသက် (၃၀) ကျော်တာနဲ့ ဘီးကျဲ ရုပ်ထွက်နေတတ်ပါတယ်။ ဒါကိုရှောင်ရှားဖို့အတွက် အသက် (၃၀) မတိုင်ခင်ကတည်းက ကျန်းမာရေးပုံမှန်လိုက်စားသင့်ပါတယ်။

play

၎။ အလုပ်အကိုင်အတည်တကျရှိသင့်

ငယ်တုံးရွယ်တုံးပဲ career jump (အသက်မွေးဝမ်းကြောင်းအလုပ်ပြောင်းခြင်း) လုပ်လို့ကောင်းပါတယ်။ အသက်လေးရလာတဲ့အချိန်ထိ အလုပ်အကိုင်အတည်တကျ မရှိသေးဘူးဆိုရင် ရေရှည်အလုပ် လုပ်စားဖို့ ခဲယဉ်းလာပါလိမ့်မယ်။ ဒါကြောင့် အသက် (၃၀) မပြည့်ခင် ကိုယ်ဘာအလုပ်လုပ်ပြီး ထမင်းရှာစားမယ်ဆိုတာကို ရှင်းအောင်စဉ်းစားဆုံးဖြတ်ပြီး အလုပ်အကိုင်အတည်တကျရှိအောင် ကြိုးစားသင့်ပါတယ်။

play

၅။ ငွေကြေးစုဆောင်းသင့်
 

ပိုက်ဆံရှာနိုင်စဉ်အချိန်မှာ တစ်လ တစ်လစုမိဆောင်းမိဖို့ဆိုတာ တော်တော်မလွယ်တဲ့ကိစ္စတစ်ခုပါ။ အပေါင်းအသင်းတွေနဲ့လည်ရင်းပတ်ရင်း၊ သုံးရင်းဖြုန်းရင်းနဲ့ပဲ တစ်လစာဝင်ငွေဟာ လမကုန်ခင် ပြောင်နေတော့တာပါပဲ။ ငယ်ရွယ်စဉ်မစုမိ မဆောင်းမိတဲ့ဒဏ်ကို အသက်ကြီးမှသိရမှာပါ။ အသက် (၃၀)ကျော်ပြီဆိုရင် အိမ်ထောင်သားမွေးကိစ္စတွေနဲ့ ငွေလိုအပ်လာတဲ့အချိန်မှာ စုမိဆောင်းမိထားတာမရှိရင် ချေးရငှားရနဲ့ တော်တော်လေး ကသီလင်တနိုင်ပါတယ်။ ဒါကြောင့် အသက် (၃၀) မတိုင်ခင်လုပ်သင့်တဲ့အလုပ်ထဲမှာ ငွေကြေးစုဆောင်းတာလည်း ပါပါတယ်။

၆။ မိဘကိုပြန်ကြည့်သင့်

အသက် (၃၀) ကျော်ပြီဆိုရင် အများစုကတော့ အိမ်ထောင်ရက်သားကျကုန်ကြတာများပါတယ်။ ကိုယ့်အိမ်ထောင်နဲ့ကိုယ် ဖြစ်လာပြီဆိုရင် မိဘကိုပြန်ကြည့်နိုင်ဖို့ ခဲယဉ်းလာပါတယ်။ ဒါကြောင့် ကိုယ်လည်း ရှာနိုင်ဖွေနိုင်၊ ပေးနိုင်ကမ်းနိုင်တုံး မိဘကိုပြန်ကြည့်ပေးပါ။ ပြန်လည်စောင့်ရှောက်ပေးပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ