AD
AD
AD

Apple ၊ adidas ၊ LG စတဲ့ အမှတ်တံဆိပ်တွေဟာ မြန်မာနိုင်ငံကလူတွေအနေနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားတွေပါနော်။ ကမ္ဘာကျော်အမှတ်တံဆိပ်တွေရဲ့ နောက်ကွယ်က ဖြစ်ရပ်လေးတွေဟာ စိတ်ဝင်စားစရာကောင်းတာတွေလည်း ရှိနေပြန်ပါတယ်။

၁။ Hyundai

play
 

တောင်ကိုရီးယားအခြေစိုက် မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီ Hyundai ရဲ့ လိုဂိုဖြစ်တဲ့ H ပုံစံ အစောင်းလေးဟာ Hyundai ရဲ့ ပထမဆုံးစာလုံးလို့ ထင်စရာရှိပါတယ်။ တကယ်တော့ မူရင်းအဓိပ္ပာယ်က လူနှစ်ဦး လက်ဆွဲနှုတ်ဆက်နေပုံပါ။ ဝယ်သူနဲ့ ကုမ္ပဏီရဲ့အရောင်းကိုယ်စားလှယ်တို့ရဲ့ သင်္ကေတဖြစ်ပါတယ်။

၂။ Adidas

play
 

ဘယ်လိုလဲ... ဒီတံဆိပ်ကို ကြိုက်တယ်မို့လား။ ဒီဇိုင်းမိုက်မိုက် အားကစားအဝတ်အထည်တွေနဲ့ အားကစားပစ္စည်းတွေဆိုရင် adidas ကိုပဲ ရွေးမိနေတာလေ။ သူ့ရဲ့နာမည်ဖြစ်လာပုံကတော့ စတင်တည်ထောင်သူ Adolf Dassler ရဲ့ နာမည်ထိပ်ဆုံးစာလုံးတွေကို အလယ်မှာ i တစ်လုံးနဲ့ ဆက်ထားတာပါ။ ပြီးတော့ adidas စာတမ်းနဲ့အတူ လိုဂိုလေးကလည်း အမျိုးမျိုးပြောင်းလဲခဲ့တယ်။ ဘယ်လိုပဲပြောင်းပြောင်း မျဉ်းကြောင်း ၃ ခုကတော့ ပါစမြဲ။ အဲ့ဒီမျဉ်းလေးတွေက တောင်တွေကို ရည်ညွှန်းသတဲ့။ အားကစားသမားတွေအတွက် တစ်နေ့ပြီးတစ်နေ့ ပေါ်ပေါက်လာနေတဲ့ စိန်ခေါ်မှုတွေကို ကိုယ်စားပြုပါတယ်။

၃။ Apple

play
 

ဒီဇိုင်နာ Rof ဟာ စူပါမားကတ်ကနေ ပန်းသီးတွေ ဝယ်လာခဲ့ပြီး အမျိုးမျိုး ပုံဆွဲခဲ့ပါတယ်။ နောက်တော့ ပန်းသီးကို တစ်ကိုက်ကိုက်စားမိပြီးတဲ့အချိန်မှာ အဲ့ဒီ ပန်းသီးလေးကို ဒီဇိုင်းအဖြစ် ဖန်တီးဖို့ စိတ်ကူးရသွားတာပါလို့ အင်တာဗျူးတွေမှာ ဖြေထားပါတယ်။

၎။ Pinterest

play
 

လူမှုကွန်ရက်ဝက်ဘ်ဆိုက်တွေထဲမှာ Pinterest ရဲ့ ပရိသတ်တွေကလည်း မနည်းမနောပဲ။ သူ့ရဲ့လိုဂိုလေးကတော့ ရှင်းပါတယ်။ စာရွက်ပေါ်မှာ အနီရောင် ပင်အပ်လေးနဲ့ ထိုးစိုက်လိုက်တဲ့ပုံကနေ P လိုဂိုလေး ဖြစ်လာတာပေါ့။

၅။ LG

play
 

တောင်ကိုရီးယား အီလက်ထရောနစ်အမှတ်တံဆိပ် LG ကိုလည်း လူတိုင်းသိမယ်ထင်ပါတယ်နော်။ သူ့လိုဂိုလေးကတော့ လူတစ်ယောက်ရဲ့မျက်နှာလေးပါပဲ။

Source : Bright Side

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD