AD
AD
AD

ရုံးဖွင့်ရက်တွေမှာ အိပ်ယာကလည်း နိုးနေပြီ။ ဒါပေမယ့် အိပ်ယာထဲက မထချင်သေးဘဲ တလူးလူးတလှိမ့်လှိမ့် ဖြစ်နေမိတယ်။ ဒါဆိုရင် ဒါဟာ မှားယွင်းတဲ့အလုပ်အကိုင်လမ်းကြောင်းပေါ်မှာ (တနည်းအားဖြင့် မိမိ မပျော်တဲ့ အလုပ်တစ်ခုမှာ) လုပ်နေမိတဲ့ လက္ခဏာတစ်ခုပါပဲ။

play

 

ဒါမှမဟုတ် ဘဝကို လုံးဝကြီး ညည်းငွေ့စိတ်ပျက်မသွားမီ နောက်ကို ခြေတစ်လှမ်းလောက်ဆုတ်ပြီး ပြန်လည်စမ်းစစ်ဖို့ လိုအပ်နေပြီလို့ ထင်ပါတယ်။ ဒီလိုအခြေအနေမျိုး ကြုံနေပြီဆိုရင် ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးရှိပါတယ်။ အဲဒါကတော့ ဂျပန်ရိုးရာ စာလုံးလေးတစ်လုံးကို ခေါင်းထဲ စွဲအောင် မှတ်ထားဖို့ပါပဲ။ အဲဒါကတော့ "ikigai" တဲ့။ အဲဒီစာလုံးလေးက ပျော်ရွှင်မှု၊ ကျန်းမာရေး၊ အလုပ်အကိုင်၊ ဘဝ အစရှိတဲ့ မေးခွန်းများစွာရဲ့အဖြေဖြစ်နေနိုင်ပါတယ်။

နောက်ခံသမိုင်းကြောင်း

play
 

တကယ်တမ်းကျတော့ "ikigai" ဆိုတာ ဂျပန်ရိုးရာဒဿနလေးပါပဲ။ ယဉ်ကျေးမှုထုံးလမ်းတွေ အလွန်မြင့်မားတဲ့ ဂျပန်ပြည်မှာ တွေးခေါ်စရာဒဿနလေးတွေ အများကြီးရှိပါတယ်။ "ikigai" ဆိုတဲ့ စကားလုံးကို ခွဲခြမ်းစိတ်ဖြာကြည့်လိုက်ရင် "ikiru" (ရှင်သန်မှု) ဆိုတဲ့စာလုံးနဲ့ "kai" (ဘာကိုလိုချင်တယ်ဆိုတာကို သဘောပေါက်နားလည်ခြင်း) ဆိုတဲ့ စာလုံးကို ပေါင်းစပ်ထားတာပါ။

 

အဲဒီအဓိပ္ပာယ်ဖွင့်ဆိုချက်လေးတွေကို ပေါင်းစပ်လိုက်ရင် "ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်" (တနည်းအားဖြင့် မနက်တိုင်း မနက်တိုင်းမှာ သင့်ကို အိပ်ယာထဲက လူးလဲထစေတဲ့အရာ) လို့ အဓိပ္ပာယ်ရပါတယ်။ နောက်တစ်မျိုးပြောရရင် "ikigai" ဆိုတဲ့ ဒဿနနောက်က အဓိပ္ပာယ်ဟာ ဘဝမှာရည်မှန်းချက်တစ်ခု ထားရှိဖို့ပါပဲ။

play

 

သိပ္ပံနည်းကျ သုတေသနတွေအရလည်း လူတစ်ယောက်ဟာ ရည်မှန်းချက်တစ်ခုတော့ ထားရှိမှ ဘဝမှာ နေရထိုင်ရတာ အဓိပ္ပာယ် ရှိပါလိမ့်မယ်လို့ ဆိုပါတယ်။

ဒါဆိုရင် လူတစ်ယောက်ဟာ "ikigai" ကိုရရှိဖို့ ဘယ်လိုလုပ်ဆောင်ရမလဲ။ အကြမ်းဖျင်းပြောရရင် "ikigai" ကိုရရှိဖို့အတွက် လူတစ်ယောက်ဟာ မိမိကိုယ်ကိုယ် မေးခွန်း (၄) ခု မေးရပါမယ်။ အဲဒီမေးခွန်းတွေကတော့ (၁) သင်ဘာလုပ်ရတာကို (သို့) ဘယ်အရာကို နှစ်နှစ်ကာကာ မြတ်နိုးပါသလဲ။ (၂) သင် ဘယ်အရာကို ကျွမ်းကျင်ပါသလဲ (၃) ကမ္ဘာကြီးကကော ဘာကို လိုအပ်နေပါသလဲ (၄) ဘယ်အလုပ်လုပ်ခြင်းဖြင့် ငွေရှာနိုင်သလဲ ဆိုပြီး ဖြစ်ပါတယ်။ ပြီးရင်တော့ အဲဒီမေးခွန်း (၄) ခုစလုံးနဲ့ ကိုက်ညီမယ့် အဖြေကို ရှာရုံပါပဲ။

play

 

ဒီမေးခွန်းတွေအားလုံးကို ဖြေပြီးရင် အလုပ်ထဲမှာပိုပြီး အာရုံစိုက်လာနိုင်သလို မိမိရဲ့လက်ရှိအလုပ်အကိုင် လမ်းကြောင်းကလည်း သင့်ကို "ikigai" (ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်) ကို ရရှိဖို့ အကူအညီ ပေးလာပါလိမ့်မယ်။ ဒါပေမယ့် ဂျပန်လူမျိုးတွေကတော့ ဒီလောက်နဲ့ မကျေနပ်ကြသေးပါဘူး။ ၂၀၁၀ ခုနှစ်တုံးက ဂျပန်လူမျိုး အမျိုးသားနဲ့ အမျိုးသမီး (၂၀၀၀) လောက်ကို ဆာဗေးဆင်းခဲ့ရာမှာ (၃၁) ရာခိုင်နှုန်း လောက်က သူတို့ရဲ့အလုပ်ဟာ သူတို့ရှင်သန်ရခြင်းရဲ့ အဓိပ္ပာယ်ဖြစ်တယ်လို့ ဆိုကြပါတယ်။

တကယ်တမ်းကျတော့ "ikigai" ရဲ့ ဆိုလိုရင်းက ရုံးချိန် မနက် (၉) နာရီကနေ ညနေ (၅) နာရီအတွင်းပဲ အလုပ်ကိုဖိလုပ်တယ်ဆိုတာထက်တော့ အများကြီးပိုပါတယ်။ "ikigai" ကို တကယ်ရရှိသွားသူတွေဟာ အလုပ်မှာအဆင်ပြေရုံသာမက မိမိကိုယ်ကိုယ်လည်း အပြည့်အဝ နားလည်သဘောပေါက်သွားပါလိမ့်မယ်။ နောက်ပြီး မိသားစုတို့၊ သူငယ်ချင်းတို့အပေါ်မှာ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ရှိလာရုံသာမက သံယောဇဉ်လည်း ပိုမိုခိုင်မာလာပါလိမ့်မယ်။

ဒီဒဿနနလေးကို အသုံးချပြီး မိမိဘဝရဲ့အဓိပ္ပာယ်ကို ကိုယ်တိုင်ရှာဖွေကြည့်လိုက်ပါ။ မကြာခင်မှာ မနက်မိုးလင်းလို့ မျက်စိ (၂) လုံးပွင့်လာတိုင်း ညည်းငွေ့စိတ်ပျက်ဖွယ် ယန္တရားကြီးထဲမှာ လည်ပတ်နေရတဲ့ ခွေးသွားစိတ်လေးလို ခံစားနေရမှုတွေ ပျောက်ကွယ်သွားမှာပါ။ မနက်တိုင်း အားအင်အပြည့်နဲ့ မိမိရဲ့အိမ်မက်နောက်ကို လိုက်နိုင်လာမှာပါ။

Source: Reader's Digest

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD