AD
AD
AD

အလုပ်ကြိုးစားတယ်။ ဝင်ငွေလေးကလည်း ကောင်းတယ်။ အသုံးအဖြုန်းလည်း မကြီးဘူး။ ဒါပေမယ့် တစ်လ၊ တစ်လ ပိုလျှံတယ်လို့ကို မရှိဘူး။ ဒီလိုဖြစ်နေပြီဆိုရင်တော့ ခင်ဗျားအနေနဲ့ မိမိရဲ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှုကို သေချာပြန်လည် စီစစ်သင့်ပါပြီ။ ဒီလိုဖြစ်နေတယ်ဆိုတာ မိမိရဲ့ဝင်ငွေကို ကောင်းကောင်း စီမံခန့်ခွဲတတ်ခြင်း မရှိလို့ပါပဲ။

အောက်မှာဖော်ပြထားတာကတော့ မိမိရဲ့ဝင်ငွေကို ကောင်းမွန်စွာ စီမံခန့်ခွဲတတ်ဖို့ နည်းလမ်းလေးတွေပါပဲ။

play

 

၁။ အသုံးစရိတ်တွေကို စီစစ်ကြည့်ပါ

play
 

အရင်ဆုံး ခင်ဗျားရဲ့ တစ်လစာအသုံးစရိတ်ကို တစ်ခုမကျန် ချမှတ်ထားကြည့်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် တစ်လအတွင်းသုံးစွဲခဲ့တဲ့ အသုံးစရိတ်တစ်ခုခြင်းစီဟာ မလိုအပ်ဘဲဖြုန်းတီးမိတာလား/ အမှန်တကယ်လိုအပ်လို့ သုံးစွဲခဲ့ခြင်းလားဆိုတာကို ခွဲခြားသိမြင်လာပါလိမ့်မယ်။ ဒါ့အပြင် နောက်လကျရင် တစ်လစာ အကြမ်းဖျင်း အသုံးစရိတ်စာရင်း (ဘတ်ဂျက်) ကိုလည်း ခန့်မှန်းရေးဆွဲ နိုင်လာပါလိမ့်မယ်။ ဘဏ္ဍာရေးနဲ့အလှမ်းဝေးသူဆိုရင် ဘတ်ဂျက်ဆွဲတာတို့၊ ဘာတို့က ရှုပ်ထွေးနေနိုင်ပေမယ့် နောက်ပိုင်းကျရင်တော့ လွယ်သွားမှာပါ။ နောက်ပြီး အကျင့်ပါလာရင် အချိန်နဲ့ ငွေ အလေအလွင့် အများကြီးနည်းသွားတာကို တွေ့ရှိရပါလိမ့်မယ်။

၂။ လက်ထပ်ပြီးသားစုံတွဲဆိုရင် လစာပေါင်းသုံးပါ

play
 

တကယ်လို့ ခင်ဗျားတို့ဟာ လက်ထပ်ပြီးသားဆိုရင် သူ့ပိုက်ဆံ၊ ကိုယ့်ပိုက်ဆံ ခွဲမနေသင့်ဘဲ နှစ်ယောက်လုံးရဲ့ဝင်ငွေကိုပေါင်းပြီး တစ်အိမ်လုံးစာအတွက် စီမံခန့်ခွဲသင့်ပါတယ်။ စစချင်းတော့ သူက ဘယ်နေရာမှာ ဘယ်လောက်သုံးတယ်။ ကိုယ်က ဘယ်နေရာမှာ ဘယ်လောက်ဖြုန်းတယ်ဆိုပြီး စကားများစရာလေးတွေရှိလာပေမယ့် နောက်ပိုင်း ညှိကြနှိုင်းကြရင်း ပိုမိုအဆင်ပြေလာမှာပါ။ ဒီလို လုပ်ခြင်းအားဖြင့် နှစ်ယောက်ကြားထဲ ဆက်သွယ်ရေးပိုကောင်းလာသလို ပိုက်ဆံကြောင့်ရန်ဖြစ်ရတဲ့ကိစ္စတွေလည်း နည်းလာမှာပါ။

၃။ ဘေလ်ဆောင်ရမယ့်အရာတွေကို ပြက္ခဒိန် ပြုလုပ်ထားပါ

play
 

ဖုန်းဘေလ်၊ အင်တာနက်ဘေလ်၊ မီတာခဘေလ်၊ စားသောက်ကုန်တွေကို အကြွေးဝယ်ထားတဲ့ဘေလ် အစရှိတဲ့ဘေလ်ပေါင်းစုံကို စနစ်တကျဖြစ်အောင် ပြက္ခဒိန်တစ်ခုပြုလုပ်ပြီး ဘယ်နေ့ဘယ်ရက်မှာ ဘယ်ဘေလ်ကိုဆောင်ရမယ်ဆိုတာကို ပြက္ခဒိန်ပေါ်မှာ ရေးမှတ်ထားပါ။ အပတ်စဉ်ပြန်ပြန်ကြည့်ပြီး မိမိရဲ့ငွေလက်ကျန်ကို စီမံခန့်ခွဲပါ။

၎။ အရေးပေါ်အသုံးစရိတ်တစ်ခု ဖန်တီးပါ

play
 

ခရက်ဒစ်ကဒ်တွေက တစ်ကဏ္ဍပါ။ လူတိုင်းလူတိုင်းမှာ အရေးပေါ်အခြေအနေဆိုတာ ရှိတတ်ပါတယ်။ ကျန်းမာရေးကိစ္စ ဖြစ်ချင်ဖြစ်မယ်။ လူမှုရေးကိစ္စဖြစ်ချင်ဖြစ်မယ်။ စီးပွားရေးကိစ္စဖြစ်ချင်ဖြစ်မယ်။ အရေးပေါ်အခြေအနေတစ်ခုခု ရှိလာတဲ့အခါ အရေးပေါ်အသုံးစရိတ်တစ်ခု ရှိထားမယ်ဆိုရင် လိုမှ အသည်းအသန်လိုက်ချေးငှားစရာ မလိုတော့သလို စိတ်ညစ်ရတာတွေလည်း လျော့ပါးလာပါလိမ့်မယ်။ မိမိကိုယ်ကိုယ်လည်း ငွေရေးကြေးရေးကို ထိထိရောက်ရောက်စီမံခန့်ခွဲတတ်တယ်လို့ ခံစားလာရပါလိမ့်မယ်။

Source: cfinamcialfreedom

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD