AD
AD
AD

ဒစ်ဂျစ်တယ်ခေတ်ကြီးထဲမှာ လူတွေရဲ့ အိပ်စက်ပုံ၊ လူနေမှုဘဝပုံစံတွေလည်း ပြောင်းလဲလာတာ အမှန်ပါပဲ။ ၉၀ ပြည့်နှစ်တွေတုံးကလို တီဗီအစီအစဉ်တွေကိုပဲ အားပြုကြည့်ရတဲ့ အချိန်တွေတုံးက ည (၁၀) နာရီ ဝန်းကျင် တီဗီအစီအစဉ်တွေပြီးရင် အိပ်စက်ကြပြီ ဖြစ်ပါတယ်။

play

 

ဒီနေ့ခေတ်လို မီဒီယာပုံစံတွေ ပြောင်းလဲလာပြီးနောက်မှာ လူတွေရဲ့ အိပ်စက်ချိန်နဲ့ အိပ်စက်ပုံတွေလည်း ပြောင်းလဲလာခဲ့ပါတယ်။ ဒစ်ဂျစ်တယ်လှိုင်းရဲ့ ရိုက်ခတ်မှုလို့ပဲ ပြောရမလားမသိပေမယ့် ညအချိန် အိပ်စက်ရခက်ခဲတဲ့ ရောဂါဟာ မြို့ပြနေလူတန်းစားတွေကို ထိပါးနှောင့်ယှက်နေပါတယ်။ အောက်ဖော်ပြပါအချက်တွေ ဖြစ်နေပြီဆိုရင်တော့ ဒီနေ့ည သင်အိပ်ရေးပျက်ဖို့ သေချာသလောက် ရှိနေပါပြီ။

၁။ ဒီနေ့ လေ့ကျင့်ခန်းမလုပ်မိဘူး

play
 

လေ့လာမှုတစ်ခုအရ အိပ်စက်ရခက်ခဲတဲ့ ရောဂါရှိတဲ့ အရွယ်ရောက်သူတွေဟာ နေ့စဉ်ပုံမှန် အေရိုးဗစ်ကစားပေးမယ်ဆိုရင် အိပ်စက်ရပိုမိုလွယ်ကူလာပြီး အချိန်ပိုမိုကြာရှည်စွာ အိပ်စက်လာနိုင်စေတာကိုလည်း တွေ့ရှိရပါတယ်။ အဲဒီလိုလေ့ကျင့်ခန်း လုပ်ဖို့အတွက် အကောင်းဆုံးအချိန်ကလည်း မနက်ခင်းအချိန်ဖြစ်တယ်လို့ သိရပါတယ်။

တကယ်လို့ သင်ဟာ မနက်ခင်းအချိန်မှာ ပုံမှန်လေ့ကျင့်ခန်းလုပ်နေကျဖြစ်ပြီး ဒီနေ့ လေ့ကျင့်ခန်းလုပ်ဖို့ မေ့လျော့သွားတယ် ဆိုရင်တော့ ညအချိန်မှာ အိပ်စက်ရ ခက်ခဲနိုင်ပါတယ်။

၂။ ဟော်မုန်းပြောင်းလဲမယ်

play
 

အမျိုးသမီးတွေ ဓမ္မတာလာချိန် ဟော်မုန်းပြောင်းလဲမှုကြောင့် ကိုက်ခဲနေချိန်မှာ ညအချိန်အိပ်စက်ရခက်ခဲနိုင်ပါတယ်။ ဟော်မုန်းပြောင်းလဲမှုကြောင့် ခေါင်းကိုက်ခြင်း၊ ကိုက်ခဲခြင်းနဲ့ အပူချိန်တက်ခြင်းတို့ကြောင့် အမျိုးသမီးတွေဟာ အိပ်လို့မပျော် ဖြစ်စေနိုင်တာပါ။ အမျိးသားတွေမှာလည်း ဟော်မုန်းပြောင်းလဲနေချိန်မှာ အိပ်စက်ရခက်ခဲတဲ့ အတွေ့အကြုံမျိုး ရှိနိုင်ပါတယ်။

၃။ အိပ်ယာမဝင်ခင် လူမှုကွန်ရက်တွေသုံးတယ်

play
 

ဒီနေ့ခေတ်မှာ Facebook တို့၊ Twitter တို့လို လူမှုကွန်ရက်တွေနဲ့ မျက်နှာသစ်တာဟာ မဆန်းတော့သလို ညအိပ်ခါနီး လူမှုကွန်ရက်တွေပေါ်မှာ ဟိုကြည့်ဒီကြည့် လုပ်တတ်တာဟာလည်း သဘာဝပါပဲ။ ဒါပေမယ့် လူမှုကွန်ရက်ဆိုတဲ့ သဘောကိုက စွဲဆောင်နိုင်စွမ်းရှိတော့ သင့်ရဲ့ညအိပ်ချိန်တွေဟာ ပုံမှန်ထက် ဉာဉ့်နက်နေမှာ အမှန်ပါပဲ။

နောက်တစ်ခုက လူမှုကွန်ရက် အသုံးပြုရာမှာ ကြားခံနယ်ဖြစ်တဲ့ ဖုန်းတို့၊ Tablet တို့၊ လက်ပ်တော့ကွန်ပျူတာတို့က ထွက်တဲ့ အပြာရောင်အလင်း (Blue Light) တွေဟာ မျက်စိနဲ့ အာရုံကြောကို အနှောင့်အယှက်ပေးနိုင်ပြီး ခန္ဓာကိုယ်ကို အိပ်ချိန်တန်ပြီလို့ လှုံ့ဆော်ပေးမယ့် မယ်လာတိုနင်ဆိုတဲ့ ဟော်မုန်းထွက်မလာအောင်လည်း တားဆီးထားနိုင်ပါတယ်။ ဒါကြောင့် ညဘက် Facebook ပွတ်တတ်တဲ့အကျင့်ရှိရင် နည်းနည်းလေး ပြင်ကြည့်လိုက်ပါ။ ပိုပြီး စားဝင်အိပ်ပျော်လာပါလိမ့်မယ်။

 

၎။ တစ်နေ့တာလုံး နေရောင်မမြင်ရဘူး

play
 

နေရောင်ခြည်ဟာ ခရစ်တွန်ဂြိုဟ်သားတွေဖြစ်တဲ့ Superman တို့၊ Supergirl တို့ကိုပဲ စွမ်းအားပေးနိုင်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့လို သာမန်လူသားတွေကိုလည်း စွမ်းအင်ပေးစွမ်းနိုင်ပါတယ်။ နေ့အချိန်မှာ နေရောင်ခြည်နဲ့ ထိတွေ့ပေးမယ်ဆိုရင် ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိနိုင်ရုံသာမက ညဘက်မှာ ကောင်းမွန်စွာအိပ်ပျော်နိုင်အောင်လည်း အထောက်အကူ ပေးပါတယ်။ တကယ်လို့ သင့်ရဲ့အလုပ်ဟာ မှောင်မိုက်ပြီး နေရောင်မမြင်ရတဲ့ နေရာမှာ တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်ရတယ်ဆိုရင်တော့ ညအချိန်မှာ အိပ်ပျော်ဖို့ ခဲယဉ်းမှာပါ။

၅။ စိတ်ဖိစီးမှု အရမ်းများနေတယ်

play
 

အလုပ်စိတ်ဖိစီးမှုတွေ၊ မိသားစု စိတ်ဖိစီးမှုတွေ၊ လူမှုရေးစိတ်ဖိစီးမှုတွေ များလွန်းတဲ့ လူတစ်ယောက်ဟာ ကောင်းကောင်း အိပ်မပျော်နိုင်တာဟာ အံ့သြဖွယ်တော့ မဟုတ်ပါဘူး။ အနည်းဆုံးတော့ သူ့မှာ တွေးစရာအများကြီးရှိနေမှာပါပဲ။ စိတ်ဖိစီးမှုရဲ့ နောက်ဆက်တွဲတွေဖြစ်တဲ့ ပင်ပန်းခြင်း၊ ဒေါသထွက်ခြင်း၊ သောကများခြင်း အစရှိတဲ့ စိတ်ဝေဒနာတွေ ဖိစီးနှိပ်စက်ပြီး အိပ်စက်ရ ခက်ခဲစေမှာပါ။

စိတ်ဖိစီးမှုများလွန်းတဲ့ နေ့တစ်နေ့မှာ ကောင်းကောင်းအိပ်ပျော်ချင်တယ်ဆိုရင်တော့ ညအိပ်ခါနီးမှာ တရားထိုင်ပေးတာတို့၊ ဟာသကားတစ်ခုခုကြည့်ပြီး စိတ်ဖိစီးမှုတွေကို ရှင်းပစ်တာတို့နဲ့ ဖြေရှင်းနိုင်ပါတယ်။

Source: Reader's Digest

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD