Lifestyle: ဂျင်းဘောင်းဘီအဟောင်းလေးတွေကို အထာကျကျပြန်သုံးနည်း

မဝတ်တော့တဲ့၊ မတော်တော့တဲ့ ဂျင်းဘောင်းဘီအဟောင်းတွေရှိရင် ဘာလုပ်ပစ်တတ်ကြလဲ။ လွှင့်ပစ်တတ်ကြလား။ သူများကို ပေးပစ်တတ်ကြလား။

မဝတ်တော့တဲ့၊ မတော်တော့တဲ့ ဂျင်းဘောင်းဘီအဟောင်းတွေရှိရင် ဘာလုပ်ပစ်တတ်ကြလဲ။ လွှင့်ပစ်တတ်ကြလား။ သူများကို ပေးပစ်တတ်ကြလား။

play

 

တကယ်တော့ ဂျင်းဘောင်းဘီအဟောင်းတွေဆိုတာ ပြန်သုံးတတ်ရင် DIY အိမ်သုံးပစ္စည်းလေးတွေ အများကြီးကို ဖန်တီးပြုလုပ်လို့ရပါတယ်။ ငွေကုန်ကြေးကျမများဘဲ အိမ်က ဂျင်းဘောင်းဘီအဟောင်းလေးတွေနဲ့ အိမ်သုံးပစ္စည်းလေးတွေကို ဖန်တီးနိုင်မယ့် နည်းလမ်းလေးတွေကတော့...

၁။ ဂျင်းဘောင်းဘီအိတ်ကပ် အိတ်လေးတွေ

play
 

မဝတ်တော့တဲ့ ဂျင်းဘောင်းဘီအဟောင်းရဲ့ ဘောင်းဘီနောက်ဖက်အိတ်ကပ်ကို ဖြတ်ထုတ်ပြီး ပြန်ချုပ်လိုက်ရင် ဘောပင်၊ ခဲတံနဲ့ တခြားပစ္စည်းအသေးအမွှားလေးတွေ ထည့်တဲ့အိတ်အဖြစ် ပြန်သုံးလို့ ရပါတယ်။ ဒီဇိုင်းလေးက မိုက်သလို အိုင်ဒီယာလည်း ဆန်းတယ်လို့ တွေ့သမျှအသိမိတ်ဆွေတွေက ချီးမွမ်းကြမှာပါ။

၂။ ဂျင်းလက်ကိုင်ပုဝါ

play
 

ဂျင်းသားနဲ့လုပ်ထားတဲ့ လက်ကိုင်ပုဝါဟာလည်း ဒီဇိုင်းလေးဆန်းသလို အပေအတေလည်းခံပါတယ်။ မိမိရဲ့ဂျင်းဘောင်းဘီ အဟောင်းရဲ့ မပြဲမစုတ်သေးတဲ့အပိုင်းကို ဖြတ်ထုတ်ပြီး အနားလေးတွေ ပြန်လုံးလိုက်မယ်ဆိုရင် denim ဂျင်းလက်ကိုင် ပုဝါလေးတစ်ထည်ကို ရရှိနိုင်ပါတယ်။

၃။ ဖန်ခွက်အောက်ခံပြား

play
 

ဖန်ခွက်အောက်ခံပြားတွေဟာ ကော်ဖီခွက်တွေရဲ့အောက်မှာခံလေ့ရှိတဲ့ ပန်းကန်ပြားအစား အသုံးပြုကြပါတယ်။ ကော်ဖီခွက်က စီးကျလာမယ့် ကော်ဖီစက်တွေ ကော်ဖီစားပွဲပေါ်မှာ စွန်းထင်းခြင်းမရှိစေဖို့ အသုံးပြုကြတာဖြစ်ပါတယ်။ မိမိရဲ့ဂျင်းဘောင်းဘီ အဟောင်းလေးကို လေးထောင့် (သို့) အဝိုင်းပုံသဏ္ဍာန်ဖြစ်အောင် ပြန်ချုပ်ပြီး ကော်ဖီဖန်ခွက်အောက်ခံပြားလေးဖြစ်အောင် ဖန်တီးလို့လည်းရပါတယ်။

၎။ ခဲတံထည့်ဘူး

play
 

အအေးသံဘူးခွံတစ်ခုကို ထိပ်ပိုင်းနားကဖြတ်ပြီး အပေါ်ကနေ denim ဂျင်းသားစနဲ့အုပ်လိုက်ရင် လှပပြီး စတိုင်လ်ကျတဲ့ ခဲတံထည့်ဘူးလေးကို ရရှိပါပြီ။ မိမိရဲ့ရုံးစားပွဲပေါ်မှာ အဲဒီလို ခဲတံထည့်ဘူးလေး တင်ထားရင် လုပ်ဖော်ကိုင်ဖက်တွေက မေးမြန်းလာကြမှာဖြစ်ပြီး မိမိရဲ့တီထွင်ဖန်တီးဉာဏ်ကိုလည်း အသိအမှတ်ပြုလာကြမှာပါ။

၅။ မှတ်စုစာအုပ်

play
 

ဒိုင်ယာရီတို့၊ ဂျာနယ်တို့ ရေးလေ့ရှိသူဆိုရင်တော့ ဒီတစ်ခုကို အထူးနှစ်သက်မိကြမှာပါနော်။ မိမိရဲ့ဂျင်းဘောင်းဘီအဟောင်းကို ဖြတ်ထုတ်ပြီး မှတ်စုစာအုပ်အဖုံးအဖြစ် ချုပ်တာဟာ စမတ်ကျပြီး လှပတဲ့ အိုင်ဒီယာတစ်ခုပဲ ဖြစ်ပါတယ်။ ရိုးရိုးဂျင်းဒီဇိုင်းကို မကြိုက်ရင်လည်း အပေါ်ကနေ စီးကွင့်ထိုးတာတို့၊ စတစ်ကာကပ်တာတို့လုပ်ပြီး ဖန်တီးဉာဏ်ရှိရင်ရှိသလို ထပ်ကွန့်နိုင်ပါသေးတယ်။

၆။ ခြေသုတ်ခုံ

play
 

ဘယ်လိုမှ ပြန်သုံးမရအောင် စုတ်ပြတ်နေတဲ့ ဂျင်းဘောင်းဘီကိုကျတော့ ကြမ်းပြင်ပေါ်ဒီတိုင်းပစ်ချပြီး ခြေသုတ်ခုံလုပ်ပစ်မယ့်အစား ဖြတ်စလေးတွေကို ပြန်စုပြီး ဖော်ပြပါပုံအတိုင်း ဒီဇိုင်းဆန်းဆန်းလေးနဲ့ ခြေသုတ်ခုံလေးဖြစ်အောင် ပြုလုပ်လို့ရပါတယ်။ အိမ်ကိုလာလည်တဲ့ ဧည့်သည်တိုင်းက ဘယ်ကဝယ်လဲ မေးလာရင် ကိုယ်တိုင်လုပ်ထားတာပါလို့ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ဖြေလို့ရတာပေါ့။

 

၇။ နားဆွဲနဲ့ လည်ဆွဲ

play
 

ဂျင်းသားဖြတ်စသေးသေးလေးတွေကို စီးကွင်းပြန်ထိုးတာတို့၊ ပုလဲတု၊ ကျောက်တုလေးတွေနဲ့ ပြန်ကပ်တာတို့လုပ်ပြီး ဖန်စီနားဆွဲလှလှလေးတွေ၊ ဖန်စီလည်ဆွဲလှလှလေးတွေ ဖန်တီးနိုင်ပါသေးတယ်။ မိန်းကလေးတိုင်း စမ်းသပ်ပြုလုပ်ကြည့်သင့်ပါတယ်နော်။

၈။ ဂျင်းဘောင်းဘီတို

play
 

ဒူးဆစ်နားတွေ၊ ခြေဖနောင့်နားတွေမှာ စုတ်ပြဲနေတဲ့ဘောင်းဘီကို ပေါင်နေရာလောက်ကဖြတ်ပြီး ဒီနေ့ခေတ်မှာ ခေတ်စားနေတဲ့ ဘောင်းဘီတိုစတိုင်လ်တစ်မျိုးကို ဖန်တီးလို့ရပါတယ်။ မိမိရဲ့ ပေါင်တံအလှကို ဖန်တီးနိုင်သလို အလေအလွင့်လည်း မရှိတော့ဘူးပေါ့။

၉။ ဂျင်းလက်ကိုင်အိတ်

play
 

ဂျင်းဘောင်းဘီအဟောင်း ဖြတ်စလေးတွေကို ပြန်စုပြီး ပေါင်းချုပ်လိုက်မယ်ဆိုရင် အခုလိုလှပတဲ့ ဂျင်းလက်ကိုင်အိတ် လေးတစ်လုံးကို ရရှိမှာပါ။ ဒီ ဒီဇိုင်းလေးကလန်းတော့ မိန်းကလေးတွေ ဈေးဝယ်ထွက်ရင် သုံးလို့အဆင်ပြေနိုင်ပါတယ်။

Source: Youngisthan

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ