Lifestyle: အချိန် (၅) မိနစ်ပေးရုံနဲ့ လုပ်ရည်ကိုင်ရည်တိုးတက်လာစေနိုင်တဲ့ နည်းလမ်းများ

လုပ်ငန်းခွင်ထဲမှာ အလုပ်အရမ်းကြိုးစားပေမယ့် တိုးတက်သင့်သလောက် မတိုးတက်တဲ့လူတွေရှိပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်အရမ်းကြိုးစားပေမယ့် တိုးတက်သင့်သလောက် မတိုးတက်တဲ့လူတွေရှိပါတယ်။ ဒါဟာ ဘာကြောင့်များပါလဲ။ အထက်လူကြီးက သူ့ရဲ့ကြိုးစားမှုတွေကို မမြင်ချင်ယောင်ဆောင်နေလို့လား။ သူကိုယ်တိုင် ကြိုးစားပုံ၊ ကြိုးစားနည်းမှားယွင်းနေလို့လား။ ဒီနေရာမှာတော့ "No hard work, just smart work" (အလုပ်အရမ်းကြိုးစားဖို့မလိုပါဘူး။ ထိရောက်အောင်ပဲလုပ်) ဆိုတဲ့စကားကို ဥပမာထားရပါမယ်။

play

 

အချိန် (၅) မိနစ်ပဲပေးပြီး လုပ်ဆောင်ပေးရုံနဲ့ မိမိရဲ့လုပ်ရည်ကိုင်ရည်တွေ သိသိသာသာတိုးတက်လာစေမယ့် နည်းလမ်းလေးတွေ ရှိပါတယ်။ တချို့တွေက ဒါတွေကိုလုပ်ဖို့လိုအပ်တယ်မထင်ဘဲ အလုပ်ပဲ ဖိလုပ်နေတဲ့အတွက် လူမှုဘဝကိုလည်းဆုံးရှုံး၊ အလုပ်လည်း မဖြစ်မြောက်၊ စိတ်ဖိစီးမှုတွေလည်းများနဲ့ "မိအေး (၃) ခါနာ" ရပါတယ်။

၁။ To-do list ရေးပါ

play
 

ဘယ်အလုပ်မဆို စနစ်တကျရှိတာကောင်းပါတယ်။ ငါးမိနစ်လောက်အချိန်ယူပြီး တစ်နေ့တာ ကိုယ်ဘာတွေလုပ်ရမလဲဆိုတာကို ရေးချထားတာဟာ အရေးကြီးတဲ့ အပြုအမူတစ်ခုပဲဖြစ်ပါတယ်။ အထူးသဖြင့် အလုပ်အရမ်းများတဲ့သူတွေပေါ့။

ဒီလိုရေးမှတ်ခြင်းအားဖြင့် တစ်လတစ်ခါ To-do lists တွေကို ပြန်စစ်ပြီး ကိုယ်ဘာတွေလုပ်ခဲ့ပြီလဲ။ ကိုယ်ဘာတွေ မလုပ်ရသေးဘူးလည်း ပြန်လည်စမ်းစစ် နိုင်တဲ့အတွက် အလုပ်အကိုင်အတွက်၊ ဘဝအတွက်၊ အချစ်ရေးအတွက်၊ မိသားစုအတွက် အချိန်ကို အကောင်းဆုံး စီမံခန့်ခွဲနိုင်လာမှာပါ။

၂။ ဘာဆက်လုပ်ရမလဲတွေးပါ

play
 

ဥပမာ... နောက် (၅) မိနစ်ကြာရင် အလုပ်အတွက်အရေးကြီးတဲ့ မိတင်တစ်ခု (သို့) အင်တာဗျူးတစ်ခုဝင်ရတော့မယ်ဆိုပါစို့။ အနည်းဆုံး အချိန် (၅) မိနစ်လောက်ယူပြီး အရာရာ အဆင်ပြေချောမွေ့သွားအောင် ကိုယ်ဘာလုပ်သင့်လဲဆိုတာကို တွေးပါ။ ကိုယ်ဘာလုပ်မယ်။ ဘာပြောမယ်ဆိုတာကိုလည်း ခေါင်းထဲမှာပလန်ချပါ။ တစ်ယောက်တည်းရှိနေမယ်ဆိုရင် မိတင်ထဲမှာ ဘာပြောမယ်ဆိုတာကို ကိုယ်တိုင်အသံထွက်ပြောကြည့်ပါ။ ဒီနည်းဟာ အောင်မြင်မှုကို ရရှိနိုင်ခြေပိုများတဲ့ နည်းလမ်းတစ်ခုပါပဲ။

၃။ လမ်းထလျှောက်ပေးပါ

play
 

စာရေးသူ၊ ဂရပ်ဖစ်ဒီဇိုင်နာ၊ စာရင်းကိုင်တို့လို စားပွဲခုံရှေ့မှာ တနေကုန်ထိုင်နေရတဲ့သူတွေပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်စိတ်ဖိစီးမှု များပြားသူတွေပဲဖြစ်ဖြစ် အလုပ်ထဲမှာ စိတ်ဖိစီးလာသလို ခံစားလာရတဲ့အခါ အပြင်ခဏထွက် လမ်းလျှောက်လိုက်ပါ။ လေကောင်းလေသန့်ရှူလိုက်ပါ။ အချိန် (၅) မိနစ်လောက်ပဲပေးရပြီး အလုပ်စားပွဲဆီ ပြန်ရောက်တဲ့အခါ အရင်ကထက် (၂) ဆ အလုပ်ပိုဖြစ်တာကို တွေ့ရှိရမှာပါ။

၎။ ဆောင်းပါးတစ်ပုဒ်ဖတ်ပါ

အလုပ်နဲ့ဆိုင်တဲ့ ဆောင်းပါးတစ်ပုဒ်ဖြစ်ချင်ဖြစ်မယ်။ သတင်းဆောင်းပါးဖြစ်ချင်ဖြစ်မယ်။ ဆယ်လီတွေရဲ့အတင်းအဖျင်း ဆောင်းပါးတစ်ပုဒ်ဖြစ်ချင်ဖြစ်မယ်။ အွန်လိုင်းမီဒီယာဆိုဒ်တစ်ခုက ဆောင်းပါးတစ်ခုခုကို အချိန် (၅) မိနစ်လောက်ပေးပြီး ဖတ်ခြင်းက ဦးနှောက်ကလိုအပ်တဲ့ စိတ်အာဟာရဓာတ်ကို ဖြည့်တင်းပေးနိုင်ပါတယ်။

သင်စိတ်ဝင်စားမယ့် ဆောင်းပါးတစ်ပုဒ် (လူတစ်ယောက် ကိုယ့်ကိုညာနေမှန်း ဘယ်လိုသိနိုင်မလဲ)

၅။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောပါ

play
 

လူဆိုတာ ကိုယ့်အလုပ်ကိုယ်ပဲ ဂရုစိုက်ပြီး ငူငူကြီးထိုင်နေလို့မရပါဘူး။ ပတ်ဝန်းကျင်မှာဘာဖြစ်နေလဲ။ ရုံးမှာဘာဖြစ်နေလဲ။ ကိုယ်အလုပ်လုပ်ကိုင်နေတဲ့ နယ်ပယ်ထဲမှာ ဘာဖြစ်နေလဲဆိုတဲ့ သတင်းအချက်အလက်တွေကို လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောခြင်းက ရရှိနိုင်ပါတယ်။

လူဆိုတာ အရာရာတိုင်းကိုမသိနိုင်တဲ့အတွက် လုပ်ဖော်ကိုင်ဖက်တွေကို စကားပြောခြင်းဖြင့် မိမိအလုပ်အတွက် လိုအပ်တဲ့အချက်အလက်တွေကိုလည်း ရရှိပြီး တိုးတက်နိုင်ပါတယ်။ ဒါကြောင့် ကော်ဖီသောက်ချိန်လေး နည်းနည်းပေးပြီး စကားစမြည်ပြောပေးသင့်ပါတယ်။

Source: Reader's Digest

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ