Lifestyle: ခွန်အားနဲ့ အာရုံစူးစိုက်မှုကို တိုးတက်စေတဲ့ နည်းလမ်းလေးများ

ကော်ဖီထဲမှာ ပါဝင်တဲ့ ကဖင်းဓာတ်နဲ့ အလားတူစွာ ခန္ဓာကိုယ်အတွက် စွမ်းအင်နဲ့ အာရုံစူးစိုက်မှုကို ရရှိစေနိုင်တဲ့ နည်းလမ်းလေးတွေ ရှိနေပါသေးတယ်။

မနက်ခင်းအချိန်မှာ ကော်ဖီသောက်ရတာ တကယ်ကောင်းတဲ့အရသာပါ။ ကော်ဖီမွှေးမွှေးလေးရဲ့ ရနံ့နဲ့ အရသာဟာ တစ်နေ့တာလုံးအတွက် လိုအပ်တဲ့ အားအင်နဲ့ အာရုံစူးစိုက်မှုတွေကို ရရှိစေနိုင်ပါတယ်။ ကော်ဖီကို တကယ်စွဲလမ်းသူတွေဆိုရင် ဆေးလိပ်စွဲနေသလိုပါပဲ။

play

 

ကော်ဖီသောက်ချိန် ရောက်ပြီဆိုရင်ပဲ ကော်ဖီမသောက်ရရင် နေမထိ ထိုင်မသာ ဖြစ်လာတတ်ပါတယ်။ တကယ်တော့ ကော်ဖီထဲမှာ ပါဝင်တဲ့ ကဖင်းဓာတ်နဲ့ အလားတူစွာ ခန္ဓာကိုယ်အတွက် စွမ်းအင်နဲ့ အာရုံစူးစိုက်မှုကို ရရှိစေနိုင်တဲ့ နည်းလမ်းလေးတွေ ရှိနေပါသေးတယ်။

၁။ ကီဝီသီးစားမယ်

play
 

ဒီအမွှေးပွသီးလေးကတော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ဖြည့်စွမ်းပေးနိုင်တဲ့ ဗိုက်တာမင်တွေ၊ သတ္ထုဓာတ်တွေနဲ့ ပြည့်နေတဲ့ သစ်သီးဝလံလေးတွေပဲ ဖြစ်ပါတယ်။ ဥပမာ... ဗိုက်တာမင်စီတို့၊ ပိုတက်စီယမ်တို့ပေါ့။ နောက်ပြီး ကမ္ဘာပေါ်မှာ လူစားအများဆုံး သစ်သီးဝလံ (၂၇) မျိုးစာရင်းထဲမှာတောင် ကီဝီသီးက အာဟာရတန်ဖိုး အပြည့်ဝဆုံးထဲမှာ ပါပါတယ်။

သုတေသီတွေက ပြောထားတာကတော့ တစ်နေ့ကို ကီဝီသီး (၂) လုံး စားပေးမယ်ဆိုရင် မောပန်းနွမ်းနယ်ခြင်းနဲ့ စိတ်ဓာတ်ကျဆင်းခြင်း ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။ ပြီးတော့ ခွန်အားကိုလည်း တိုးစေပါတယ်တဲ့။

၂။ ပျားဝတ်မှုန်သောက်မယ်

play
 

The Beauty Detox Foods စာအုပ်ကို ရေးတဲ့ စာရေးဆရာမ Kimberly Snyder ကတော့ "ဇွန်းတစ်ချောင်းထဲက ခွန်အားတိုးဆေး" လို့ သူမနာမည်ပေးထားတဲ့ အရာလေးကို အကြံပြုထားပါတယ်။ ဒါကတော့ ပျားဝတ်မှုန် (Bee Pollen) ပါ။ ပျားဝတ်မှုန် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို အုန်းဆီနည်းနည်းးရောပြီး သောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ရရှိစေနိုင်ပါတယ်။ ပျားဝတ်မှုန်ထဲမှာ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေပါဝင်ပြီး အထူးသဖြင့် သက်လုံနဲ့ အာရုံစူးစိုက်နိုင်စွမ်းကို တိုးမြင့်စေနိုင်ပါတယ်။

 

၃။ မနက်စာကောင်းကောင်း စားပေးမယ်

play
 

မနက်စာဟာ တစ်နေ့တာလုံးမှာ အရေးအကြီးဆုံး အစားအစာတစ်နပ်ပါပဲ။ အဲဒီအဆိုကို ထောက်ခံနေတဲ့ သိပ္ပံနည်းကျ အချက်အလက် တွေလည်း ရှိပါတယ်။ International Journal of Food Sciences and Nutrition ထဲမှာ ဖော်ပြထားတဲ့ လေ့လာမှုတစ်ခုအရဆိုရင် မနက်စာကောင်းကောင်းစားသူတွေဟာ စိတ်ဖိစီးမှုနည်းပါးပြီး အာရုံစူးစိုက်နိုင်စွမ်းလည်း ပိုမိုကောင်းမွန်ပါတယ်တဲ့။

၎။ ရေအေးနဲ့ ရေချိုးပေးမယ်

play
 

ညနေရုံးဆင်းချိန်မှာ ရေနွေးနွေးလေးနဲ့ ရေချိုးပေးရတာ (သို့) ရေနွေးကန်ထဲမှာ ရေစိမ်ပေးရတာ သိပ်ကောင်းတဲ့အရသာပါ။ ဒါပေမယ့် မနက်ခင်းအချိန်မှာ ရေအေးအေးနဲ့ စကော့ခ်ျစတိုင်လ် ရေချိုးပေးခြင်းကလည်း ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်နဲ့ အာရုံစူးစိုက်မှုတွေကို ရရှိစေနိုင်ပါတယ်။

မနက်ခင်းအချိန်မှာ ရေချိုးခြင်းက စိတ်ကိုလန်းဆန်းတက်ကြွစေပြီး တစ်နေ့တာ လုပ်ဆောင်မှုတွေကို လုပ်ဆောင်နိုင်ဖို့အတွက် ခွန်အားကိုလည်း ပေးစွမ်းနိုင်ပါတယ်လို့ Medical Daily ဂျာနယ်မှာ ဆိုထားပါသေးတယ်။ ရေအေးနဲ့ ထိတွေ့လိုက်ခြင်းက အသက်ရှူနှုန်းကို ပိုမိုမြန်ဆန်စေပြီး အောက်ဆီဂျင်တွေကို ခန္ဓာကိုယ်ထဲကို ပိုမိုလျင်မြန်စွာ၊ ပိုမိုများပြားစွာ ရောက်စေနိုင်တဲ့အတွက် ခန္ဓာကိုယ်ခုခံအားစနစ်ရဲ့ အလိုအလျောက်တုံ့ပြန်မှုအရ စွမ်းအင်တွေ ထွက်လာတာလို့ ဆိုပါတယ်။

၅။ နားရွက်နောက်ဘက်ကို ပွတ်ပေးမယ်

play
 

တရုပ်ရိုးရာရှေးဟောင်းဆေးနည်းတစ်မျိုးအရတော့ နားရွက်နောက်ဘက်မှာ ခန္ဓာကိုယ်စွမ်းအင်နဲ့ ဆိုင်တဲ့ သွေးကြောတချို့ စုနေတဲ့အတွက် နားနောက်ပိုင်းကို အသာအယာ ပွတ်သပ်နှိပ်နယ်ပေးမယ်ဆိုရင် ခန္ဓာကိုယ်သွေးလည်ပတ်မှုကို ပိုမိုမြန်ဆန်စေပြီး စွမ်းအင်တွေကို ထုတ်လွှတ်ပေးနိုင်ပါတယ်။

ဒီလိုနှိပ်ဖို့အတွက် တရုပ်သိုင်းကားတွေထဲကလို အကြောပိတ်ပညာတွေ၊ အကြောပြင်ပညာတွေလည်း တတ်ဖို့ မလိုပါဘူး။ လက်ချောင်းလေးတွေကိုပဲသုံးပြီး နားနောက်ဘက်က နေရာလေးကို ပွတ်သပ်နှိပ်နယ်ပေးရုံပါပဲ။ ဒီနည်းလမ်းလေးက ကဖင်းဓာတ်မလိုဘဲ ခွန်အားနဲ့ အာရုံစူးစိုက်မှုကို တိုးစေနိုင်ပါတယ်။

Source: Reader's Digest

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ