AD
AD
AD

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်းဟာ အာဏာရှင်တစ်ဦးအဖြစ်ထင်ရှားပြီး သူ့ရဲ့စစ်အင်အားတွေ၊ အာဏာတွေကို သူ့ရဲ့အလိုဆန္ဒတွေကို ဖြည့်ဆည်းဖို့နဲ့ သူလုပ်ချင်တာတွေကိုလုပ်ဖို့ အသုံးချတယ်လို့လည်း နာမည်ကြီးပါတယ်။ သူ့ရဲ့တားမြစ်မှုကြောင့် မြောက်ကိုရီးယားပြည်သူတွေဟာ အွန်လိုင်းသုံးခွင့်မရှိ၊ သူတို့အမြင်တွေကို လွတ်လပ်စွာထုတ်ဖော်ခွင့်မရှိသလို သီချင်းနားထောင်ခွင့်တောင် မရှိပါဘူးတဲ့။

play

 

ကင်ဂျုံအမ်းဟာ ဇိမ်ခံပစ္စည်းတွေပေါ်မှာ ငွေကြေးများစွာကို အသုံးပြုလေ့ရှိပြီး နန်းတော် (၁၇) လုံး၊ ကားအစီး (၁၀၀)၊ စန္ဒရားအလုံးရေများစွာတို့ကို ပိုင်ဆိုင်ပါသတဲ့။ အဲဒါတွေအပြင် ကင် ပိုင်ဆိုင်တဲ့ အံ့သြဖွယ်ပိုင်ဆိုင်မှုတွေကတော့...

၁။ လေတပ်

play
 

ကင်ဂျုံအမ်းမှာ လေယာဉ်အစီး (၉၀၀) ကျော်ပိုင်ဆိုင်ပါတယ်။ အဲဒီလေယာဉ်တွေထဲမှာ မြေပြင်တိုက်ခိုက်ရေး လေယာဉ်၊ ဟယ်လီကော်ပတာ၊ တိုက်ပွဲဝင်ကုန်တင်လေယာဉ်၊ တိုက်လေယာဉ်တို့ ပါဝင်ပါတယ်။

၂။ ကိုယ်ပိုင်ကျွန်း

play
 

မြောက်ကိုရီးယားခေါင်းဆောင်လေးဟာ ကိုယ်ပိုင်ကျွန်းတွေကိုလည်း ပိုင်ဆိုင်သေးတယ်လို့ ဆိုကြပါတယ်။ အဲဒီကိုယ်ပိုင်ကျွန်းတွေရဲ့ တည်နေရာကိုလည်း လျှို့ဝှက်ထားပြီး လုံခြုံရေးတွေနဲ့ အချိန်ပြည့်အစောင့်ချထားပါသတဲ့။

၃။ Ryugyong hotel

play
 

Ryugyong ဟိုတယ်ဆိုတာ ကင်ဂျုံအမ်းရဲ့အဘိုးဖြစ်သူရဲ့ ညွှန်ကြားချက်နဲ့ ဆောက်လုပ်ထားတဲ့ (၁၀၅) ထပ်မြင့်တဲ့ ဟိုတယ်ကြီးပဲဖြစ်ပါတယ်။ ဒီဟိုတယ်ဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ဟိုတယ်တွေထဲမှာ တစ်ခုအပါအဝင်လည်း ဖြစ်ပါတယ်။

၎။ ရေငုပ်သင်္ဘောတွေ

မြောက်ကိုရီးယားခေါင်းဆောင်ကြီးဟာ ပင်လယ်ရေအောက်မှာ လက်ရှိအလုပ်လုပ်နေတဲ့ ရေငုပ်သင်္ဘောတွေအများကြီးကို ထိန်းချုပ်ထားပါတယ်။ တချို့ဘောစိတွေ ပြိုင်ကားတွေအများကြီး ဝယ်ကြ၊ ရူးကြသလို ကင်ဂျုံအမ်းကတော့ ရေငုပ်သင်္ဘောတွေကို ရူးသွပ်ပါတယ်။

၅။ Masikryong နှင်းလျှောစီးကွင်း

play
 

Masikryong နှင်းလျှောစီးကွင်းဟာ အမြင့် (၁၃၆၀) မီတာ မှာ တည်ရှိပါတယ်။ အဲဒီနှင်းလျှောစီးကွင်းနဲ့ ဟိုတယ်မှာ ရေကူးကန်တွေ၊ ဇိမ်ခံဟိုတယ်ခန်းတွေ၊ ရေခဲပြင်ဟော်ကီကစားကွင်းတွေ အစရှိသဖြင့် စိတ်ဝင်စားစရာ feature တွေအများကြီး ပါဝင်ပါတယ်။

ကင်ရဲ့အဲဒီအပန်းဖြေစခန်းမှာ သွားရောက်အပန်းဖြေချင်တယ်ဆိုရင် စစ်တပ်ရဲ့တင်းကြပ်တဲ့ စောင့်ကြည့်မှုအောက်မှာ သွားရောက်လည်ပတ်နိုင်ပါတယ်။ အဲဒီအပန်းဖြေစခန်းကို လူ (၅၀၀၀) ကျော်လောက် သွားရောက်လည်ပတ်ခဲ့ကြပြီးပါပြီ။

 

၆။ စစ်သင်္ဘောတွေ

play
 

ကင်ဂျုံအမ်း စွဲလမ်းရူးသွပ်တဲ့အရာ နောက်တစ်ခုရှိပါသေးတယ်။ အဲဒါကတော့ စစ်သဘောင်္ာတွေပါပဲ။ ခေါင်းဆောင်ကြီးဟာ အမျိုးအစားစုံလင်တဲ့ စစ်သင်္ဘောတွေ အများကြီးကို ပိုင်ဆိုင်ထားပါတယ်။

၇။ ကိုယ်ပိုင်ရွက်သင်္ဘော

play
 

ကင်ဂျုံအမ်းဟာ ပေ (၁၀၀) ကျော်ရှည်ပြီး အမေရိကန်ဒေါ်လာ (၇) သန်းတန်တဲ့ ကိုယ်ပိုင်ရွက်သင်္ဘော တစ်စင်းကိုလည်း ပိုင်ဆိုင်ပါသေးတယ်။ အဲဒီသင်္ဘောဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ရွက်သင်္ဘောတစ်စင်းဖြစ်သလို ခေါင်းဆောင်ကြီးကလည်း အဲဒီသင်္ဘောပေါ်မှာ အချိန်ဖြုန်းရတာကို အလွန်နှစ်သက်ပါတယ်။

၈။ ကိုယ်ပိုင်ဇိမ်ခံလေယာဉ်

play
 

သူ့မှာ ဇိမ်ခံပစ္စည်းတွေ၊ လေယာဉ်မယ်ချောချောလေးတွေ အပြည့်တင်ထားတဲ့ ကိုယ်ပိုင်ဇိမ်ခံ လေယာဉ်တစ်စင်းကိုလည်း ပိုင်ဆိုင်ပါသေးတယ်။

Source: Youngisthan

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD