AD
AD
AD

ခင်ဗျားဟာ စားပွဲပေါ်က ကွန်ပျူတာဖန်သားပြင်ကို ငေးကြည့်ရင်း တစ်နေ့တာရဲ့ကျန်ရှိနေသေးတဲ့အချိန်တွေကို ဘယ်လိုကျော်ဖြတ်ရမလဲ ဆိုတာကို ထိုင်စဉ်းစားနေတဲ့လူတစ်ဦးဖြစ်နေမယ်ဆိုရင် ဒီဆောင်းပါးက ခင်ဗျားအတွက်ပါပဲ။

play

 

ခင်ဗျားရောက်နေတဲ့လုပ်ငန်းခွင်ဟာ ခင်ဗျားအတွက် ဘာစိန်ခေါ်မှုမှ မရှိတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် လုပ်ငန်းခွင်မှာအလုပ်လုပ်ရတာကို စိတ်မပါတာလည်း ဖြစ်နိုင်ပါသေးတယ်။ ကိုယ်လုပ်နေတဲ့လုပ်ငန်းခွင်ရဲ့ အကောင်းဆုံး အပိုင်းတွေကို ရှာဖွေရင်း၊ အဲဒီအပိုင်းတွေကို မိမိရဲ့ကိုယ်ပိုင်စွမ်းရည်နဲ့ တိုးတက်အောင်လုပ်ရင်း.. အဆိုးဝါးဆုံးလုပ်ငန်းခွင်ကို ပျော်စရာကောင်းလာအောင် ဖန်တီးနိုင်ပါသေးတယ်။

မိမိမပျော်ရွှင်တဲ့လုပ်ငန်းခွင်ကို နေပျော်ဖွယ်ကောင်းတဲ့ လုပ်ငန်းခွင်တစ်ခုဖြစ်လာအောင် ဘယ်လိုပြောင်းလဲယူမလဲဆိုတော့....

၁။ ကိုယ့်ကိုယ်ကိုယ် ရွေ့အောင်အရင်လုပ်ပါ

play
 

လုပ်ငန်းခွင်က အရမ်းညည်းငွေ့စရာကောင်းနေပြီလား။ တသမတ်တည်း မပြောင်းလဲတဲ့အရာတွေကိုပဲ နိစ္စဓူဝလုပ်နေရမယ်ဆိုရင် ပျင်းရိညည်းငွေ့လာမှာ အမှန်ပါပဲ။ ဒါပေမယ့် မပြောင်းလဲတဲ့အရာတွေကို ပြောင်းလဲလာအောင် လုပ်ဖို့က မိမိတာဝန်ပါပဲ။ ဥပမာ... ရီပို့တွေထိုင်ရေးရတာ ပျင်းစရာကောင်းတယ်ဆိုရင် မိမိကိုယ်ကိုယ် စိန်ခေါ်မှုလေးတစ်ခုပြုလုပ်ပြီး အလုပ်ကို စိတ်ပါဝင်စားလာအောင်လုပ်ပါ။

ဒီအလုပ်ကို ဘယ်နနာရီအတွင်းပြီးအောင် လုပ်နိုင်လဲဆိုတာမျိုးပေါ့။ ဒီနည်းအားဖြင့် ပျင်းရိစရာကောင်းတယ်လို့ ကိုယ်ထင်နေတဲ့ အလုပ်ဟာ ပျော်စရာကောင်းလာသလို မိမိရဲ့လုပ်ရည်ကိုင်ရည်လည်း တက်လာပါလိမ့်မယ်။

၂။ မနိုင်တဲ့အလုပ်တွေမှာ အကူအညီတောင်းခံဖို့ မစိုးရွံ့ပါနဲ့

play
 

လုပ်ငန်းခွင်မှာ မပျော်ရွှင်ရတဲ့ အကြောင်းရင်းတွေထဲမှာ အလုပ်နဲ့ပတ်သက်ပြီး ကျွမ်းကျင်မှုမရှိသေးတာလည်း တစ်ခုအပါအဝင်ပါပဲ။ ဒါကြောင့် အလုပ်မှာမကျွမ်းကျင်သေးဘူးဆိုရင် သူဌေး (သို့) လုပ်ဖော်ကိုင်ဖက်တွေကို ချဉ်းကပ်ပြီး အကူအညီတောင်းခံရမှာ မစိုးရွံ့ပါနဲ့။

ဒါပေမယ့် အဲဒီလိုအကူအညီတောင်းခံတော့မယ်ဆိုရင်လည်း ယဉ်ယဉ်ကျေးကျေးနဲ့ စိတ်အားထက်သန်စွာ တောင်းခံတတ်ဖို့လည်း လိုပါသေးတယ်။ နောက်တစ်ခုက တစ်ခုခုကို မသိဘူးဆိုရင် အဲဒါနဲ့ ပတ်သက်ပြီး အမှားတစ်ခုခုလုပ်မိပြီးသွားတဲ့အချိန်ထိ ငြိမ်မနေပါနဲ့။ မသိရင်မသိတဲ့အကြောင်း ပွင့်ပွင့်လင်းလင်းပြောပြီး သင်ပြပေးဖို့ အကူအညီတောင်းခံနိုင်ပါတယ်။ အဲဒီလို မေးမြန်းခြင်းကို ရိုးသားမှုလို့ မြင်ပြီး ချီးကျူးမယ့်သူဌေးတွေ ရှိနေနိုင်ပါသေးတယ်။

၃။ အလုပ်-ဘဝ မျှခြေကို ထိန်းသိမ်းပါ

play
 

အလုပ်-ဘဝမျှခြေဆိုတာ အပျော်အပါးနဲ့ အလုပ်အတွက် ပေးထားတဲ့ မိမိရဲ့အချိန်တွေကို စီစစ်တတ်ဖို့ပါပဲ။ အလုပ်ချည်းပဲ ဖိလုပ်နေမယ်ဆိုရင်လည်း လုပ်ငန်းခွင်စိတ်ဖိစီးမှုတွေများပြီး လုပ်ငန်းခွင်မှာ ပျော်ပိုက်တော့မှာ မဟုတ်သလို အပျော်အပါးချည်းပဲ လိုက်စားနေမယ်ဆိုရင်လည်း အလုပ်တွေမပြီးလို့ စိတ်ဖိစီးပြီး လုပ်ငန်းခွင်မှာ ပျော်ပိုက်တော့မှာမဟုတ်ပါဘူး။

ဒီတော့ ပျော်ရွှင်တဲ့လုပ်ငန်းခွင် ပတ်ဝန်းကျင်လေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အလုပ်-ဘဝမျှခြေကို ကောင်းကောင်း ထိန်းသိမ်းတတ်ပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းရင်းနှီးနှီးဆက်ဆံတတ်ဖို့ လိုပါတယ်။

၎။ လုပ်ငန်းခွင်စိတ်အားထက်သန်မှုကို ဆင့်ပွားယူပါ

အလုပ်ထဲမှာ တွေ့ရတဲ့သင်ခန်းစာတွေ၊ ကျွမ်းကျင်မှုစွမ်းရည်တွေ၊ အတွေ့အကြုံတွေကို သင်ယူပြီး တခြားပြင်ပတစ်နေရာမှာလည်း အလုပ်က စိတ်အားထက်သန်မှုကို ဆင့်ပွားယူခဲ့ပါ။ အဲဒီပြင်ပနေရာက အလုပ် (သို့) လုပ်ဆောင်မှုဆိုတာ လက်ရှိလုပ်ငန်းခွင်နဲ့ သဘောတရားမတူညီပေမယ့် ပျော်စရာကောင်းပြီး ခင်ဗျားကို စိတ်ပါဝင်စားမှုပေးစွမ်းနိုင်ရပါမယ်။ အနည်းဆုံး မိမိရဲ့ CV ထဲမှာ ထည့်သွင်းလို့ရမယ့် လုပ်ဆောင်မှုတစ်ခုခုတော့ ဖြစ်ရမှာပေါ့။

၅။ အလုပ်ပိုတွေ လုပ်ဖို့ မကြိုးစားပါနဲ့

play
 

တချို့လူတွေက ပျင်းရိညည်းငွေ့ဖွယ်ကောင်းတဲ့ လုပ်ငန်းခွင်မှာ အလုပ်ပိုတွေ ရှာကြံလုပ်မိတတ်ပါတယ်။ အဲဒီလို အလုပ်ပိုတွေ လုပ်မိရာကနေ လုပ်ငန်းခွင်ဟာ သူ့အတွက် ပိုပိုပြီး ပျင်းဖို့ကောင်းလာ တတ်ပါတယ်။ လက်ရှိလုပ်နေတဲ့ အလုပ်တစ်ခုတည်းကို အာရုံစိုက်လုပ်ဆောင်ခြင်းက အမှားနည်းပါးစေသလို အာရုံစူးစိုက်မှုကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။

Source: youngisthan

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD