AD
AD
AD

ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေကို ပြောင်းလဲစေတဲ့အရာတွေရှိခဲ့ပါတယ်။ ဥပမာ... အင်တာနက်တို့၊ ဆိုရှယ်နက်ဝါ့ခ် (social network) တို့ပေါ့။ အဲဒီလိုအရာတွေထဲကမှ တချို့တီထွင်မှုတွေဟာ ကျွန်တော်တို့အတွက် အရမ်းကိုအရေးပါခဲ့ပါတယ်။ အဲဒီထဲက တချို့ကတော့...

၁။ ရေနံထုတ်ကုန်

play
 

ရေနံဟာ သမုဒ္ဒရာကြမ်းပြင်အောက်ခြေမှာ တွေ့ရတတ်တဲ့သဘာဝပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ၄င်းဟာ ကမ္ဘာ့မျက်နှာပြင်အောက်မှာ သဘာဝအတိုင်းဖြစ်တည်နေတဲ့ ဟိုက်ဒရိုကာဘွန်တွေ (အခဲ၊ အရည်၊ အငွေ့) ပုံစံနဲ့ပေါင်းစပ်ထားတာဖြစ်ပါတယ်။ ရေနံဟာ ကျွန်တော်တို့ရဲ့ဘဝတွေကိုပြောင်းလဲသွားစေတဲ့ တီထွင်မှုတွေထဲကတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်ကအဓိကစွမ်းအင်ရင်းမြစ်တစ်ခုလည်း ဖြစ်ပါတယ်။

ရေနံကို စက်မှုလုပ်ငန်း၊ အပူပေးခြင်းနဲ့ အလင်းရောင်ပေးခြင်းတွေမှာ အသုံးပြုလို့ရပါတယ်။ ရေနံဟာ ရေနံဓာတုထုတ်ကုန်တွေ၊ ချောဆီတွေကိုလည်း ထုတ်လုပ်ပေးပြီး အရေးအပါဆုံးကတော့ သယ်ယူပို့ဆောင်ရေးအတွက် အဓိကအရေးပါတဲ့ ဓာတ်ဆီကို ထုတ်လုပ်ပေးနိုင်တာပါပဲ။ ကျွန်တော်တို့ရဲ့နေ့စဉ်လှုပ်ရှားမှုတွေ၊ လုပ်ဆောင်မှုတွေဟာ ရေနံနဲ့ ဆက်စပ်ထုတ်ကုန်ပစ္စည်းများ အသုံးပြုမှုအပေါ် တိုက်ရိုက် (သို့) သွယ်ဝိုက် မှီခိုနေပါတယ်။

၂။ ပုံနှိပ်စက်

play
 

ဒီနေ့ခေတ်မှာတော့ သတင်းအချက်အလက်ရရှိဖို့အတွက် အကောင်းဆုံးရင်းမြစ်က အင်တာနက်ပါပဲ။ ဒါပေမယ့် အင်တာနက် မပေါ်ခင်တုံးက သတင်းအချက်အလက်ဖြန့်ဖြူးဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ ပုံနှိပ်လုပ်ငန်းပါပဲ။ ယနေ့ခေတ်မှာတောင် ပုံနှိပ်လုပ်ငန်းနဲ့လုံးဝကြီး ကင်းကွာလို့မရသေးပါဘူး။ ပုံနှိပ်စက်ဟာ ပုံနှိပ်စာလုံးရေပေါင်းများစွာကို ထုတ်လုပ်ပေးနိုင်ပြီး သတင်းအချက်အလက်၊ ဗဟုသုတနဲ့ စာပေကို ဖြန့်ဖြူးပေးပါတယ်။

၃။ မော်တော်ယာဉ်

play
 

အတွင်းအင်ဂျင်စက်တပ်ထားတဲ့ လူစီးယာဉ်တွေဟာလည်း လူသားသမိုင်းမှာ အလွန်အရေးပါလာခဲ့ပါတယ်။ သယ်ယူပို့ဆောင်ရေးနဲ့ ဇိမ်ခံပစ္စည်းလောကမှာ မော်တော်ယာဉ်တွေဟာ မရှိမဖြစ်အရေးပါလာခဲ့ ပါတယ်။ မော်တော်ယာဉ်တွေရဲ့မူလပေါ်ပေါက်ရာက ဥရောပဖြစ်ပေမယ့် ယနေ့ခေတ်မှာတော့ ကမ္ဘာတဝှမ်းလုံးရဲ့အဓိက သယ်ယူပို့ဆောင်ရေးသုံးပစ္စည်းတစ်မျိုးဖြစ်နေပါပြီ။ ဒါဟာလည်း အလွန်အရေးပါတဲ့ တီထွင်မှုတစ်ခုဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၄င်းက ကျွန်တော်တို့ကိုအချိန်အများကြီးမကုန်ဘဲ တစ်နေရာကနေ တစ်နေရာကို လွတ်လပ်စွာရွှေ့ပြောင်းသွားလာနိုင်အောင် လုပ်ဆောင်ပေးနိုင်လို့ပါပဲ။

၎။ ATM စက်

play
 

အရင်ခေတ်ကလို ဈေးဝယ်ရင် ပိုက်ဆံအိတ်အကြီးကြီးကိုင်ပြီး လျှောက်သွားဖို့မလိုတော့ပါဘူး။ ပိုက်ဆံအိတ်ပါးပါးလေးတစ်လုံးထဲမှာ ATM ကဒ်တစ်ကဒ်ပါရင်ရပါပြီ။ Automated Teller Machine (ATM) စက်ဟာ ငွေထုတ်ပေးနိုင်တဲ့စက်တစ်ခုဖြစ်ပြီး ATM ကဒ်ထဲမှာ ပိုက်ဆံရှိနေသရွေ့ ဈေးဝယ်စင်တာတိုင်းမှာ ငွေဝင်ထုတ်လို့ရသလို တချို့ဆိုင်တွေမှာ ATM ကဒ်နဲ့ပဲ ငွေရှင်းလို့ရပါတယ်။

၅။ ကွန်ကရစ်

play
 

ကွန်ကရစ်ဟာ လူသုံးအများဆုံးအိမ်ဆောက်ပစ္စည်းတစ်မျိုးဖြစ်သလို လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှုမှာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုက ပါဝင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ သေသပ်လှပတဲ့ လမ်းကျယ်ကြီးတွေ၊ အဆောက်အဦးတွေ၊ အဝေးပြေး လမ်းမကြီးတွေကို ကွန်ကရစ်နဲ့ပဲ ပြုလုပ်ထားပါတယ်။ ဒါကြောင့်ကွန်ကရစ်ဟာလည်း အလွန်အရေးပါတဲ့ တီထွင်မှုတစ်ခုပဲဖြစ်ပါတယ်။

Source: youngisthan

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD