Lifestyle: စမတ်ဖုန်းသုံးသူတိုင်း လိုက်နာသင့်တဲ့ လုံခြုံရေးနည်းလမ်းလေးတွေ

စမတ်ဖုန်းသုံးသူတိုင်းသိထားသင့်တဲ့ လုံခြုံရေးလုပ်ဆောင်မှုလေးတွေကိုတော့ လူတိုင်းမလိုက်နာကြပါဘူး။

play

 

ဒီနေ့ခေတ်ကြီးမှာ စမတ်ဖုန်းတစ်လုံးမရှိတဲ့သူဆိုတာ တော်တော်ရှားပါလိမ့်မယ်။ စမတ်ဖုန်းနဲ့ အတိုင်းအတာတစ်ခုထိ ရင်းနှီးကျွမ်းကျင်ကြပေမယ့် စမတ်ဖုန်းသုံးသူတိုင်းသိထားသင့်တဲ့ လုံခြုံရေးလုပ်ဆောင်မှုလေးတွေကိုတော့ လူတိုင်းမလိုက်နာ ကြပါဘူး။ ဒီလုပ်ဆောင်မှုလေးတွေက ဘာမှမခက်ခဲပေမယ့် ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး မလိုက်နာမိကြတာများပါတယ်။ အဲဒါတွေကတော့....

၁။ စကားဝှက်မခံခြင်း

play
 

တော်တော်များများက စမတ်ဖုန်းတစ်လုံးကို ကိုယ်နဲ့မကွာဆောင်ထားတာပဲဆိုပြီး password (စကားဝှက်) တစ်ခုခုနဲ့ lock လုပ်ထားဖို့ မေ့လျော့တတ်ကြပါတယ်။ ယနေ့ခေတ်ကြီးမှာ Finger Print (လက်ဗွေရာ) နဲ့စကားဝှက်ခံလို့ရတဲ့ စမတ်ဖုန်းတွေလည်း အများကြီး ပေါ်နေပြီဆိုတော့ မိမိရဲ့ကိုယ်ပိုင်ဒေတာတွေလုံခြုံရေးအတွက် စကားဝှက်ကတော့ သေချာခံထားသင့်ပါတယ်။

ခါးပိုက်နှိုက်တွေ ပေါများတဲ့ ခေတ်ကြီးလည်းဖြစ်လို့ ဖုန်းအခိုးခံရရင် ဆုံးရှုံးရမှာဖုန်းတန်ဖိုးတင်မကပါဘူး။ မိမိရဲ့ကိုယ်ပိုင်ဒေတာတွေ၊ လျှို့ဝှက်ချက်တွေကိုပါ ဆုံးရှုံးရမှာပါ။ ဒါကြောင့် စကားဝှက်ခံခြင်းကို သတိထားပြုလုပ်ပေးသင့်ပါတယ်။

၂။ အားသွင်းနေရင်းဖုန်းသုံးခြင်း

play
 

လူမှုကွန်ရက် (Facebook, Twitter, Instagram) တွေက လူကိုစွဲလမ်းစေပါတယ်။ လူမှုကွန်ရက်ပေါ်မှာ စိတ်ဝင်စားစရာ အကြောင်းအရာတစ်ခုခုနဲ့ ကြုံနေစဉ် ဖုန်းအားကုန်တော့မယ်ဆိုရင် ဖုန်းအားသွင်းရင်း ဖုန်းကိုဆက်သုံးမိတတ်ကြပါတယ်။ ဒါဟာအလွန်အန္တရာယ်များတဲ့လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ ရှေ့မှာလည်း ဖုန်းအားသွင်းထားရင်း ဖုန်းသုံးမိလို့ ဖုန်းထပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရကြတဲ့ဖြစ်စဉ်တွေလည်း မနည်းပါဘူး။ ဒါကြောင့်သတိထားသင့်တဲ့အချက်တစ်ခုလည်း ဖြစ်ပါတယ်။

၃။ ညအိပ်ရင်ဖုန်းကို ဘေးနားမှာထားခြင်း

play
 

ညဘက် ရည်းစားနဲ့ဖုန်းပြောရင်းဖြစ်ဖြစ်၊ Facebook သုံးရင်းဖြစ်ဖြစ် အိပ်မောကျသွားတဲ့အခါ ကျွန်တော်တို့ရဲ့ဘေးမှာ စမတ်ဖုန်းတွေဟာ ပွင့်လျက်သားကြီးဖြစ်နေတတ်ပါတယ်။ ဒါဟာလည်းအလွန်အန္တရာယ် များတဲ့အပြုအမူတစ်ခုပါပဲ။ ဘက်ထရီ issue ပဲဖြစ်ဖြစ်၊ အင်တာနက်ကြီးဖွင့်ထားလို့ ဖုန်းကတအားပူနေတာပဲဖြစ်ဖြစ် ဖြစ်တဲ့အခါ ကျွန်တော်တို့ရဲ့အိပ်စက်ခြင်းကို အနှောင့်အယှက်ပေးသလိုဖြစ်တတ်ပါတယ်။ ဒါမှမဟုတ် အရေပြားတွေကို အပူလောင်စေနိုင်ပါတယ်။

၎။ ဖုန်းအကြာကြီးပြောခြင်း

play

စမတ်ဖုန်းမျက်နှာပြင်နဲ့ ပါးကိုအပ်ပြီး ဖုန်းအကြာကြီးပြောတာပဲဖြစ်ဖြစ်၊ ဘလူးတုထ် (bluetooth) (သို့) နားကြပ်နဲ့ ဖုန်းအကြာကြီး ပြောတာပဲဖြစ်ဖြစ် (၂) နာရီလောက် ဆက်တိုက်ဖုန်းပြောမယ်ဆိုရင် နားကိုကော ၊ အာရုံကြောစနစ်ကိုကော ဒုက္ခပေးနိုင်ပါတယ်။ တစ်ခါတလေမှာ ရည်းစားနဲ့ဖုန်းထဲမှာရန်ဖြစ်တာပဲတို့၊ အလွမ်းသယ်နေတာတို့၊ သူငယ်ချင်းနဲ့အတင်းတုပ်နေတာတို့မှာ ဖုန်းအကြာကြီးပြောမိတတ်တာ သဘာဝပါ။ ဒါပေမယ့် သတိလေးနဲ့ထိန်းပြီးပြောတာ ကျန်းမာရေးအတွက်စိတ်ချရပါတယ်။

၅။ ဒေါင်းလုပ်မဆွဲခင် ဖော်ပြပါအသေးစိတ်အချက်တွေကိုသေချာမဖတ်ခြင်း

play
 

ကျွန်တော်တို့တွေ app တစ်ခုကို ဒေါင်းလုပ်ဆွဲတော့မယ်ဆိုရင် အသေးစိတ်အချက်အလက်တွေကို ဘယ်သူသေချာဖတ်ပါသလဲ။ ဒါဟာတကယ်တော့ အလွန်အရေးကြီးပါတယ်။ မကြာသေးခင်က သတင်းတစ်ပုဒ်မှာဖတ်လိုက်ရသလိုပဲ။ အခမဲ့ဝိုင်ဖိုင်သုံးစွဲသူတွေဟာ terms and conditions လို့ခေါ်တဲ့အသေးစိတ်အချက်အလက်တွေကို သေချာမဖတ်မိတဲ့အတွက် အချက်အလက်ထဲမှာ ဖော်ပြထားတဲ့ အတိုင်း လူမှုရေးလုပ်ဆောင်မှုတွေကို နာရီ (၁၀၀၀) ကြာ လုပ်ဆောင်ပေးရပါတော့မယ်။

တကယ်လို့ အသေးစိတ်အချက်အလက် ထဲမှာ app တစ်ခုကို သုံးတဲ့အတွက် ခင်ဗျားဘဝရဲ့ အချိန် (သို့) တခြားတန်ဖိုးရှိတဲ့အရာ တွေကို တောင်းခံထားမယ်ဆိုရင်ကော ခင်ဗျားဆက်သုံးဖြစ်ဦးမှာလား။ ဒါကြောင့် app တစ်ခုခု (သို့) ဝန်ဆောင်မှုတစ်ခုခုကို သုံးတော့မယ်ဆိုရင် အသေးစိတ်အချက်အလက်တွေကို သေချာဖတ်ဖို့က အရေးအကြီးဆုံးပါပဲ။

၆။ ဒေတာတွေ backup မလုပ်ခြင်း

play
 

လျှပ်စစ်ပစ္စည်းတွေကို ရာနှုန်းပြည့်ယုံကြည်လို့မရပါဘူး။ အချိန်မရွေးထဖောက်နိုင်သလို မိမိရဲ့ပေါ့ဆမှုကြောင့်၊ တစ်ပါးသူရဲ့ ပေါ့ဆမှုကြောင့် ကျကွဲတာတို့၊ ဘာတို့လည်းဖြစ်နိုင်ပါတယ်။ အဲဒီကျမှ ဒေတာတွေကို backup မလုပ်မိလေခြင်းဆိုပြီး နောင်တရနေလို့လည်း အပိုပါပဲ။ ဒါကြောင့် မိမိရဲ့တန်ဖိုးရှိဒေတာတွေကို backup လုပ်ထားတာအကောင်းဆုံးပါပဲ။

Source: youngisthan

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ