AD
AD
AD

"Hot Yoga" ဆိုတဲ့စကားလုံးကို ကြားဖူးမလားတော့မသိပါဘူး။ Hot Yoga (ယောဂ အပူ) ဆိုတာ အပူချိန် 40 °C နဲ့ စိုထိုင်းဆ (၄၀) ရာခိုင်နှုန်းပါဝင်အပူပေးထားတဲ့ စတူဒီယိုခန်းထဲမှာ လုပ်ရတဲ့ ယောဂကစားနည်း တစ်မျိုးဖြစ်ပါတယ်။ Hot Yoga ကစားနည်းကို ၂၀ ရာစုကုန်ခါနီးအချိန်တုံးက Bikram Chaudhary ဆိုတဲ့လူတစ်ဦးက တီထွင်ခဲ့ပါတယ်။ Wikipedia ရဲ့ အဆိုအရတော့ Bikram Chaudhary ဟာ နေ့စဉ် (၆) နာရီခန့် ယောဂကစားနည်းပေါင်းစုံကို စမ်းသပ်ကစားကြည့်ရာကနေ ဒီကစားနည်းကို ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်တဲ့။

play

 

ယောဂကစားနည်းနဲ့မတူတာက ဒီယောဂကစားနည်းကိုပြုလုပ်ဖို့ မနက်အိပ်ယာထတာနဲ့သွားတိုက်၊ မျက်နှာသစ်ပြီးတာနဲ့ တန်းလုပ်လို့မရပါဘူး။ Hot Yoga ဆော့ဖို့အတွက် ရေဓာတ်ပြည့်ဝနေဖို့နဲ့ ဗိုက်ကို ပြည့်အင့်နေစေမယ့် အစားအစာတွေ ဘာမှမစားထားဖို့လိုပါတယ်။

ဒီ ယောဂကစားနည်းမှာ ပို့စ်ပေါင်း (၂၆) မျိုးရှိပြီး မှန်ကန်အောင်လုပ်ပေးနိုင်မယ်ဆိုရင် ခန္ဓာကိုယ်ဟာ ကောင်းကောင်း အညောင်းပြေသွားမှာပါ။ သွေးတိုးရောဂါရှိသူတွေနဲ့ အပူဒဏ်လွန်ကဲမှု၊ ချွေးထွက်များမှုကို မခံနိုင်သူတွေကတော့ ကျန်းမာရေးအတွက်မကောင်းတဲ့အတွက် မဆော့သင့်ပါဘူး။

 

ချွေးအများကြီးထွက်မယ့် ယောဂကစားနည်းလည်းဖြစ်တဲ့အတွက် ချွေးထုတ်ခန်းသွားလိုက်ရသလိုပဲ အကြောအချင်တွေပြေပြီး လန်းဆန်းပေါ့ပါးလာစေမှာပါ။ Hot Yoga ကစားခြင်းဖြင့် အောက်ဖော်ပြပါကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

၁။ ကြွက်သားတွေကို ထိန်းညှိပေးတယ်

play
 

Hot Yoga ကစားခြင်းက ကိုယ်နေဟန်ထား pose (၂၆) မျိုး ပြည့်အောင်ကစားရင်း ကြွက်သားတွေကိုအားစိုက်ထုတ်ရပါတယ်။ အဓိကက ခြေတွေ၊ လက်တွေကိုဆန့်ထုတ်ရတာဖြစ်တဲ့အတွက် hot yoga ကစားခြင်းဖြင့် ခြေလက် ကြွက်သားတွေကို ထိန်းညှိပေးပါတယ်။ ဒီလိုနဲ့ ပိုမိုကြည့်ကောင်းတဲ့ ခန္ဓာကိုယ်သွင်ပြင်ကိုလည်း ရရှိနိုင်ပါတယ်။

၂။ အဆိပ်ပြေစေတယ်

play
 

ကျွန်တော်တို့နေ့စဉ်စားသောက်နေတဲ့ အစားအသောက်တွေထဲမှာ ကိုယ်တွင်းအဆိပ်အတောက်ဖြစ်စေတဲ့အရာတွေက ပါနေတာပါပဲ။ ဒါကြောင့် ကိုယ်တွင်းအဆိပ်အတောက်တွေကို ပြန်လည်ရှင်းလင်းပေးနိုင်ဖို့ကလည်း အရေးကြီးတဲ့ကိစ္စတစ်ခုပါပဲ။ Hot Yoga လုပ်နေတဲ့အချိန်မှာ ချွေးအရမ်းထွက်မှာဆိုတော့ ကိုယ်တွင်းအဆိပ်အတောက်တွေလည်း ချွေးနဲ့အတူ ပါသွားမှာပါပဲ။

၃။ ခန္ဓာကိုယ်ကို ပေါ့ပါးလန်းဆန်းစေပါတယ်

play
 

ပုံမှန်ယောဂလေ့ကျင့်ခန်းတွေကတောင် လုပ်ပြီးသွားရင် ခန္ဓာကိုယ်ကိုပေါ့ပါးလန်းဆန်းစေပါတယ်။ Hot Yoga လို ချွေးထုတ်ခန်းထဲမှာ ယောဂကျင့်တဲ့လေ့ကျင့်ခန်းမျိုးဆိုရင်တော့ ပြောမနေပါနဲ့တော့။ ပြီးသွားရင် တစ်ကိုယ်လုံးပေါ့ပါးလန်းဆန်းနေစေမှာပါ။

၎။ စိတ်ပိုင်းဆိုင်ရာ ပိုမိုကြံ့ခိုင်လာမယ်

play
 

ယောဂလေ့ကျင့်ခန်းတွေက ခန္ဓာကိုယ်ကိုပဲလေ့ကျင့်ပေးတာမဟုတ်ပါဘူး။ စိတ်ကိုလည်း လေ့ကျင့်ပေးတဲ့အတွက် သေချာအာရုံစူးစိုက်ပြီးလုပ်ပေးမယ်ဆိုရင် စိတ်ရဲ့ငြိမ်းချမ်းမှုကိုလည်း ရရှိစေနိုင်မှာပါ။ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုတွေလည်း ပိုမိုတိုးတက်လာပြီး အာရုံစူးစိုက်မှုလည်း ပိုမိုတိုးတက်လာစေပါတယ်။

Source: youngisthan

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle

AD