AD
AD
AD

အွန်လိုင်းခေတ်ကြီးထဲမှာ တစ်ခုခုလိုရင် အရင်ဆုံး အင်တာနက်ဖွင့်လိုက်ကြတာပဲမဟုတ်လား။ တချို့ဆိုင်တွေကလည်း အွန်လိုင်းမှာ ၊ ဖေ့စ်ဘုတ်မှာ ရောင်းနေကြတယ်လေ။ အွန်လိုင်းပေါ်ကနေ ပရိဘောဂပစ္စည်းတွေ မှာမယ်ဆိုရင် ဒါလေးတွေကို မှတ်ထားလိုက်ပါ။

play

 

၁။ အပြင်ကပုံ

ပုံထဲမှာပြထားတော့ တောက်ပြောင်ပြီး ဒီဇိုင်းက အရမ်းလှတာ၊ တကယ်ရောက်လာတော့ ကွာလတီက စုတ်ပြတ်နေတာမျိုး ခဏခဏမြင်နေရတယ်နော်။ ဒါကြောင့် ရောင်းတဲ့လူကို အပြင်ကပုံ ရိုက်ပြဖို့ပဲပြောပါ။ အပြင်ပုံကိုမြင်ရမှပဲ ၀ယ်ပါ။

 

၂။ အရွယ်အစား

အလျား၊ အနံ၊ အမြင့် စတာတွေကို သေသေချာချာကြည့်ပါ။ ဆိုဖာတွေဆိုလည်း ထုက ဘယ်လောက်ရှိသလဲဆိုတာပါ သေသေချာချာ ကြည့်ရှုမေးမြန်းဖို့လိုမယ်။ ဝယ်ပြီးမှ နေရာနဲ့မဆံ့ဘူးဆို ကြေကွဲပြီလေ။

play

 

၃။ တပ်ဆင်ဖို့လည်းစဉ်းစားပါ

အွန်လိုင်းကနေ မှာလိုက်တဲ့အခါ ဗီရိုတွေ၊ စားပွဲတွေဟာ တပ်ဆင်ပြီးသားအတိုင်း ရောက်လာမှာ မဟုတ်ပါဘူး။ အဲ့ဒီတော့ သူတို့ကိုတစ်ခါတည်းမေးကြည့်ပါ အိမ်အရောက်တပ်ဆင်ပေးမှာလားဆိုတာ။

Postby

 

၎။ တစ်နေရာတည်းမကြည့်နဲ့

ပေ့ခ်ျ၊ ဝက်ဘ်ဆိုက် တစ်ခုတည်းကနေ ကြည့်ပြီး မမှာလိုက်နဲ့ဦး။ တခြားပေ့ခ်ျတွေ ဝက်ဘ်ဆိုက်တွေကိုကြည့်ပြီးမှ ဈေးပိုတန် ပစ္စည်းပိုမှန်တဲ့ဆီက ဝယ်ပါ။ အလျင်စလို မဆုံးဖြတ်သင့်ဘူးနော်။

play

 

၅။ ပေါ်လစီ

အနာအဆာရှိရင် ပြန်လဲလို့ ရမရ၊ အာမခံချက်ကိုလည်း သေသေချာချာလေး မေးထားရမယ်။ ဝယ်ပြီးလို့ အနာအဆာကြီးနဲ့ ရောက်လာပြီးတာတောင် ပြန်လဲလို့မရဘူးဆိုရင် ကိုယ်ပဲနစ်နာမှာပါ။

Source : Gadgets

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD